ဂ်ာနယ္သတင္း

ဒီမုိကေရစီလုိ႔ေျပာရင္ ယံုမွာေတာာင္မဟုတ္ဘူး (၁၅)

ဒီမုိကေရစီလုိ႔ေျပာရင္ ယံုမွာေတာာင္မဟုတ္ဘူး (၁၅)

(ျပည္ခ်စ္သား ဂ်ာနယ္ပါ ေဆာင္းပါး။)

NVC ကတ္ ရရွိထားသည့္ တရားမဝင္ ေရာက္ရွိေနေသာ ဘဂၤါလီမ်ားကုိ တစ္ႏုိင္ငံလံုး လြတ္လြတ္လပ္လပ္ သြားလာခြင့္ျပဳထား ၿပီျဖစ္ေၾကာင္း လူကယ္ျပန္ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက သတင္းစာရွင္းလင္းပြဲမွာ ေျပာလာပါတယ္။

ႏုိင္ငံေရး ပါတီမ်ား၊ မ်ဳိးခ်စ္ျပည္သူမ်ား၊ ရဟန္းသံဃာေတာ္မ်ား အျပင္းအထန္ ကန္႔ကြက္ၾကပါေတာ့တယ္။ ကန္႔ကြက္ေလာက္ေအာင္လည္း အင္မတန္ အႏၲရာယ္ႀကီးပါတယ္။

အဲဒီေနာက္ နယ္စပ္ေရးရာ ဝန္ႀကီး ဦးသိန္းေဆြက NVC ကတ္ ကုိင္ေဆာင္႐ံုနဲ႔ တစ္ႏုိင္ငံလံုး လြတ္လပ္စြာ သြားလာခြင့္ေပး တာဟာ ၁၉၈၂ ဥပေဒႏွင့္မညီဘူး။

အဲဒီလုိ သြားလာခြင့္ လုံးဝမရွိဘူး။ ခြင့္လည္းမျပဳ ႏုိင္ဘူးလုိ႔ ဆုိျပန္ပါတယ္။ ဝန္ႀကီး ဦးသိန္းေဆြ စကားေၾကာင့္ မ်ဳိးခ်စ္သံဃာထု၊ လူထုႏွင့္ ႏုိင္ငံေရးပါတီမ်ား စိတ္ေအးသြားရေပမယ့္ အခုလုိ ျပည္ေထာင္စုဝန္ႀကီးေတြ တစ္ေယာက္ တစ္ေပါက္ ေျပာေနတာေၾကာင့္ ျပည္သူေတြမွာ ေဝဝါးဒြိဟ ျဖစ္ေနရပါတယ္။

ဘယ္သူ႔စကားကုိ အတည္ယူရမွန္း မသိၾကေတာ့လုိ႔ပါ။ ဒီလုိ အခါမ်ဳိးမွာ အဆံုးအျဖတ္ေပးႏုိင္တဲ့ အစုိးရအဖြဲ႕က စာထုတ္ျပန္ျခင္း၊ သတင္းထုတ္ျပန္ျခင္း လံုးဝ မရွိတဲ့အျပင္ အစုိးရတာဝန္အရွိဆံုး ပုဂၢဳိလ္က တစ္လံုးတစ္ပါဒမွ် မဟႏုိင္တာက ပုိ၍ ဆန္းပါတယ္။

ဒါနဲ႔ ပတ္သက္ၿပီး တစ္ကုိယ္ေတာ္ အမ်ဳိး သားေရး လုပ္ေနတဲ့ ေဒၚျမတ္ဆုမြန္က ၿငိမ္း စုစီ တင္လုိက္ပါတယ္။ ေမလ ၆ ရက္ေန႔မွာ တစ္ကုိယ္ေတာ္ ဆႏၵျပမည့္အေၾကာင္း ေမလ ၃ ရက္ေန႔မွာ တင္လုိက္တာပါ။ ေမလ ၄ ရက္ေန႔ ေရာက္ေတာ့ ဒဂံုရဲစခန္းက ခြင့္မျပဳတဲ့အေၾကာင္း စာလာပုိ႔ပါတယ္။ စာ ထဲမွာပါတဲ့ အေၾကာင္းျပခ်က္ေတြကေတာ့ ယာဥ္သြားယာဥ္လာ မ်ားျပားတဲ့ေနရာျဖစ္လုိ႔ အမ်ားျပည္သူသြားလာရာ အဓိကက်တဲ့ ေနရာျဖစ္လုိ႔ ခြင့္မျပဳဘူး ဆုိတာပါပဲ။

