Daily Archives: November 25, 2017

သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၁၈)

16.10.2017 ရက်နေ့ နေ့ဆွမ်းစားအပြီးမှာ ချိန်းဆိုထားတဲ့ ရခိုင်ပြည်သူများနဲ့ တွေ့ဆုံပါတယ်။ နေ့ဆွမ်းစားပြီး အနားယူချိန်ဖြစ်လို့ ဝိုင်းတော်သားတွေသိပ်မစုံလင်ပါဘူး။ အတွင်းရေးမှူးချုပ်ဆရာတော်ကြီးရယ်၊ မြင်းခြံမဘသ ဦးဇာဂရရယ်၊ မော်ကျွန်းမဘသ ဦးဇောတိကရယ်၊ စာရေးသူရယ် စုပေါင်းပြီး အခင်းဖြစ်ပုံကို မေးကြ မြန်းကြပါတယ်။ သြဂုတ်လ ၂၅ ရက် အရေးအခင်းကြီးမဖြစ်ခင် အသတ်ခံခဲ့ရတဲ့ တရိန်းရွာမှ ရခိုင်သားနှစ်ဦး၏ မိသားစုများ အရေးအခင်းမှာ အသတ်ခံခဲ့ရတဲ့ ခရေမြိုင်ကျေးရွာသားတစ်ဦး ကင်းချောင်းရွာသားနှစ်ဦး အောင်မြေဗောဓိရပ်ကွက်သားနှစ်ဦးတို့ရဲ့ မိသားစုများနှင့်လည်း တွေ့ဆုံပါတယ်။ မောင်တောမြို့ ရပ်ကွက်-၄မှာ တစ်မိသားစုလုံး အသတ်ခံခဲ့ရပြီး တစ်ဦးတည်းသာ လွတ်မြောက်လာခဲ့ရတဲ့ သုံးနှစ်အရွယ် ဟိန္ဒူလူမျိုး ...
သတင်း

ဝံသာနုရက္ခိတ ရွှေမျက်မှန် ဦးဝိဇယ(၄)

(ကျစွာဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိစာအုပ်ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ် မေလမှာ ထုတ်ဝေခဲ့တဲ့စာအုပ်ပါ။ စာအုပ်ပါမိတ်ဆက်စကားအရ ကျစွာဆရာတော်ကြီးအကြောင်းကို အခန်းခွဲပြီး စာတန်းပြုစုထားတာပါ။ အခန်း(၆)ခန်းရှိပြီး အခုတင်ပြမည့်အခန်းကတော့ အခန်း(၃) “ရွှေမျက်မှန် ဦးဝိဇယ၏ နယ်ချဲ့ဆန့်ကျင်ရေး လုပ်ရပ်နှင့် ဝံသာနုရက္ခိတ တရားများစာတန်း” ဖြစ်ပါတယ်။ ဆရာတော်ဦးပုညာနန္ဒာဘိဝံသ ပြုစုထားတာပါ။ အခုခေတ်နှင့်တိုက်ဆိုင်နေလို့ ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။ တို့ပိုင်နက်တွေကို အဓမ္မသိမ်းယူတာ ဘယ်သူတွေလဲဟေ့- အင်္ဂလိပ် အင်္ဂလိပ် တို့တတွေကိုဒုက္ခပေးနေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် တို့လူမျိုးတွေကို နှိပ်စက်နေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့ရန်သူအစစ်တွေဟာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့မကြောက်ရမှာ ဘယ်သူတွေလဲဟေ့ – ...
သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၁၇)

