သတင်း

အာဖရိကငါးခူပြီးတော့ တောင်အမေရိက စုပ်ခွက်ငါး

အာဖရိကငါးခူအကြောင်းတော့ တော်တော်များများ ပြောခဲ့ဖူး ရေးခဲ့ဖူးပါပြီ။ အခု နောက်ထပ် တစ်မျိုးတွေ့လာရတာကတော့ တောင်အမေရိက စုပ်ခွက်ငါးပါပဲ။

ကုန်သည်တွေ အလှမွေးဖို့ သယ်ယူလာတာကနေ မြစ်ချောင်းအင်းအိုင်ထဲ ငါးကန်တွေမှာ နေရာ ရသွားကြပြီမို့ သဘာဝအလှတွေလည်းပျက်စီး ကျန်တဲ့ ငါးတိုင်းရင်းသားတွေလည်း သတ်စားခံရ နှိမ်နှင်ဖို့လည်း ခက်ခဲ မျိုးပွားမှုကလည်းမြန်ဆန် အတော်ကို အန္တရာယ်ကြီးတဲ့ငါးမျိုးပါ။ အဲဒီငါးမျိုးတွေ ဘယ်လူမျိုးတွေနဲ့တူသလဲ သိသလား? အာဖရိကငါးခူကိုတော့ သူတို့တတွေနဲ့ တထပ်တည်းကျနေလို့ ပြောခဲ့ဖူး ဟောခဲ့ဖူးပါပြီ။

တောင်အမေရိကစုပ်ခွက်ငါးကြီးတွေကလည်း ဘာထူးလို့လည်း အသားစားငါးတွေတောင် သူ့ကို စားလို့မရဘူးဆိုပါလား။
သူကတော့ ရှိသမျှ အကုန်စားတယ်။ ငါးတိုင်းရင်းသားလေးတွေ ကုန်ပါပြီဗျာ။ နိုင်ငံခြားငါးကြီးတွေစားပစ်လို့ပါ။ သဘာဝရေသယံဇာတ အလှအပလေးတွေ ပျက်စီးကုန်ပါပြီဗျာ။ နိုင်ငံခြားငါးကြီးတွေ ဖျက်စီးပစ်လိုက်ကြလို့ပါ။

ဝီရသူ(မစိုးရိမ်)
24.12.2017
PM 10:46
========================================================

“တောင်အမေရိကမျိုးစိတ်ဖြစ်သော စုပ်ခွက်ငါး မြန်မာနိုင်ငံ၏ မြစ်ချောင်းအင်းအိုင်များ၌ ပျံ့နှံ့နေပြီး ရေရှည်တွင် မြန်မာ့ငါးမျိုးစိတ်များနှင့် ရေမြေသဘာဝကို ထိခိုက်ပျက်စီးနိုင်”
========================================================
တောင်အမေရိကငါးမျိုးစိတ်ဖြစ်သော စုပ်ခွက်ငါး (ဒေသအခေါ် မြွေပွေးငါးခူ) သည် မြန်မာနိုင်ငံ၏ မြစ်ချောင်းအင်းအိုင်များတွင်ပျံ့နှံ့နေပြီး ရေရှည်တွင် မြန်မာ့ငါးမျိုးစိတ်များနှင့် ရေမြေသဘာဝကို ထိခိုက်ပျက်စီးနိုင်ကြောင်း သိရသည်။

စုပ်ခွက်ငါးများသည် မြန်မာနိုင်ငံရှိ ငါးမျိုးစိတ်မဟုတ်ဘဲ ပြည်ပနိုင်ငံများမှ အလှမွေးငါးအဖြစ် တင်သွင်းလာရာမှ မြန်မာနိုင်ငံရှိ မြစ်ချောင်းအင်းအိုင်များတွင် ပျံ့နှံ့သွားခြင်းဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ Program Officer (Education & Livelihood) ဦးသော်ဖြိုးရွှေ၏ ပြောကြားချက်အရ သိရသည်။

“အဲဒီငါးက မြန်မာပြည်မျိုးရင်းမဟုတ်ဘူး။ အလှမွေးငါးမွေးတဲ့လူတွေ၊ လုပ်ငန်းရှင်တွေကနေပြီး ပြည်ပကနေတင်သွင်းလာတာ။ အဓိက,ကတော့ South America က သူ့ရဲ့မျိုးရင်းပေါ့။ ဒီကိုရောက်လာတော့ အလှမွေးတဲ့လူတွေက မွေးရင်းမွေးရင်းနဲ့ တဖြည်းဖြည်းအကောင်ကြီးလာတော့ ဆက်ပြီးမမွေးနိုင် မထိန်းနိုင်ကြတော့ဘူး။ အကောင်ကြီးလာတော့ ကန်နဲ့လည်းမဆံ့တော့ဘူးလေ။ အဲဒီအခါ သူ့ကို မြစ်ချောင်းတွေထဲလွှတ်ပစ်တယ်။ နောက်ပြီး ဘေးမဲ့လွှတ်တာတို့ ဘုရားငါးကန်တွေမှာ ဇီဝိတဒါနဆိုပြီး ဘေးမဲ့လွှတ်ကြတယ်။ အဲဒီလိုလွှတ်ရင်းလွှတ်ရင်း တဖြည်းဖြည်းနဲ့ ဒီကောင်တွေက မြန်မာပြည်ရဲ့ရေမြေတွေထဲ ပြန့်ပွားလာတယ်” ဟု ဦးသော်ဖြိုးရွှေက ပြောကြားသည်။