ျပည္သူ႔ရင္ျပင္ေရွ႕ ျပည္လမ္း ေရႊတိဂံု ဘုရားဘက္ျခမ္းမွာ ေမလ ၆ ရက္ေန႔ မြန္းလြဲ ၂ နာရီမွ ၄ နာရီအထိ က်င္းပမည့္ တစ္ကုိယ္ေတာ္ ဆႏၵျပပြဲကုိ ခြင့္မျပဳတာ ျဖစ္ပါတယ္။

မိန္းမသားတစ္ေယာက္တည္း ဆႏၵထုတ္ေဖာ္ မွာကုိေတာင္ ဒီေလာက္ပိတ္ပင္ေနရင္ဆုိတဲ့ အေတြးမ်ဳိး ျပည္သူေတြ စိတ္ထဲ ေပၚေပါက္ လာပါေတာ့တယ္။

ေဒၚျမတ္ဆုမြန္ တစ္ကုိယ္ေတာ္ဆႏၵ ထုတ္ေဖာ္ေနက် ဆူးေလဘုရားနားက်ေတာ့ လည္း ၿငိမ္းစုစီဥပေဒနဲ႔ ၿငိစြန္းလုိ႔၊ ကန္႔သတ္ နယ္ေျမျဖစ္လုိ႔ဆုိၿပီး ခြင့္မေပးဘူး။ ၿငိမ္းစုစီ နဲ႔လည္းလြတ္ ကန္႔သတ္နယ္ေျမမွလည္း လြတ္တဲ့ အခုလုိ ေနရာမ်ဳိးက်ေတာ့လည္း ခြင့္မျပဳဆုိေတာ့ ဒီအစုိးရ လက္ထက္မွာ ဘယ္ေနရာမွာမွ ဆႏၵမျပရဆုိတဲ့ သေဘာမ်ဳိး သက္ေရာက္ သြားပါေတာ့တယ္။
ေဒၚျမတ္ဆုမြန္ ကုိင္ေဆာင္မည့္ လက္ကုိင္ စာတမ္းမ်ားကုိ ၾကည့္ၿပီး လန္႔သြားပံုေပၚပါတယ္။

၁။​ျပတ္သားခ်ိန္တန္ၿပီ
၂။​ျပန္ေခၚ ဘဂၤလီအေရးႏွင့္ ပတ္သက္၍ အစုိးရမွ တုိင္းရင္းသားျပည္သူ႔ဆႏၵႏွင့္ အညီ ျပတ္သားစြာ ထုတ္ျပန္ေၾကညာ ေပးရန္
၃။​ျပန္ေခၚ ဘဂၤလီအေရးအတြက္ အစုိးရ မွ ျပည္သူအား တိက်ျပတ္သားစြာ ရွင္းလင္းေပးရန္ႏွင့္ ပြင့္လင္းျမင္သာစြာ ထုတ္ျပန္ရန္
၄။ ျပည္ပၾသဇာခံ မဟုတ္သည့္ အစိုးရ ျဖစ္ေၾကာင္း သက္ေသျပရန္
ပထမအခ်က္ႏွင့္ စတုတၴအခ်က္သည္ အစိုးရ ဦးေခါင္းထိပ္တည့္တည့္ ထိမွန္ႏုိင္ၿပီး က်န္ႏွစ္ခ်က္မွာ ရင္ဘတ္တည့္တည့္ ထိမွန္ႏုိင္ မည့္ ျမားဦးမ်ားျဖစ္ေနလုိ႔ လန္႔ဖ်ပ္ၿပီး ခြင့္ မျပဳတာလည္း ျဖစ္ႏုိင္ပါတယ္။

