Monthly Archives: August 2020

Uncategorizedသတင်း


31.8.2020 ရက်နေ့၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကပ်လှူပါတယ်။ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းမြို့၊ ဒေါ်အေးကြည်နှင့် ရပ်ကွက်သူရပ်ကွက်သားများမှ ဓမ္မသဟာယကျောင်း နာယကဆရာတော် အရှင်ဝီရသူအတွက် နဝကမ္မ၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်များ လာရောက်လှူဒါန်းကြတာ ဖြစ်ပါတယ်။ လှူဖွယ်အစုစုအတွက် ဆရာတော့်ကိုယ်စား ဓမ္မသဟာယကျောင်း အရှင်ဝါသေဋ္ဌ-သာသနဓဇ ဓမ္မာစရိယ မှ သာဓုအနုဒနာ ဆုပေးချီးမြှင့်တော်မူပါတယ်။ နမ့်မွန်းသူ နမ့်မွန်းသား အလှူရှင်များနှင့်တကွ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ “ဝါဆိုသင်္ကန်းအလှူတော်” 31.8.2020 ရက်နေ့၊ မန္တလေးမြို့၊ ...
Uncategorizedဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁)“စဏ္ဍာလနှင့် သမဏကျင့်စဉ်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်) စာရေးသူတို့မှာ စာလုပ်ဖော်(သူငယ်ချင်း) ငါးပါးရှိပါသည်။ အကြီးဆုံးသည် ဆရာသမားလို နောင်တော်ကြီးလို အလေးဂရုပြုအပ်သူ ဖြစ်သောကြောင့် သူငယ်ချင်းဟု မဆိုသာပေ။ ရွယ်တူလေးပါးရှိရာတွင် နှစ်ပါးမှာ မစိုးရိမ်တိုက်သစ် နာယကဆရာတော်များဖြစ်ကာ ကျန်နှစ်ပါးမှာ အခြားမြို့များရှိ စာသင်တိုက်များ၌ ပဓာနနာယကနှင့် ကျောင်းထိုင်စာချများအဖြစ် ပရိယတ္တိနယ်မှာ ထင်ရှားကြပေသည်။ စာသင်သားဘဝမှာ သွားအတူ စားအတူ စာကျက်အတူဖြစ်သဖြင့် လွန်စွာရင်းနီးကြပေသည်။ လေးပါးလုံးမှာ ပင်ကိုယ်စရိုက်ကိုယ်စီရှိကြသော်လည်း တူညီသောအချက်မှာ အသောက်အစား လောင်းကစား ကင်းကြခြင်းပင်။ လေးပါးလုံး ...
Uncategorizedဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀)

