သတင်း

လူပွဲစားနှင့် လူမှောင်ခိုဂိုဏ်း

မှုခင်းရှုထောင့်သတင်းထောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဘင်္ဂလီတွေကတော့ အမြဲတမ်း ကြံစည်နေမှာပဲ။ ဘယ်အပေါက်ကနေဝင်ရမယ်၊ ဘယ်လမ်းကြောင်းကနေသွားရမယ်ဆိုတာ အမြဲကြံစည်နေတဲ့သူတွေပါ။ သူတို့တတွေကို လက်ခံထားပြီး နိုင်ငံသားအဆင့်ထိရောက်အောင် အားလုံး အခြေတကျနေနိုင်အောင် လုပ်ဆောင်ပေးတဲ့ ဂိုဏ်းတွေရှိပါတယ်။

ဘယ်အစိုးရကမှ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဘာသာပေါင်းစုံဆိုသူတွေ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုသူတွေ အကြမ်းဖက်မှု ရှုတ်ချတယ်ဆိုတဲ့ သူတွေ တံခါးလုံခြုံရေးတာဝန်ယူထားတဲ့သူတွေ ပြည်တွင်းမူဆလင်နှင့် ရခိုင်မြောက်ပိုင်းကဘင်္ဂလီ တစ်ခြားဆီပဲဆိုတဲ့သူတွေ လ.ဝ.ကတို့ ဥပဒေတို့ ဆိုသူတွေ ဒါကိုအရေးကြီးမှန်း အခုအချိန်ထိ မသိကြဘူး။ ရခိုင်ပြည်လည်း ဒီလိုပဲ တစ်စ တစ်စဝင်လာရာကနေ များလာတော့ ဂျီဟတ်လုပ်ပလိုက်ကြတာပဲ။

ပြည်မကြီးထဲလည်း အတော်ဝင်ရောက်နေကြပြီ။ ဘယ်အချိန် ဘယ်နေရာ ဂျီဟတ်စာမိမလဲ မသိဘူး။ သူတို့တတွေက ရေကြည်ရာ မျက်နုရာသဘော ပြောင်းရွှေ့လာကြပြီး အေးအေးလူလူ နေမည့်သူတွေ မဟုတ်ဘူး။ အင်အားကောင်းရင် ကောင်းသလို အန္တရာယ်ပြုမဲ့ ဂျီဟတ်ဝါဒီတွေ။

ဂျီဟတ်လုပ်ဖို့ လက်နက်လူသူစုဆောင်းနေကြတာ။ အားလုံး သတိဝီရိယ ရှိကြပါဗျာ။ ဟိုတစ်နေ့ကပဲ ရခိုင်မြောက်ပိုင်းက ဘင်္ဂလီတစ်ဦးနှင့် ပြည်တွင်းက ဗလီဆရာတစ်ဦးကို ပြည်တွင်းဗလီထဲမှာပဲ လက်နက်တို လက်နက်ရှည် ကျည်ဆံ ဖောက်ခွဲရေးပစ္စည်းတွေနှင့်အတူ လက်ရဖမ်းမိခဲ့ပါသေးတယ်။ (သတင်းအပြည့်အစုံ မကြာမီတင်ပြပေးပါမယ်။) အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့နော်။

အမုန်းခံသမားကြီး
ဝီရသူ(မစိုးရိမ်)
24.12.2017
PM 8:06
========================================================
“ရန်ကုန်ကိုလာမည့် ဘင်္ဂါလီ(၈)ဦးကို မှုခင်းရှုထောင့်သတင်းထောက်တစ်ဦးအပါအဝင် လက်ခံပို့ဆောင်သူ လေးဦးနှင့်အတူ ဖမ်းမိ”
========================================================
ရန်ကုန်မြို့သို့ လာရောက်မည့် ဘင်္ဂါလီ ၈ ဦးကို လိုက်ပါပို့ဆောင်သူ ၂ ဦးနှင့် ၎င်းတို့အား လက်ခံထားသော မူခင်းရှုထောင့်သတင်းထောက်အပါအဝင် ၂ ဦးတို့ နှင့်အတူ ကျောက်တံခါးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာအုပ်စု ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင်အမှတ် ၈၆/၃ အနီးရှိ မှုခင်းရှုထောင့်သတင်းထောက် ဦးစံသိန်း ပိုင်ဆိုင်သည့် ခြံဝင်းအတွင်း ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က သတင်းအရ ရှာဖွေခဲ့ရာ ဘင်္ဂါလီ ၆ ဦးနှင့် လိုက်ပါပို့ဆောင်သူ ၂ ဦးတို့ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့ကို စစ်ဆေးရာ မြို့ချောင်းကျေးရွာနေ ဦးခင်ရွှေ၏ နေအိမ်တွင် သွားရောက်ပို့ဆောင်ထားသည့် ဘင်္ဂါလီအမျိုးသမီး နှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ကျောက်တံခါးမြို့မရဲစခန်းမှ သိရသည်။

ဘင်္ဂါလီ ၈ ဦးအပါအဝင် လိုက်ပါပို့ဆောင်သူ ၂ ဦးတို့သည် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပေါက်တောကျေးရွာမှ နေပြည်တော်သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အသက် ၄၀ နှစ်အရွယ် ဒေါ်ခိုင်ခိုင်မြင့် (ဗမာ/ ဗုဒ္ဓ) ၏ နေအိမ်တွင် ညအိပ်ရပ်နားခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက နေပြည်တော်မှဆက်လက်ထွက်ခွာခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက ဦးစံသိန်း၏ နေအိမ်သို့ ရောက်ရှိတည်းခိုနေထိုင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာရန်စီစဉ်ထားကြခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင်နေထိုင်သည်ဆိုသော ဘင်္ဂါလီ ၈ ဦးနှင့် လိုက်ပါပို့ဆောင်သူ အသက် ၅၈ နှစ်အရွယ် ဒေါ်ကြူကြူ (ကရင်/ရှမ်း၊ ဗုဒ္ဓ)၊ အသက် ၃၃ နှစ်အရွယ် ဦးမျိုမင်းမင်းထွန်း (ဗမာ/ ဗုဒ္ဓ)၊ လက်ခံထားသူ အသက် ၆၂ နှစ်အရွယ် ဦးစံသိန်း (ဗမာ/ဗုဒ္ဓ) နှင့် အသက် ၆၁ နှစ်အရွယ် ဦးခင်ရွှေ (ဗမာ/ဗုဒ္ဓ) တို့ကို ကျောက်တံခါးမြို့မရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နိုင်မင်းလွင်

https://akonthi.com/%e1%80%9b%e1%80%94%e1%80%b9%e1%80%80%e…/