သတင်းအင်တာဗျူး

သံမဏိနှင်းဆီ ပြတ်သားလိုက်ပါ (၃)

(ဆရာတော်ဦးဝီရသူ၏ အမျိုးသားနိုင်ငံတော်ဆည်ဆောက်ရေး ရှုမြင်ချက်)
ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။

မေး- လှည်းကူးမြို့နယ် အမြန်လမ်းမကြီးဘေးက ကျူးကျော်နေအိမ်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဇွန် ၁၂ ရက် မနက်ပိုင်းမှာ အင်အားသုံးဖျက်သိမ်းခဲ့တာတွေ့ရပါတယ်ဘုရား။ အိမ်ထောင်စုပေါင်း ၁၃၈၀ ကျော်က နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေရပြီး ဇွန်လ ၁၅ ရက်နေ့မှာလည်းပဲ လူဦးရေ ၃၀ ခန့်က နေအိမ်ဖြိုဖျက်မှုတွေ ရပ်တန့်ပေးဖို့ နေပြည်တော်ထိ လမ်းလျှောက်ဆန္ဒပြကြတာကိုလည်း တွေ့ရပါတယ်ဘုရား။ အဲဒီအပေါ်မှာ တစ်ခုသုံးသပ်ပေးပါဦးဘုရား

ဖြေ- လှည်းကူးကိစ္စ အခုလိုလုပ်လိုက်တာ အဖြေမှန်မဟုတ်ဘူးကွ။ ကျူးအစစ်အမှန်ရွေးချယ်ပြီး မနစ်နာအောင် လုပ်ပေးနိုင်မှ အဖြေမှန်ရမှာကွ။ ခက်တော့ခက်ပါတယ်လေ။ တို့ပြည်သူတွေက သနားစရာကောင်းပါတယ်ကွာ၊ ဘူဒိုဇာကြောက်လို့ မဲပေးလိုက်ပါတယ် ချိန်းစောနဲ့တွေ့သွားရှာတယ်။  ကျားကြောက်လို့ရှင်ကြီးကိုးသဘောမျိုးပေါ့။ တကယ်ဆို လူတွေကို ခွေးမောင်းချသလိုမျိုး လုပ်တာ မကောင်းပါဘူး။ ပြည်သူ့အစိုးရဆိုရင် ပိုဆင်ခြင်ရမှာပေါ့။ အခုဟာက တိုင်းပြည်ကောင်းစားရေး ဦးစားပေးမလုပ်ဘဲ ဆင်းရဲသားပြည်သူတွေကိုပဲ နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာ တွေ့ရတယ်။ မတန်မရာ၊ သဒ္ဓါလွန်မြောက်၊ ကျွန်ကိုမြှောက်က၊ မျောက်ကိုချစ်ငြား၊ ခြူဆွဲမှားသို့၊ နားမချမ်းသာ၊ ရှိလှစွာ၏ ဆိုတဲ့ မဃဒေဝအတိုင်း တို့ပြည်သူတွေ ခြူဆွဲမှားခဲ့ပြီ။ ဘယ်အချိန်ထိ သည်းခံပြီး နားအပူခံနိုင်မလဲ စောင့်ကြည့်ရတော့မှာပဲ။