ဝ-ဝ-ဝ

NVC ကတ္ႏွင့္ ပတ္သက္ၿပီး ေနာက္တစ္ ဖြဲ႕ ဆႏၵေဖာ္ထုတ္ဖုိ႔ တင္ျပလာတာကုိလည္း ခြင့္မျပဳေၾကာင္း ရဲတပ္ဖြဲ႕ရဲ႕စာကုိ ေတြ႕ရွိရ ျပန္ပါတယ္။

ေမလ ၁၃ ရက္ေန႔ ဗဟန္းၿမဳိ႕နယ္၊ ဗုိလ္စိန္မွန္ရပ္ကြက္မွ တာေမြၿမဳိ႕နယ္၊ က်ဳိကၠဆံ ကြင္းအထိ စီတန္းလွည့္လည္မည့္ ပြဲပါ။ ေဒၚယဥ္သီတာေအာင္က တာဝန္ခံတင္ျပထားၿပီး ေဒၚျမတ္ဆုမြန္က ေဟာေျပာသူအျဖစ္ ပါဝင္ မွာပါ။ ဒီပြဲကုိလည္း ယာဥ္အသြားအလာနဲ႔ အမ်ားျပည္သူ အသြားအလာမ်ားသည့္ အဓိကလမ္းမ်ားျဖစ္လုိ႔ဆုိတဲ့ အေၾကာင္း ျပခ်က္နဲ႔ပဲ ပယ္လုိက္တာပါ။

ေဒၚျမတ္ဆုမြန္ပါလုိ႔ ခြင့္မျပဳတာလားလုိ႔ ယူဆစရာရွိသလုိ ေဒၚျမတ္ဆုမြန္ကလည္း ေမလ ၄ ရက္ေန႔ သူမရဲ႕ေဖ့ဘုတ္မွာ အခုလုိ ရင္ဖြင့္ထားပါတယ္။

”၂ဝ၁၆၊ ၂ဝ၁၇ ကတည္းက မျပတ္သား ခဲ့လုိ႔ ဒီျပႆနာႀကီး ရွင္းေနရတာ။ ဒီျပႆနာႀကီး ရွင္းေနရလုိ႔ စီးပြားေရး၊ ပညာေရး ဘာမွ လုပ္မရတာ။ ျပည္သူ တစ္ေယာက္အေနနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္မႈကုိ ခြင့္ျပဳထားတဲ့ ေနရာထဲကပဲ ေတာင္းေနတာ။ လူစည္ကားလုိ႔ မေပးႏုိင္ဘူးဆုိရင္ အိမ္ထဲမွာ တစ္ေယာက္ တည္း ေအာ္ေနရမွာလား။

ျပန္ေခၚဘဂၤလီနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စု ဝန္ႀကီးေတြ တစ္ေယာက္တစ္ေပါက္ေျပာေန ၾကတယ္။ အစုိးရ ထုတ္ျပန္မႈ ဘာတစ္ခုမွ မရွိေတာ့လုိ႔ အစုိးရဆီက ပြင့္လင္းျမင္သာမႈကုိ လုိခ်င္တာ။ ေခတ္အဆက္ဆက္မွာ ေအာ္ခဲ့ ၾကတဲ့ ပြင့္လင္း ျမင္သာမႈ သူတုိ႔ေခတ္မွာ ေပ်ာက္ ေနၿပီ။ ျပည္သူ႔ဆႏၵႏွင့္အညီ ျပည္သူ႔အစုိးရ ဆုိတာ လုပ္ျပရမွာ။ ၿမဳိ႕လယ္ေခါင္မွာ ဆႏၵျပ သြားတာေတြ အမ်ားႀကီးပဲ။ ဘယ္သူမွ မဖမ္းဘူး။

