သတင်း

ဖေးဘုတ်ပရိသတ်ကြီးကို ရွှေမန်းမေ ဆွမ်းကပ်ပွဲဖြင့် ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်

ဒီနေ့ 25.12.2017 ရက်နေ့ မနက် ၆း၀၀ နာရီမှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် ရွှေမန်းမေ အထည်ဆိုင်ပိုင်ရှင် ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ၏ သားသမီးများဖြစ်သော ဆာမူရိုင်း အထည်ဆိုင်မိသားစုအိမ်မှာ အရုဏ်ဆွမ်းဆက်ကပ်ပါတယ်။

မန်း မဘသ ဆရာတော်သံဃာတော်များ စုံလင်ပါတယ်။ တိုက်အိမ်လေးကလဲ ချစ်စရာလေးပါ။ ဥရောပစတိုင်ပါပဲ။ နွေအခါအေးပြီး ဆောင်းအခါနွေးတယ်လို့ ပြောပါတယ်။ တကယ်လည်းနွေးပါတယ်။ နေ့ဆွမ်းမကပ်ခင် အနေကဇာတင်ပါဠိရွတ်ဆိုကာ ရုပ်ပွားတော်အား အာရုံယူလျက် မြတ်စွာဘုရားကို ပူဇော်ပါတယ်။

၎င်းနောက် ပရိတ်ရွတ်ဖတ်ရင်း အန္တရာယ်ကင်းကမ္မဝါရွတ်ဖတ်ရင်း ဆုတောင်းမေတ္တာပို့သကြပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ် ဆရာတော်ကြီး ဘဒ္ဒန္တကုသလက အနုမောဒနာပြုပါတယ်။ အခုလို နေ့ထူးနေ့မြတ်အခါသမယကြီးမှာ ဖေးဘုတ်ပရိသတ်ကြီးကို မန်း မဘသ ဆရာတော်ကြီးများနှင့် ရွှေမန်းမေ ဆာမူရိုင်း မိသားစုတို့ရဲ့ လှူဒါန်းသမှု ကုသိုလ်အစုစုကို ဖေးဘုတ်ပရိသတ်ကြီးအားလည်း အမျှပေးဝေပါတယ်။ သာဓုခေါ်နိုင်သူအားလုံး ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။