သတင်း

“ မုဒိတာရပ်ဝန်း ”

“ မုဒိတာရပ်ဝန်း ”

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော်
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ – အရှင်ဝီရသူ၏ ပညာဒါနပရဟိတ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူချောမွေ့စွာ အဆင်ပြေရေးအတွက် ဒေါ်အေးအေးသိန်း၊ ယွန်းဝတီရွှေဆိုင် မိသားစု (မော်လမြိုင်) မှ အလှူငွေ ၄၅၀,၀၀၀(လေးသိန်းငါးသောင်းကျပ်) လှူဒါန်းသည်။

ယခု လှူဒါန်းခြင်းသည် ၂၀၂၂ခုနှစ် နိုဝင်ဘာလအတွက် လှူဒါနးခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ်မှ ယခုအထိ
လစဉ်ပုံမှန် လှူဒါန်းခြင်း ဖြစ်ပါသည်။

အလှူရှင် ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်) မိသားစုနှင့် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ် ဆိုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။