အတုိက္အခံဘဝတုန္းက ႏုိင္ငံေရးသမား ေတြရဲ႕ လက္သံုးစကားေတြထဲမွာ ၿငိမ္းစုစီ အေၾကာင္းလည္း ပါဝင္ပါတယ္။ ခြင့္ျပဳမိန္႔ တင္ရတယ္ဆုိကတည္းက ဒီမုိကေရစီ မဟုတ္ေတာ့ဘူးဆုိတဲ့ စကားပါ။ ဒါေၾကာင့္ ဦးသိန္းစိန္ လက္ထက္မွာ အသိေပး႐ံုပဲ ေပးရပါတယ္။ ခြင့္ျပဳမိန္႔ မေစာင့္ရပါဘူး။

အတုိက္အခံ ႏုိင္ငံေရးသမားေတြ အာဏာ ရလာေတာ့ ၿငိမ္းစုစီ ဥပေဒကုိ ဟုိဟာျပင္ ဒီဟာျဖဳတ္ လုပ္ၾကပါေလေရာ။ ေနာက္ဆံုး ေတာ့ အသိေပး႐ံုနဲ႔တင္ မရေတာ့ဘဲ ခြင့္ျပဳ မိန္႔က်မွ ဆႏၵေဖာ္ထုတ္ရမည့္ဘဝ၊ ခြင့္မျပဳ ရင္ ေရငံုႏႈတ္ပိတ္ေနရမည့္ဘဝမ်ဳိး ေရာက္ရွိ သြားတာကေတာ့ ျပည္သူေတြပါပဲ။
ဝ-ဝ-ဝ

ျမစ္ႀကီးနားမွာ ကခ်င္စစ္ပြဲနဲ႔ပတ္သက္ၿပီး ေတာင္းဆုိၾကတာေတြက အမ်ဳိးမ်ဳိးပိတ္မိ ျပည္သူေတြကုိ လမ္းဖြင့္ေပးဖုိ႔ သပိတ္စခန္း ဖြင့္လုိဖြင့္၊ ခြင့္ျပဳမိန္႔မတင္ဘဲ စုေဝးေအာ္လုိ႔ ေအာ္နဲ႔ စံုေနတာပါပဲ။

ရဲေတြကလည္း စိတ္ရွည္ရွည္နဲ႔ ရွင္းျပ၊ NLD ပါတီကလည္း ၾကားဝင္ျဖန္ေျဖနဲ႔ ေအးေအးေဆးေဆးပဲ ၿပီးသြားခဲ့ပါတယ္။

ေခါင္းေဆာင္ႏွစ္ေယာက္ကုိ ၿငိမ္းစုစီ ဥပေဒအရ ဒဏ္ေငြ သံုးေသာင္းပဲ ႐ုိက္လုိက္ ပါတယ္။

ကခ်င္အေရးက ရန္ကုန္အထိ တက္လာ တယ္။ မူလေတာင္းဆုိမႈ မဟုတ္ေတာ့ဘူး။ ထုိးစစ္ေတြရပ္ဆုိတာ ပါလာျပန္တယ္။ ဒီထက္ဆုိးတာက ‘စစ္ေခြး အလုိမရွိ’ ဆုိတဲ့ စကားကုိ အႀကိမ္ႀကိမ္တုိင္ေပး အႀကိမ္ႀကိမ္ ဟစ္ေၾ<ြကးနဲ႔ ဆႏၵျပတာနဲ႔ေတာင္ မတူေတာ့ ပါဘူး။ လုပ္တာကလည္း ဆူးေလဘုရားနား မွာပါ။

တပ္မေတာ္သားမ်ားကုိ ဒီေလာက္ထိ ေစာ္ကားေနတာေတာင္ တားဆီးမည့္သူမရွိ၊ လူစုခြဲမည့္သူ မရွိခဲ့ပါဘူး။ ဖမ္းဖုိ႔ ဆီးဖုိ႔ဆုိ ပုိေဝးေပါ့။

