သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၁၇)

16.10.2017 ရက်နေ့ မနက်ပိုင်းမှာ လေးမိုင်ရပ်ကွက် အထက(၂)မှ မောင်တောမြို့ပေါ်ရှိ အထက(၁) ဟိန္ဒူဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့ပါတယ်။ အမှတ်(၄)ရပ်ကွက်မှ လာရောက်ခိုလှုံသူ အိမ်ထောင်စု(၆၁)စု၊ ရွှေဇားရွာမှ အိမ်ထောင်စု(၃၀)၊ လသာရွာမှ အိမ်ထောင်စု(၆၇)စု စုစုပေါင်း (၁၅၈)စု ရှိပါတယ်။

တကယ့်ဒုက္ခသည်စခန်းပီသပါတယ်။ ဟိန္ဒူကလေးငယ်လေးတွေ ကိုယ်တုံးလုံးနှင့် ဟိန္ဒူအမျိုးသမီးတွေ ဆာလီအဟောင်းအစုတ်နှင့် ဖြစ်သလိုနေကြရတာတွေ့ရပါတယ်။ လသာရွာမှ အသတ်ခံရသူတစ်ဦး၊ ပဒင်းရွာမှ ပျောက်ဆုံးသူတစ်ဦး၊ မြို့သူကြီးရွာမှ အသတ်ခံရသူငါးဦး စုစုပေါင်းခုနစ်ဦးတို့ရဲ့ မိသားစုများနှင့်လည်း တွေ့ဆုံခဲ့ရပါတယ်။

အိမ်ထောင်စု တစ်စုလျှင် ငွေတစ်သောင်းကျပ်စီ=၁၅၈၀၀၀၀(ဆယ့်ငါးသိန်းရှစ်သောင်းကျပ်)နှင့် အဝတ်အထည်တစ်ထောင်ကျော်၊ ငပိငါးအိတ်၊ ပဲငါးအိတ်၊ ငရုပ်သီးခြောက်တစ်အိတ် လှူဒါန်းခဲ့ပါတယ်။ ဟိန္ဒူကလေးငယ်များကို ကိုယ်တုံးလုံးတပ်ဖွဲ့ဟု တင်စားကြပြီး ၄င်းတပ်ဖွဲ့နှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကြတာတွေ့ရပါတယ်။ ၄င်းတပ်ဖွဲ့ကိုလည်း အအေးနှင့်မုန့် သကြားလုံးများ ဝေငှပေးကြပါတယ်။

မန်း မဘသ ဝိုင်းတော်သားများကတော့ ဟိန္ဒူဒုက္ခသည်စခန်းမှာ ဟိန္ဒူပြည်သူတွေနှင့်အတူ မမောနိုင် မပန်းနိုင် ကုသိုလ်ယူကြရပါတယ်။ ရခိုင်ပြည်သူများအတွက် ပြည်တွင်းပြည်ပမှ လှူဒါန်းထားကြသော အလှူငွေများကို မောင်တောမြို့အထိ လာရောက်ပြီး လှူဒါန်းကြခြင်းဖြစ်ပါတယ်။ ပြည်တွင်းပြည်ပမှ အလှူရှင်အသီးသီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်အနုမောဒနာ ခေါ်ဆိုနိုင်ပါကြောင်း။