16.10.2017 ရက်နေ့ မနက်ပိုင်းမှာ လေးမိုင်ရပ်ကွက် အထက(၂)မှ မောင်တောမြို့ပေါ်ရှိ အထက(၁) ဟိန္ဒူဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့ပါတယ်။ အမှတ်(၄)ရပ်ကွက်မှ လာရောက်ခိုလှုံသူ အိမ်ထောင်စု(၆၁)စု၊ ရွှေဇားရွာမှ အိမ်ထောင်စု(၃၀)၊ လသာရွာမှ အိမ်ထောင်စု(၆၇)စု စုစုပေါင်း (၁၅၈)စု ရှိပါတယ်။ တကယ့်ဒုက္ခသည်စခန်းပီသပါတယ်။ ဟိန္ဒူကလေးငယ်လေးတွေ ကိုယ်တုံးလုံးနှင့် ဟိန္ဒူအမျိုးသမီးတွေ ဆာလီအဟောင်းအစုတ်နှင့် ဖြစ်သလိုနေကြရတာတွေ့ရပါတယ်။ လသာရွာမှ အသတ်ခံရသူတစ်ဦး၊ ပဒင်းရွာမှ ပျောက်ဆုံးသူတစ်ဦး၊ မြို့သူကြီးရွာမှ အသတ်ခံရသူငါးဦး စုစုပေါင်းခုနစ်ဦးတို့ရဲ့ မိသားစုများနှင့်လည်း တွေ့ဆုံခဲ့ရပါတယ်။ အိမ်ထောင်စု တစ်စုလျှင် ငွေတစ်သောင်းကျပ်စီ=၁၅၈၀၀၀၀(ဆယ့်ငါးသိန်းရှစ်သောင်းကျပ်)နှင့် အဝတ်အထည်တစ်ထောင်ကျော်၊ ငပိငါးအိတ်၊ ပဲငါးအိတ်၊ ငရုပ်သီးခြောက်တစ်အိတ် လှူဒါန်းခဲ့ပါတယ်။ ဟိန္ဒူကလေးငယ်များကို ကိုယ်တုံးလုံးတပ်ဖွဲ့ဟု ...
သတင်း

ဝံသာနုရက္ခိတ ရွှေမျက်မှန် ဦးဝိဇယ(၃)

(ကျစွာဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိစာအုပ်ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ် မေလမှာ ထုတ်ဝေခဲ့တဲ့စာအုပ်ပါ။ စာအုပ်ပါမိတ်ဆက်စကားအရ ကျစွာဆရာတော်ကြီးအကြောင်းကို အခန်းခွဲပြီး စာတန်းပြုစုထားတာပါ။ အခန်း(၆)ခန်းရှိပြီး အခုတင်ပြမည့်အခန်းကတော့ အခန်း(၃) “ရွှေမျက်မှန် ဦးဝိဇယ၏ နယ်ချဲ့ဆန့်ကျင်ရေး လုပ်ရပ်နှင့် ဝံသာနုရက္ခိတ တရားများစာတန်း” ဖြစ်ပါတယ်။ ဆရာတော်ဦးပုညာနန္ဒာဘိဝံသ ပြုစုထားတာပါ။ အခုခေတ်နှင့်တိုက်ဆိုင်နေလို့ ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။ တို့ပိုင်နက်တွေကို အဓမ္မသိမ်းယူတာ ဘယ်သူတွေလဲဟေ့- အင်္ဂလိပ် အင်္ဂလိပ် တို့တတွေကိုဒုက္ခပေးနေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် တို့လူမျိုးတွေကို နှိပ်စက်နေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့ရန်သူအစစ်တွေဟာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့မကြောက်ရမှာ ဘယ်သူတွေလဲဟေ့ – ...
သတင်း