ေမလ ၁၂ ရက္ေန႔မွာ စစ္ပြဲေတြရပ္ ေခါင္းစဥ္နဲ႔ ၿငိမ္းခ်မ္းေရး ခ်ီတက္ပြဲဆုိတာ လုပ္ၾကျပန္ပါေရာ။ ဒီတစ္ခါေတာ့ တာေမြ တံတားေအာက္ကေန လံုၿခဳံေရးအင္အား အမ်ား အျပားက ေစာင့္ေနၿပီး လူစုခြဲခုိင္းပါတယ္။ ေနာက္ ဖမ္းဆီးပါတယ္။ ေခါင္းေဆာင္အခ်ဳိ႕ ဖမ္းမိပါတယ္။ ေမလ ၁၃ ရက္ေန႔ ညေနပုိင္းမွာ ျပန္လႊတ္ေပးလုိက္ပါတယ္။

သပိတ္စခန္း ဖြင့္တာခ်င္း အတူတူ လမ္းေပၚ သပိတ္စခန္းက အၿဖဳိခြင္း မခံရဘဲ သာသနာ့ ဗိမာန္ထဲက သပိတ္စခန္းက အၾကမ္းဖက္ ၿဖဳိခြင္းခံရတာ၊ ဆႏၵျပတာခ်င္းအတူတူ ၿငိမ္းစုစီ ဥပေဒနဲ႔ပဲ အေရးယူခံရလုိ႔ ဒဏ္ေငြနဲ႔ပဲၿပီးသူကၿပီး အာမခံ ရသူကရ၊ ၅ဝ၅(ခ)နဲ႔ အစြဲခံရၿပီး ေထာင္ဒဏ္ တစ္ႏွစ္ခြဲ အခ်ခံရသူက ခံရ၊ အာမခံလည္း မရ ေဆး႐ံုတက္ခြင့္လည္း မရဘဲ ဝွီးခ်ဲႀကီးနဲ႔ ႐ံုးထြက္ေနရသူက ထြက္ေနရနဲ႔ ျမန္မာ့ဥပေဒဟာ မတူညီ မမွ်တတာေတြ ဒုနဲ႔ေဒး ေပၚေပါက္ေနပါေတာ့တယ္။
အမ်ဳိးသားေရး သပိတ္စခန္းမုိ႔ ၿဖဳိခြင္း ခံရတာလား၊ အမ်ဳိးသားေရးသမားမုိ႔အာမခံ မေပးတာလား၊ သံဃာေတာ္ေတြမုိ႔ ေထာင္ဒဏ္ ႀကီးႀကီး ခ်လုိက္တာလား၊ ေက်ာင္းသားေတြ သူပုန္ေတြမုိ႔ ဒဏ္ေငြေလးပဲ ခ်လုိက္တာလား၊ ခရစ္ယာန္၊ မူဆလင္ေတြမုိ႔ အာမခံ ေပးလုိက္ တာလား၊ အစုိးရဘက္ေတာ္သားေတြမုိ႔ ၅ဝ၅ (ခ) မတပ္တာလား၊

လူ႔အခြင့္အေရး၊ ဒီမုိ ကေရစီအေရး၊ တရားဥပေဒ စုိးမုိးေရးေတြနဲ႔ ျပည္သူကုိ လွည့္စားၿပီး တက္လာခဲ့တဲ့ အရပ္သား ဒီမုိကေရစီ အစုိးရႀကီး ေျဖေစခ်င္ပါတယ္။

ဝီရသူ(မစုိးရိမ္)

 

ဒီမိုကရေစီလို့ပြောရင် ယုံမှာတောာင်မဟုတ်ဘူး (၁၅)

(ပြည်ချစ်သား ဂျာနယ်ပါ ဆောင်းပါး။)

NVC ကတ် ရရှိထားသည့် တရားမဝင် ရောက်ရှိနေသော ဘင်္ဂါလီများကို တစ်နိုင်ငံလုံး လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုထား ပြီဖြစ်ကြောင်း လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သတင်းစာရှင်းလင်းပွဲမှာ ပြောလာပါတယ်။