စုပ်ခွက်ငါးများသည် နှိမ်နင်းရန်ခက်ခဲပြီး မျိုးပွားမှုမြန်ဆန်ကာ အခြားငါးမျိုးစိတ်များကို အန္တရာယ်ဖြစ်စေပြီး ရေမြေသဘာဝကိုလည်း ထိခိုက်ပျက်စီးစေကြောင်း ဦးသော်ဖြိုးရွှေက ဆက်လက်ပြောကြားသည်။
“စုပ်ခွက်ငါးတွေကို သူ့ရဲ့မူလနေရာမှာတော့ ဒီကောင်တွေကြီးလာရင် မိကျောင်းတွေက သူ့ကိုပြန်ပြန်စားပစ်တော့ သဘာဝမှာ ပုံမှန်အတိုင်း မျှခြေပြန်ဖြစ်သွားတယ်။ ဒီမှာတော့ သူ့ကိုပြန်စားမယ့်အကောင်မရှိဘူး။ ငှက်တွေ၊ ငါးတွေ ငါးရံ့တို့ ငါးဘတ်တို့လို အသားစားကြူးတဲ့ အကောင်တွေတောင်မှ သူ့ကိုမစားနိုင်ကြဘူး။ ဒီကောင်တွေက ဆေးချရင်လည်းမသေဘူး။ လျှပ်စစ်ရှော့တိုက်လို့လည်း မသေဘူး။ တော်တော်အသက်ပြင်းတယ်။ နောက်ပြီး သားပေါက်ရင်လည်း ရွှံ့ထဲမှာအသိုက်လုပ်ပြီး ကျင်းလုပ်ပြီး အထဲမှာသားပေါက်တာဆိုတော့ တော်ရုံတန်ရုံဆေးဒဏ်လည်း ခံနိုင်တယ်။ နောက်တစ်ခုက သူ့ခန္ဓာကိုယ်မှာက ဆူးတောင်လေးတွေရှိတယ်။ သူက သံချပ်ကာလို အကြေးခွံရှိတယ်။ အဲဒီအကြေးခွံကနေတစ်ဆင့် တခြားငါးတွေကိုထိရင် ကျန်တဲ့အကောင်တွေက အဆိပ်တက်ပြီး ရောဂါဝင်အနာဖြစ်ပြီး သေတယ်။ သူက သဘာဝမှာလည်း တခြားငါးအသေးလေးတွေကို ဖမ်းစားတယ်။ နောက်ပြီး ရေထဲမှာရှိတဲ့ ရေမှော်တွေ၊ ကြာပင်တွေကိုစားတဲ့အတွက် အဲဒီမှာရှိတဲ့ ရေနေအပင်တွေပျက်စီးတော့ ကြာလာရင် ရေမြေသယံဇာတတွေလည်း ပျက်လာနိုင်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စုပ်ခွက်ငါးများသည် မြန်မာနိုင်ငံရှိ မြစ်ချောင်းများအတွင်း ပျံ့နှံ့ရောက်ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်နှင့် မိုးယွန်းကြီးအင်း၊ ရှမ်းပြည်နယ် အင်းလေးကန်အတွင်းအထိ ပျံ့နှံ့နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ငါးမွေးမြူရေးကန်များတွင် စုပ်ခွက်ငါးများ ၀င်ရောက်မှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များ အရှုံးပေါ်နေကြောင်း သိရသည်။
ထိုစုပ်ခွက်ငါးများကြောင့် ရေရှည်တွင် မြန်မာနိုင်ငံ၏ ရေချိုငါးမွေးမြူခြင်းလုပ်ငန်းများ လျော့နည်းလာနိုင်ခြင်း၊ ရေထွက်ပစ္စည်းထုတ်လုပ်မှု ကျဆင်းလာနိုင်ခြင်း၊ သဘာဝငါးသယံဇာတ ရှားပါးလာနိုင်ခြင်း၊ သဘာဝမြစ်ချောင်းများ တိမ်ကောကာ ရေ၀ပ်ဒေသများအား ပျက်စီးလာစေနိုင်ခြင်း၊ ရေလုပ်ငန်းနှင့်ပတ်သက်ပြီး လုပ်ကိုင်လျက်ရှိသည့် ရေလုပ်သားများ၏ စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုပါ ထိခိုက်လာနိုင်ကြောင်း သိရသည်။

writer: မဖေငြိမ်း
Eleven