မေး -ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အပိုဒ် ၃၆၁ နဲ့ ၃၆၂ မပါလာရင် ဘာသာမဲ့နိုင်ငံဆိုတဲ့ အဓိပ္ပါယ်ရောက်နိုင် တာကြောင့် အလေးအနက်ဆုတောင်းနေရတယ်ဆိုတဲ့ သီတဂူဆရာတော်ကြီးရဲ့ သြဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပါတယ်ဘုရား။ အဲဒီအပေါ် ပြောစရာရှိရင် ပြောပေးပါဦးဘုရား။
ဖြေ – သီတဂူဆရာတော်ကြီးရဲ့ အဘိဓဇပူဇော်ပွဲ သြဝါဒကို ကြားနာလိုက်ရပါတယ်။ ဆရာတော်ကြီးတွေက သာသနာတော်နဲ့ပတ်သက်လို့ အတွင်းကျကျသတင်းတွေ တော်တော်ရထားတာပဲ။  ဆရာတော်ကြီးတွေ စိတ်မချမ်းမသာဖြစ်နေရရှာတယ်။
ခက်တာက ကိုယ့်မြေ ကိုယ့်အရပ် ကိုယ့်ဒေသ ကိုယ့်ယဉ်ကျေးမှုအကြောင်းကို လုံးဝထည့်မတွက်ဘဲ အနောက်အထင်ကြီးဝါဒ လွှမ်းမိုးခံနေရတဲ့သူတစ်ယောက်ကိုမှ တို့ပြည်သူတွေက အထင်တကြီး မြှောက်စားမိကြတာကိုး။ ဘယ်လိုကုစားရမလဲ စဉ်းစားရမယ်။ တကယ်ထိပါးလာပြီဆိုရင်တော့ ရှေ့ဆုံးကရင်ကော့တိုက်ပွဲဝင်သွားမည့်သူဟာ ဝီရသူပဲဆိုတာ မှတ်ထားလိုက်ပါ။

မေး – Youtube ကနေ အရှင်ဘုရားတင်ခဲ့တဲ့ ဂျီဟတ်အန္တရာယ်ကာကွယ်ကျ ရုပ်သံနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်ဘုရား။ အဲဒါလေး ပြောပြပေးပါဦးဘုရား။
ဖြေ – ဟုတ်ပါတယ်။ ဇွန်လ ၁၀ ရက်နေ့က အဲဒီရုပ်သံ တင်လိုက်တာပါ။ အကောင့်တွေ ခဏခဏပျက်တော့ ဖေ့ဘုတ်ကနေ မပြောတော့ဘဲ Youtube ကနေ ပြောရတဲ့သဘောပါ။ အဲဒါကိုပဲ သူတို့က ခြိမ်းခြောက်လာကြတာပါ။ ကုရ်အာန်ကျမ်းထဲမှာ ပါတဲ့အတိုင်း ဖတ်ပြတာပဲလေ။ အပြစ်ရှိတယ်ထင်ရင် တရားစွဲပေါ့။ တရားဥပဒေတွေရှိနေတာပဲ။ အဲလိုမဟုတ်ဘဲ ဘာလုပ်မယ် ညာလုပ်မယ် ခြိမ်းခြောက်တယ်ဆိုတော့ သူတို့စရိုက်သဘာဝ ပိုပေါ်လွင်တာပေါ့နော်။ ဘယ်သူက အစွန်းရောက်တယ်၊ ဘယ်သူက အစွန်းမရောက်ဘူး ဘယ်သူကအကြမ်းဖက်တယ် ဘယ်သူက အကြမ်းမဖက်ဘူးဆိုတာ ကမ္ဘာ့ပြည်သူတွေသိရှိကြမှာပါ။

မေး – အမျိုးသားရေး လှုပ်ရှားနေတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် အမှာစကားလေး ပြောပေးပါဦးဘုရား။
ဖြေ – အမျိုးသားရေးသမားတွေကို နှိပ်ကွပ်တယ်ဆိုတာ ကိုလိုနီခေတ်ကပဲရှိခဲ့တယ်။ ဦးဇင်းတို့ မျိုးချစ်ညီနောင် တွေအားလုံးဟာ ကိုလိုနီအစိုးရလက်အောက်ကို ကျရောက်နေတယ်လို့သဘောထားပြီး အိပ်ရင်မြေကြီး၊ ခုရင်ကျောက်ခဲ၊ စားရင်သဲဆိုတဲ့ဇွဲနဲ့ အင်မတန်အရေးကြီးတဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုး ဘာသာ သာသနာဘက်မှ သတိဝီရိယကြီးကြီးထားပြီး ရပ်တည်ပေးကြပါလို့ ပြောကြားချင်ပါတယ်။

ငြိမ်းချမ်းသာ
(ဆက်သွယ်မေးမြန်းသည်။)
(ပြီးပါပြီ)