နိုင်ငံရေး ပါတီများ၊ မျိုးချစ်ပြည်သူများ၊ ရဟန်းသံဃာတော်များ အပြင်းအထန် ကန့်ကွက်ကြပါတော့တယ်။ ကန့်ကွက်လောက်အောင်လည်း အင်မတန် အန္တရာယ်ကြီးပါတယ်။

အဲဒီနောက် နယ်စပ်ရေးရာ ဝန်ကြီး ဦးသိန်းဆွေက NVC ကတ် ကိုင်ဆောင်ရုံနဲ့ တစ်နိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့်ပေး တာဟာ ၁၉၈၂ ဥပဒေနှင့်မညီဘူး။

အဲဒီလို သွားလာခွင့် လုံးဝမရှိဘူး။ ခွင့်လည်းမပြု နိုင်ဘူးလို့ ဆိုပြန်ပါတယ်။ ဝန်ကြီး ဦးသိန်းဆွေ စကားကြောင့် မျိုးချစ်သံဃာထု၊ လူထုနှင့် နိုင်ငံရေးပါတီများ စိတ်အေးသွားရပေမယ့် အခုလို ပြည်ထောင်စုဝန်ကြီးတွေ တစ်ယောက် တစ်ပေါက် ပြောနေတာကြောင့် ပြည်သူတွေမှာ ဝေဝါးဒွိဟ ဖြစ်နေရပါတယ်။

ဘယ်သူ့စကားကို အတည်ယူရမှန်း မသိကြတော့လို့ပါ။ ဒီလို အခါမျိုးမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အစိုးရအဖွဲ့က စာထုတ်ပြန်ခြင်း၊ သတင်းထုတ်ပြန်ခြင်း လုံးဝ မရှိတဲ့အပြင် အစိုးရတာဝန်အရှိဆုံး ပုဂ္ဂိုလ်က တစ်လုံးတစ်ပါဒမျှ မဟနိုင်တာက ပို၍ ဆန်းပါတယ်။

ဒါနဲ့ ပတ်သက်ပြီး တစ်ကိုယ်တော် အမျိုး သားရေး လုပ်နေတဲ့ ဒေါ်မြတ်ဆုမွန်က ငြိမ်း စုစီ တင်လိုက်ပါတယ်။ မေလ ၆ ရက်နေ့မှာ တစ်ကိုယ်တော် ဆန္ဒပြမည့်အကြောင်း မေလ ၃ ရက်နေ့မှာ တင်လိုက်တာပါ။ မေလ ၄ ရက်နေ့ ရောက်တော့ ဒဂုံရဲစခန်းက ခွင့်မပြုတဲ့အကြောင်း စာလာပို့ပါတယ်။ စာ ထဲမှာပါတဲ့ အကြောင်းပြချက်တွေကတော့ ယာဉ်သွားယာဉ်လာ များပြားတဲ့နေရာဖြစ်လို့ အများပြည်သူသွားလာရာ အဓိကကျတဲ့ နေရာဖြစ်လို့ ခွင့်မပြုဘူး ဆိုတာပါပဲ။

ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်း ရွှေတိဂုံ ဘုရားဘက်ခြမ်းမှာ မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ ကျင်းပမည့် တစ်ကိုယ်တော် ဆန္ဒပြပွဲကို ခွင့်မပြုတာ ဖြစ်ပါတယ်။

မိန်းမသားတစ်ယောက်တည်း ဆန္ဒထုတ်ဖော် မှာကိုတောင် ဒီလောက်ပိတ်ပင်နေရင်ဆိုတဲ့ အတွေးမျိုး ပြည်သူတွေ စိတ်ထဲ ပေါ်ပေါက် လာပါတော့တယ်။

