Monthly Archives: December 2022

မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

ရွှေဆည်သူ ရွှေဆည်သားများ အလှူတော်

         ရွှေဆည်သူ ရွှေဆည်သားများ အလှူတော် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှ ဦးခင်မောင်သန်း၊ ကိုအောင်ထိုက်ဦးဆောင်သော ရွှေဆည်သူ ရွှေဆယ်သားများရဲ့ အလှူတော်ဖြစ်ပါတယ်။ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းသို့ ဆွမ်းဆန်တော် ၁၀ အိပ် လာရောက်လှူးဒါန်းတာဖြစ်ပါတယ်။ နတ်တော်လကွယ်(21.12.2022) ရက်နေ့မှာ လာရောက်လှူဒါန်းတာဖြစ်ပြီး (18.12.2022) ကလည်း မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက်ဆွမ်းဆန်တော် အိပ်၅၀ လှူဒါန်းခဲ့ပါသေးတယ်၊ ဓမ္မသဟာယကျောင်းသို့ လာရောက်လှူဒါန်းကြတဲ့ ရွှေဆည်သူ ရွှေဆည်သားများအား ကမ္ဘာကျော်ဆရာတော်က ကမ္ဘာကျော်ထမင်းဟင်းများနဲ့ ဧည့်ခံကျွေးမွေးပြီး အနုမောဒနာတရား ဟောကြားခဲ့ပါသည်။ ရွှေဆည်သူ ရွှေဆည်သားတွေက သွေးသားရင်းကို ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

ပညာရည်ချွန် ဆုပေးပွဲ အောင်မြင်စွာပြီဆုံး

ပညာရည်ချွန် ဆုပေးပွဲ အောင်မြင်စွာပြီဆုံး မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီဆုပေးပွဲကို ယ္ခုလ ၂၄.၂၅ ရက်များ၌ ကျင်းပနိုင်ခဲ့ပါသည်။         ၂၄.၁၂.၂၀၂၂ ရက်နေ့၌ပျော်ပွဲရွှင်ပွဲများဖြင့် ဧည့်ခံဖျော်ဖြေပြီး ၂၅.၁၂.၂၀၂၂ ရက်နေ့ နေခင်းပိုင်း၌ ဆုပေးပွဲကျင်းပကာ ၎င်းည၌ ပျော်ပွဲရွှင်ပွဲများဖြင့် ထပ်မံ ဖျော်ဖြေခဲ့ပါသည်။         ပညာရည်ချွှန်ဆုပေးပွဲသို့ မန္တလေး၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ ကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌ အမှူးပြုသော သံဃာတော်များ ဧည့်ပရိတ်သတ်များ တက်ရောက်ကြပါသည်။         ကန့်ဘလူမြို့နယ်၊ ကျေးပင်အပ် ကျေးရွာသူ/ ကျေးရွာသားများ စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းကျေးရွာသူ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

      သဟာယညီနောင်များ၏ ဒုတိယအကြိမ် ပညာရေးအလှူတော်

                သဟာယညီနောင်များ၏ ဒုတိယအကြိမ် ပညာရေးအလှူတော် မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ပညာရေးပဓေသာပင်အဖြစ် အလှူတော်ငွေ ၃၀၀၀၀၀ိ/ (သုံးသိန်း) ကို သဟာယညီနောင်များ အဖွဲ့က လှူဒါန်းပါသည်။ ယ္ခုလှူဒါန်းမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲသည့် ဇူလိုင်လတုန်းကလည်း အလှူငွေ နှစ်သိန်းကျပ် လှူဒါန်းခဲ့ပါသည်။         အလှူရှင်များကား ‘‘ သဟာယ ညီနောင်များအဖွဲ့ ’’ မှ သံဃာတော်များ ဖြစ်ပါသည်။ ‘‘ သဟာယ ညီနောင်များအဖွဲ့ ’’ ကို ကျောင်းထိုင် ရဟန်းပျိုများ၊ ကျောင်းထိုင်မဟုတ်သော ရဟန်းပျိုများဖြင့် ...
သတင်း

“ မုဒိတာရပ်ဝန်း ”

“ မုဒိတာရပ်ဝန်း ” မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ – အရှင်ဝီရသူ၏ ပညာဒါနပရဟိတ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူချောမွေ့စွာ အဆင်ပြေရေးအတွက် ဒေါ်အေးအေးသိန်း၊ ယွန်းဝတီရွှေဆိုင် မိသားစု (မော်လမြိုင်) မှ အလှူငွေ ၄၅၀,၀၀၀(လေးသိန်းငါးသောင်းကျပ်) လှူဒါန်းသည်။ ယခု လှူဒါန်းခြင်းသည် ၂၀၂၂ခုနှစ် နိုဝင်ဘာလအတွက် လှူဒါနးခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ်မှ ယခုအထိလစဉ်ပုံမှန် လှူဒါန်းခြင်း ဖြစ်ပါသည်။ အလှူရှင် ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်) မိသားစုနှင့် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ် ဆိုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

“သဟာယ အရုဏ်ဆွမ်း အလှူတော်”

“သဟာယ အရုဏ်ဆွမ်း အလှူတော်” မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက၊ စာချ၊ စာသင် သံဃာတော်များအား နတ်တော်လပြည့် (7.12.2022)ရက်နေ့၌ အရုဏ်ဆွမ်း ဆက်ကပ် ပါတယ်။ ရှမ်းခေါက်ဆွဲ ကပ်လှူခြင်းဖြစ်ပြီး အလှူရှင်များက ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ မော်မော်ရွှေဆိုင်မှ ဦးရန်ကြီးအောင်+ဒေါ်တင်တင်မော်တို့ မိသားစု ဖြစ်ပါတယ်။ ဒေါ်တင်တင်မော်၏ ၄၈နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကပ်လှူတာဖြစ်ပြီး၊ ဆရာတော် ဦးဝီရသူ၏ နဝကမ္မ(လိုရာသုံး)အဖြစ် အလှူငွေ သိန်းနှစ်ဆယ်ကျပ်လည်း လှူဒါန်းပါတယ်။ ဒါ့အပြင် စစ်ကိုင်း သကျဓိတာ သီလရှင်စာသင်တိုက်နှင့် မန္တလေး၊ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

