သတင်း



အလှူရှင်များက



“မစိုးရိမ်တိုက်သစ်၊ ဝါဆိုသံဃာတော်များအား စာရေးကရိယာနှင့် နဝကမ္မ အလှူတော်”

၁၃၈၂ခုနှစ်၊ ဒုတိယဝါဆိုလဆုတ် ၁ ရက်၊ (4.8.2020)၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၌ ဝါဆိုဝါကပ်တော်မူကြကုန်သော နာယက၊ စာချ၊ စာသင် သံဃာတော် (၁၆၆၀)ပါးတို့အား ဗလာစာအုပ်၊ ဘောပင်၊ ဘလိတ်ဓား၊ ဆပ်ပြာမှုန့်၊ မျက်စဉ်းနှင့် နဝကမ္မများ ကပ်လှူကြပါတယ်။

အလှူရှင်များက
မော်လမြိုင်မြို့၊ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မိသားစု၊
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ကိုရန်ကြီးအောင်+ဒေါ်တင်တင်မော် (မော်မော်ရွှေဆိုင်)မိသားစု၊
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ကိုမဲလုံး+ဒေါ်တင်မိုး မိသားစု တို့ ဖြစ်ပါတယ်။

နဂါးနီစုဘူးအသင်းသူအသင်းသားများနှင့် သဟာယ ၉၆၉အဖွဲ့သူ အဖွဲ့သားများက ဝေယျာဝစ္စကုသိုလ် ယူကြပါတယ်။

အလှူရှင်များနှင့်တကွ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။