လူတွေကြားထားတာနဲ့ ဆန့်ကျင်ဘက်ကြီးဟာ တကယ့်ဦးဝီရသူရဲ့ ပကတိပုံရိပ်ပဲ(၁)” (ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး – နိုဝင်ဘာလ ၁၁ရက်နေ့ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ သက်တော်ရှည် ရွှေစေတီဆရာတော်ကြီး (၉၀)နှစ်ပြည့် မွေးနေ့ပွဲမှာ အထွေထွေအုပ်ချုပ်ရေးမှူးက တရားမဟောရဘူးလို့လာရောက်ပိတ်ပင်တာတွေ၊ နောက် ဘုန်းကြီးကျောင်းဝန်းအတွင်းမှာဖြစ်လို့ ဥပဒေကြောင်းအရ ဟောခွင့်ရှိတယ်လို့ အရှင်ဘုရားကပြန်လည်ချေပတာတွေနဲ့ အပြန်အလှန် အခြေအတင်စကားတွေပြောနေတဲ့ ဗွီဒီယိုဖိုင်တွေ့ပါတယ်ဘုရား။ ဆိုတော့ ကံပေါက်ရွာမှာ တရားဟောခဲ့ရလား၊ နောက်ဆက်တွဲအခြေအနေတွေ ဘယ်လိုရှိလဲ သိချင်ပါတယ်ဘုရား။ ဖြေ – ဟောဖြစ်ပါတယ်၊ ဟောဖြစ်ပါတယ်ဆိုတာက မူလအစီအစဉ်ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဟောဖြစ်သွားတာပါ။ မူလအစီအစဉ်ကတော့ အခမ်းအနားအစီအစဉ် ငါးရပ်နဲ့လေ။ နမောတဿနဲ့ဖွင့်မယ်၊ ဗုဒ္ဓသာသနံနဲ့ပိတ်မယ်၊ ငါးပါးသီလခံယူမယ်၊ ဆရာတော်ကြီးက ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၇၇)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေး တမ္ပဝတီရပ် မနုလွင်၊ ကိုတိုး မောင်နှမတစ်စုမှ အလှူငွေ ၇၀၀၀၀(ခုနစ်သောင်း)ကျပ် လှူဒါန်းစဉ်။(24.11.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၂၁,၆၀၅,၅၀၀ိ ကျပ်။ စုစုပေါင်း ...
သတင်း

မင်းကွန်း တပည့်လေးများအလှူတော်

စစ်ကိုင်းတောင်ရိုး မင်းကွန်းတိပိဋကနိကာယကျောင်းတိုက်မှ အရှင်နရိန္ဒနှင့် ရဟန်းပျိုနှစ်ပါး 23.11.2017 မှာ ရောက်ရှိလို့လာပါတယ်။ ဦးဇင်းသုံးပါးရောက်နေတယ်ဆိုလို့ စာရေးသူရေးတဲ့ ကျေးလက်မှာတမ်းစာအုပ်လေးရယ် အင်တာဗျူးစာအုပ်လေးရယ် ပန်းဖလက်နှစ်ခုရယ် လက်ဆောင်ပေးဖို့ ထွက်လာခဲ့ပါတယ်။ ဧည့်ခန်းရောက်တော့ တပည့်အရှင်နရိန္ဒ ဖြစ်နေပါတယ်။ တပည့်အရှင်နရိန္ဒက သဟာယကျောင်းမှာ ကိုရင်ဘဝကတည်းက နေသွားခဲ့သူပါ။ အခုတော့ မင်းကွန်း တိ/နိကျောင်းမှာ တိပိလုပ်နေတာ ဒွိပိဋကဓရကြီးတောင် ဖြစ်လို့နေပါပြီ။ တပည့်တစ်ပါး နှစ်ပုံဆောင်ဖြစ်နေတာ အခုမှသိရပါတယ်။ ဒီနှစ် ဒီဂနိကာယ်ရေးဖြေ ဖြေရမယ်လို့ ဆိုပါတယ်။ အောင်ခဲ့ရင်တော့ ဒွိပိဋကဓရ ဒွိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရပြီပေါ့။ တပည့်နှင့်အတူပါလာတဲ့ဦးဇင်းတွေကတော့ တစ်ပုံဆောင်(ဝိနယဓရ)နှင့် တစ်ဝက်ဆောင်(ဥဘတောဝိဘင်္ဂဓရ)တို့ ဖြစ်ပါတယ်။ တိပိဋကလောင်းလျာလေးတွေ စာတိုပေစလေးတွေ လက်ဆောင်ပေးသလို ...