ဒေါ်မြတ်ဆုမွန် တစ်ကိုယ်တော်ဆန္ဒ ထုတ်ဖော်နေကျ ဆူးလေဘုရားနားကျတော့ လည်း ငြိမ်းစုစီဥပဒေနဲ့ ငြိစွန်းလို့၊ ကန့်သတ် နယ်မြေဖြစ်လို့ဆိုပြီး ခွင့်မပေးဘူး။ ငြိမ်းစုစီ နဲ့လည်းလွတ် ကန့်သတ်နယ်မြေမှလည်း လွတ်တဲ့ အခုလို နေရာမျိုးကျတော့လည်း ခွင့်မပြုဆိုတော့ ဒီအစိုးရ လက်ထက်မှာ ဘယ်နေရာမှာမှ ဆန္ဒမပြရဆိုတဲ့ သဘောမျိုး သက်ရောက် သွားပါတော့တယ်။
ဒေါ်မြတ်ဆုမွန် ကိုင်ဆောင်မည့် လက်ကိုင် စာတမ်းများကို ကြည့်ပြီး လန့်သွားပုံပေါ်ပါတယ်။

၁။ပြတ်သားချိန်တန်ပြီ
၂။ပြန်ခေါ် ဘင်္ဂလီအရေးနှင့် ပတ်သက်၍ အစိုးရမှ တိုင်းရင်းသားပြည်သူ့ဆန္ဒနှင့် အညီ ပြတ်သားစွာ ထုတ်ပြန်ကြေညာ ပေးရန်
၃။ပြန်ခေါ် ဘင်္ဂလီအရေးအတွက် အစိုးရ မှ ပြည်သူအား တိကျပြတ်သားစွာ ရှင်းလင်းပေးရန်နှင့် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန်
၄။ ပြည်ပသြဇာခံ မဟုတ်သည့် အစိုးရ ဖြစ်ကြောင်း သက်သေပြရန်
ပထမအချက်နှင့် စတုတ္ထအချက်သည် အစိုးရ ဦးခေါင်းထိပ်တည့်တည့် ထိမှန်နိုင်ပြီး ကျန်နှစ်ချက်မှာ ရင်ဘတ်တည့်တည့် ထိမှန်နိုင် မည့် မြားဦးများဖြစ်နေလို့ လန့်ဖျပ်ပြီး ခွင့် မပြုတာလည်း ဖြစ်နိုင်ပါတယ်။

ဝ-ဝ-ဝ

NVC ကတ်နှင့် ပတ်သက်ပြီး နောက်တစ် ဖွဲ့ ဆန္ဒဖော်ထုတ်ဖို့ တင်ပြလာတာကိုလည်း ခွင့်မပြုကြောင်း ရဲတပ်ဖွဲ့ရဲ့စာကို တွေ့ရှိရ ပြန်ပါတယ်။

မေလ ၁၃ ရက်နေ့ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်မှ တာမွေမြို့နယ်၊ ကျိုက္ကဆံ ကွင်းအထိ စီတန်းလှည့်လည်မည့် ပွဲပါ။ ဒေါ်ယဉ်သီတာအောင်က တာဝန်ခံတင်ပြထားပြီး ဒေါ်မြတ်ဆုမွန်က ဟောပြောသူအဖြစ် ပါဝင် မှာပါ။ ဒီပွဲကိုလည်း ယာဉ်အသွားအလာနဲ့ အများပြည်သူ အသွားအလာများသည့် အဓိကလမ်းများဖြစ်လို့ဆိုတဲ့ အကြောင်း ပြချက်နဲ့ပဲ ပယ်လိုက်တာပါ။

ဒေါ်မြတ်ဆုမွန်ပါလို့ ခွင့်မပြုတာလားလို့ ယူဆစရာရှိသလို ဒေါ်မြတ်ဆုမွန်ကလည်း မေလ ၄ ရက်နေ့ သူမရဲ့ဖေ့ဘုတ်မှာ အခုလို ရင်ဖွင့်ထားပါတယ်။

”၂ဝ၁၆၊ ၂ဝ၁၇ ကတည်းက မပြတ်သား ခဲ့လို့ ဒီပြဿနာကြီး ရှင်းနေရတာ။ ဒီပြဿနာကြီး ရှင်းနေရလို့ စီးပွားရေး၊ ပညာရေး ဘာမှ လုပ်မရတာ။ ပြည်သူ တစ်ယောက်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို ခွင့်ပြုထားတဲ့ နေရာထဲကပဲ တောင်းနေတာ။ လူစည်ကားလို့ မပေးနိုင်ဘူးဆိုရင် အိမ်ထဲမှာ တစ်ယောက် တည်း အော်နေရမှာလား။

