သတင်း







“မန်း မဟော်သဓာ သီးပင်စားပင်စိုက်ပျိုးရေး”

နယုန်လဆန်း(၈)ရက်၊ 22.5.2018 ရက်နေ့၊ ညနေပိုင်းမှာ မန်း မဟော်သဓာတည်ရှိရာ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာသို့ ရောက်ရှိခဲ့ပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ် ဘုရားကြီးတိုက် ပါဠိပါရဂူဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့်အတူ သွားရောက်ခဲ့တာပါ။

ကျောက်ချောရွာ ကျူရှင်ကျောင်းအတွက် စာသင်ခုံများ ပြုလုပ်နေတာတွေ၊ သီးပင်စားပင်စိုက်ပျိုးဖို့အတွက် ကျင်းများတူးနေတာတွေ တွေ့ရှိရပါတယ်။

ထို့အတူ ကျူရှင်ကျောင်းမှာ ပညာသင်ယူကြဖို့အတွက် ကျောင်းသားကျောင်းသူများ စာရင်းလာပေးထားတာ (၁၀၀)ကျော်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

ကျောက်ချောရွာ ရွာသူရွာသားများကတော့ ကံကောင်းပြီးရင်း ကံကောင်းနေဆဲပါပဲ။ (၉)တန်း (၁၀)တန်း ကျောင်းသားကျောင်းသူများကို အခမဲ့ သင်ကြားပေးမည့် ကျူရှင်ကျောင်းကြီးပါ။

ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘော်ဒါဆောင်များမှ ကျွမ်းကျင်ဆရာ ဆရာမများနှင့် အငြိမ်းစားပါမောက္ခ၊ အငြိမ်းစားကျောင်းအုပ်၊ အငြိမ်းစားအထက်တန်းပြ ဆရာကြီးများက သင်ကြားပေးကြမှာပါ။ ကျောက်ချောရွာ မဟော်သဓာလေးများ ပေါက်မြောက်အောင်မြင်ကြပါစေ။