“အောင်ပွဲရုံ၏ အလှူတော်”

“အောင်ပွဲရုံ၏ အလှူတော်” မင်းကွန်းဒေသရှိ၊ ပုထိုးတော်ကြီး၊ ဓမ္မာစေတီပညာလေးအကယ်မီအတွက် မန္တလေးမြို့၊ အောင်ပွဲရုံမှ ဟင်းသီးဟင်းရွက်များ ဟိုက်ဂျက်ကား တစ်စီးစာ လှူဒါန်းပါတယ်။ ခရမ်းသီး (၅)အိတ်၊ မုန်းညှင်းဖြူ (၆)အိတ်၊ မုန်ညှင်းရိုးရိုး (၂)အိတ် စုစုပေါင်း (၁၃)အိတ် ဖြစ်ပါတယ်။ မန္တလေးမြို့၊ “အောင်” ကုန်စိမ်းပွဲရုံဟာ မန္တလေးနှင့် စစ်ကိုင်းမြို့တွေမှာရှိတဲ့ ပညာဒါနပရဟိတ ဘ/ကကျောင်းတွေကို ကုန်စိမ်းများ အမြဲမပြတ် လှူလေ့ရှိပါတယ်။ သံဃာတော်များဖွင့်လှစ်တဲ့ ဘ/က ပညာရေးကျောင်းများအားလှူသလို သီလရှင်ဆရာလေးဖွင့်လှစ်တဲ့ ဘ/ကပညာရေးကျောင်းများကိုလည်း လှူဒါန်းလေ့ရှိပါတယ်။ မင်းကွန်းဒေသရှိ၊ ပုထိုးတော်ကြီး၊ ဓမ္မာစေတီပညာလေးအကယ်မီအတွက်လည်း တစ်လလျှင် ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

“ရွှေအိမ်မိသားစု၏ စတုတ္ထအကြိမ် ထာဝရပဒေသာပင် အလှူတော်”

“ရွှေအိမ်မိသားစု၏ စတုတ္ထအကြိမ် ထာဝရပဒေသာပင် အလှူတော်”မင်းကွန်း၊ပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီကျောင်း၊ ပညာရေးပဒေသာပင်အဖြစ်ဦးတင်မောင်ဝင်း+ဒေါ်ဌေး၊ ရွှေအိမ်မိသားစု၊ နေပြည်တော်က အလှူငွေ၁၅၀၀၀၀၀(တစ်ဆယ့်ငါးသိန်း) လှူဒါန်းပါသည်။ယခု လှူဒါန်းမှုသည် စတုတ္ထအကြိမ်ဖြစ်ပြီး ပထမအကြိမ်၊ ဒုတိယအကြိမ်တို့၌ ၇၅၀၀၀၀ကျပ်စီ၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်တို့၌ ၁၅၀၀၀၀၀ိ/ကျပ်စီ လှူဒါန်းခြင်း ဖြစ်ပါသည်။ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ လေးလအတွက် လေးကြိမ်စုစုပေါင်း လှူဒါန်းငွေမှာ ၄,၅၀၀,၀၀၀(၄၅သိန်း)ကျပ်ရှိပြီ ဖြစ်ပါသည်။မင်းကွန်း၊ပုထိုးတော်ကြီး၊ပညာရေးအကယ်ဒမီကျောင်းတော်ကြီး၌ ဆရာတော်သံဃာတော်များ၊ ကျောင်းဆရာ၊ဆရာမများ၊ ကျောင်းသူ ကျောင်းသား ၃၅၀ ကျော်ရှိရာ ဝန်တမ်းလစာအဖြစ် သိန်း၃၀ကျော် လစဉ်လှူဒါန်းလျက်ရှိပါသည်။ထာဝရပညာရေးပဒေသာပင် စိုက်ထူလှူဒါန်းသော ဦးတင်မောင်ဝင်း+ဒေါ်ဌေး၊ ရွှေအိမ် ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

“ပညာရေးအကယ်ဒမီ ရိက္ခာအလှူတော်”

“ပညာရေးအကယ်ဒမီ ရိက္ခာအလှူတော်” မင်းကွန်း ၊ ပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီကျောင်းအတွက် မန္တလေးမြို့ “အောင်”ပွဲရုံ၊ ဂေါ်ဖီထုပ် – 100ထုပ်၊ မုန်လာဥဖြူ – (၇)အိတ်/ငါးစီး။ ရှမ်းပြည်တောင်ပိုင်း ၊ ပင်လုံမြို့နေ မိဘပြည်သူများမှ ဂျင်းနှစ်အိတ်၊ ဂေါ်ဖီထုပ်နှစ်အိတ်၊ ထောပတ်သီး တစ်အိတ်။ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်ရွာ၊ ဓမ္မဝိဟာရီစာသင်တိုက်မှ ဆရာလေး ဗုဒ္ဓသမီးတော်က ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးများ လှူဒါန်းကြပါတယ်။ မင်းကွန်း၊ ပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီကျောင်းမှာ ကျောင်းသူ/သား သုံးရာကျော်ရှိပြီး နေ့စဉ် ဆန်သုံးအိတ်နှုန်း ကျွေးမွေးလျက်ရှိပြီး အောင်ပွဲရုံက လစဉ်ပုံမှန် ...