သတင်း

ဦးဝီရသူသို့ဦးညွတ်ခြင်း

ဦးဝီရသူသို့ဦးညွတ်ခြင်း
==============
သူ့နိုင်ငံသူ့လူမျိုး
သူ့ဘာသာကောင်းကျိုးအတွက်
သူ အသက်ရှင်ခဲ့တယ်။

ထေရဝါဒတိုက်ပွဲတဲ့
အရင်ဆုံးနွှဲခဲ့တဲ့တိုက်စစ်
အမိုက်ညစ်ကိုတောင်သုတ်သင်
ခုတ်ထွင်ကာလမ်းရှင်းခဲ့။

နရသိန်ဌာနညစ်မှာ
ဘဝတစ်ဆစ်ကွေ့ပေမယ့်
သူ လမ်းကမရွေ့ခဲ့ဘူး။

နိုင်ငံတွင်းသာမက
ကမ္ဘာသတင်းတွေကပါဝေဖန်
လေထန်ပေမယ့်မယိုင်လဲ
ခိုင်မြဲစွာဆက်လက်ရှင်သန်
သူ အပင်မှန်ခဲ့လို့လေ။

ချီးမွမ်းခြင်းကဲ့ရဲ့ခြင်း
လောကဓံနယ်အတွင်းမှာ
သူခင်းတဲ့လမ်းသူလျှောက်
ဘာကိုမှမကြောက်ခဲ့ဘူး။

ဖောက်ပြန်တဲ့လမ်း သူမရွေး
ဘာသာသွေးနဲ့ရဲရဲတောက်
ခရီးအတန်တန်ပေါက်ခဲ့ပြီ
လူမျိုးနဲ့ဘာသာ အဓွန့်ရှည်ကြာဖို့
စွမ်းရာကဝန်ထမ်း
နီမြန်းတဲ့ဇာနည်သွေးနဲ့
ဗမာပြည်အရေးအတွက်ရဲရင့်သူ

ဦးခိုက်လိုက်ပါ၏(အရှင်)ဝီရသူ။ ။

ဘိက္ခုရွှေဥတ်
( မဟာဝီရမဂ္ဂဇင်း)

https://m.facebook.com/story.php…