“ ကျောင်းသန့်ရှင်းရေး ကုသိုလ်တော်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်) စာရေးသူသည် ငယ်စဉ်ကတည်းက သေနာသနဝတ် (ကျောင်းသန့်ရှင်းရေးကုသိုလ်)မြဲသူ ဖြစ်ပါသည်။ အခိုက်အတန့်သာ နေထိုင်ရသည့်ကျောင်း ဖြစ်စေကာမူ သန့်ရှင်းရေးဝတ်မပျက်ခဲ့ပါ။ တံမြက်စည်းလှည်းခြင်းအလုပ်ကို အမြဲလုပ်ပါသည်။ စာကျက်ရင်း ကြမ်းတိုက်ပါသည်။ သင်္ကန်းစုတ်ကို ခြေနှစ်ဖက်ဖြင့်နင်းထားပြီး တစ်လှမ်းချင်း ပွတ်ဆွဲလမ်းလျှောက်ကာ စာကျက်ခြင်း စာပြန်ခြင်းအလုပ်ကို လုပ်လေ့ရှိပါသည်။ ချောမွေ့ပြောင်လက်လာသော ကြမ်းခင်းများကိုကြည့်၍ ဓမ္မပီတိဖြစ်ရသလို မိမိမရောက်ခင်နှင့် မိမိရောက်ပြီး မကြာမီကာလတို့ကို ပြန်လည်သုံးသပ်ကြည့်မိသည့်အခါတိုင်းမှာလည်း အားရကျေနပ်မှု ရရှိခဲ့သည်သာ ဖြစ်ပါသည်။ယုတ်စွအဆုံး ညအိပ်ညနေ တရားဟောကြွရသည့်အခါမျိုးမှာပင် တဒင်္ဂတည်းခိုရာကျောင်းကို ကိုယ်တိုင်ကြမ်းတိုက်ခဲ့ပါသည်။ တပည့်များက ...
Uncategorizedဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉)“အားငယ်စရာ ဘုန်းကြီးဘဝနှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်) စာရေးသူ ပိုက်ဆံမကိုင်ပါ။ အကြောင်းကား အထင်သေး မခံနိုင်သောကြောင့် ဖြစ်ပါသည်။ ပိုက်ဆံ မကိုင်သော်လည်း စာရင်းတော့ ကိုင်ပါသည်။ နေ့စဉ် စာရင်းစစ်ပါသည်။ ဘဏ္ဍာထိန်း တပည့်များက ငွေစာရင်း နေ့စဉ် တင်ရပါသည်။ နေ့စဉ် ဝင်ငွေများကို တင်ပြရခြင်းပင်။ တရားပွဲမှ ပြန်လာပြီဆိုလျှင် ဓမ္မပူဇာငွေက မည်မျှ၊ နဝကမ္မငွေက မည်မျှဆိုသည်ကို ရက်စွဲများဖြင့် စာရင်းအတိအကျ စာရေးသူထံ တင်ရပါသည်။ ထို့အတူ ...
သတင်း

“သဟာယဝါဆိုသံဃာတော်များအား သြဝါဒချီးမြှင့်”

ဒုတိယဝါဆိုလဆုတ် ၃ရက်၊ 6.8.2020 ရက်နေ့၊ နံနက် ၆း၀၀နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၌ ဝါကပ်တော်မူကြသော စာသင်သားသံဃာတော်များအား မစိုးရိမ်တိုက်သစ်၊ ဓမ္မဝိမုတ္တိရသကျောင်းနာယကဆရာတော် အရှင်သူရိယာဘိဝံသမှ ဝါဆိုသြဝါဒ ကြွရောက်ချီးမြှောက်တော်မူတာ ဖြစ်ပါတယ်။ ဆရာသမားမရှိပေမယ့် ဆရာသမားရှိသလိုပဲ နေထိုင် သွားလာ လုပ်ဆောင်ကြရန်၊မိမိဘဝအောင်မြင်ရေးအတွက် ကျောင်းတိုက်စည်းကမ်းကို လိုက်နာကြရန်၊ကျောင်းတိုက်မှ ပေးအပ်သောတာဝန်များ ကျေပွန်စွာ ထမ်းဆောင်ကြရန်၊တစ်နေ့တာ လုပ်ငန်းဆောင်တာများ လွယ်ကူသက်သာဆောင်ရွက်နိုင်ရန် စောစောအိပ်ရန်နှင့် ကိုဗစ်ကာလဖြစ်လို့ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် စသည်ဖြင့် ဆုံးမသြဝါဒများ မိန့်ကြားချီးမြှောက်တော်မူပါတယ်။ အရှင်သူရိုယာဘိဝံသ သည် ဆရာတော်ဦးဝီရသူမရှိတဲ့နောက်ပိုင်း သဟာယကျောင်းကို ...
ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈)

“ရုပ်ပွားတော်ကို ပူဇော်နည်း” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်) ပိဋကတ်တော်၌ အဂါရဝတရား သဂါရဝတရားများကို မြတ်စွာဘုရား ဟောကြားတော်မူထားပြီး ဖြစ်သည်။ အဂါရဝဆိုသည်မှာ မရိုသေမလေးစားခြင်းဖြစ်ကာ သဂါရဝဆိုသည်မှာ ရိုသေလေးစားခြင်း ဖြစ်သည်။ မရိုသေလျှင် မရိုသေသည့်အလျောက် အကုသိုလ်အပြစ်ဖြစ်ကာ ရိုသေလျှင် ရိုသေသည့်အလျောက် ကုသိုလ်တရားများ တိုးပွားကြသည်သာ ဖြစ်သည်။ မရိုသေခြင်းသည် မပြောပလောက်သည့် အကုသိုလ် အသေးအဖွဲလေးမျှပင် ဖြစ်သော်လည်း စီးပွားရေးစသည့် လောကီရေးရာများမှာ ရှာဖွေသလောက် မရရှိခြင်း ဆုတ်ယုတ်ပျက်စီးဆုံးရှုံးခြင်းများ ကြုံရလောက်အောင် မကောင်းကျိုးများ ပေးလေ့ရှိသည်။ ရိုသေခြင်းသည်လည်း ထိုနည်းအတူပင်။ အနည်းငယ်သော ကုသိုလ်အသေးအဖွဲလေးမျှပင် ...
သတင်း

“မစိုးရိမ်တိုက်သစ်၊ ဝါဆိုသံဃာတော်များအား စာရေးကရိယာနှင့် နဝကမ္မ အလှူတော်”

၁၃၈၂ခုနှစ်၊ ဒုတိယဝါဆိုလဆုတ် ၁ ရက်၊ (4.8.2020)၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၌ ဝါဆိုဝါကပ်တော်မူကြကုန်သော နာယက၊ စာချ၊ စာသင် သံဃာတော် (၁၆၆၀)ပါးတို့အား ဗလာစာအုပ်၊ ဘောပင်၊ ဘလိတ်ဓား၊ ဆပ်ပြာမှုန့်၊ မျက်စဉ်းနှင့် နဝကမ္မများ ကပ်လှူကြပါတယ်။ အလှူရှင်များကမော်လမြိုင်မြို့၊ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မိသားစု၊ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ကိုရန်ကြီးအောင်+ဒေါ်တင်တင်မော် (မော်မော်ရွှေဆိုင်)မိသားစု၊ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ကိုမဲလုံး+ဒေါ်တင်မိုး မိသားစု တို့ ဖြစ်ပါတယ်။ နဂါးနီစုဘူးအသင်းသူအသင်းသားများနှင့် သဟာယ ၉၆၉အဖွဲ့သူ အဖွဲ့သားများက ဝေယျာဝစ္စကုသိုလ် ယူကြပါတယ်။ အလှူရှင်များနှင့်တကွ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ...
သတင်း


၁၃၈၂ခုနှစ်၊ ဒုတိယဝါဆိုလဆုတ် ၁ ရက်၊ (4.8.2020)၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၌ ဝါဆိုဝါကပ်တော်မူကြကုန်သော နာယက၊ စာချ၊ စာသင် သံဃာတော် (၁၆၆၀)ပါးတို့အား “ချစ်ရင်ခတ်” ရွှေမျက်စဉ်း တစ်ဘူးစီ လှူဒါန်းပါတယ်။ အလှူရှင်များက မော်လမြိုင်မြို့၊ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မိသားစုနှင့် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ကိုရန်ကြီးအောင်+ဒေါ်တင်တင်မော် (မော်မော်ရွှေဆိုင်)မိသားစုတို့ ဖြစ်ပါတယ်။ အလှူရှင်များနှင့်တကွ အနုမောဒနာပြုကြကုန်သော ပရိတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေသော်…ဝ်။ “ချစ်ရင်ခတ် ရွှေမျက်စဉ်းအလှူတော်” ၁၃၈၂ခုနှစ်၊ ဒုတိယဝါဆိုလဆုတ် ၁ ရက်၊ (4.8.2020)၊ မန္တလေးမြို့၊ ...