ပြန်ခေါ်ဘင်္ဂလီနဲ့ပတ်သက်ပြီး ပြည်ထောင်စု ဝန်ကြီးတွေ တစ်ယောက်တစ်ပေါက်ပြောနေ ကြတယ်။ အစိုးရ ထုတ်ပြန်မှု ဘာတစ်ခုမှ မရှိတော့လို့ အစိုးရဆီက ပွင့်လင်းမြင်သာမှုကို လိုချင်တာ။ ခေတ်အဆက်ဆက်မှာ အော်ခဲ့ ကြတဲ့ ပွင့်လင်း မြင်သာမှု သူတို့ခေတ်မှာ ပျောက် နေပြီ။ ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့အစိုးရ ဆိုတာ လုပ်ပြရမှာ။ မြို့လယ်ခေါင်မှာ ဆန္ဒပြ သွားတာတွေ အများကြီးပဲ။ ဘယ်သူမှ မဖမ်းဘူး။

အတိုက်အခံဘဝတုန်းက နိုင်ငံရေးသမား တွေရဲ့ လက်သုံးစကားတွေထဲမှာ ငြိမ်းစုစီ အကြောင်းလည်း ပါဝင်ပါတယ်။ ခွင့်ပြုမိန့် တင်ရတယ်ဆိုကတည်းက ဒီမိုကရေစီ မဟုတ်တော့ဘူးဆိုတဲ့ စကားပါ။ ဒါကြောင့် ဦးသိန်းစိန် လက်ထက်မှာ အသိပေးရုံပဲ ပေးရပါတယ်။ ခွင့်ပြုမိန့် မစောင့်ရပါဘူး။

အတိုက်အခံ နိုင်ငံရေးသမားတွေ အာဏာ ရလာတော့ ငြိမ်းစုစီ ဥပဒေကို ဟိုဟာပြင် ဒီဟာဖြုတ် လုပ်ကြပါလေရော။ နောက်ဆုံး တော့ အသိပေးရုံနဲ့တင် မရတော့ဘဲ ခွင့်ပြု မိန့်ကျမှ ဆန္ဒဖော်ထုတ်ရမည့်ဘဝ၊ ခွင့်မပြု ရင် ရေငုံနှုတ်ပိတ်နေရမည့်ဘဝမျိုး ရောက်ရှိ သွားတာကတော့ ပြည်သူတွေပါပဲ။
ဝ-ဝ-ဝ

မြစ်ကြီးနားမှာ ကချင်စစ်ပွဲနဲ့ပတ်သက်ပြီး တောင်းဆိုကြတာတွေက အမျိုးမျိုးပိတ်မိ ပြည်သူတွေကို လမ်းဖွင့်ပေးဖို့ သပိတ်စခန်း ဖွင့်လိုဖွင့်၊ ခွင့်ပြုမိန့်မတင်ဘဲ စုဝေးအော်လို့ အော်နဲ့ စုံနေတာပါပဲ။

ရဲတွေကလည်း စိတ်ရှည်ရှည်နဲ့ ရှင်းပြ၊ NLD ပါတီကလည်း ကြားဝင်ဖြန်ဖြေနဲ့ အေးအေးဆေးဆေးပဲ ပြီးသွားခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ယောက်ကို ငြိမ်းစုစီ ဥပဒေအရ ဒဏ်ငွေ သုံးသောင်းပဲ ရိုက်လိုက် ပါတယ်။

ကချင်အရေးက ရန်ကုန်အထိ တက်လာ တယ်။ မူလတောင်းဆိုမှု မဟုတ်တော့ဘူး။ ထိုးစစ်တွေရပ်ဆိုတာ ပါလာပြန်တယ်။ ဒီထက်ဆိုးတာက ‘စစ်ခွေး အလိုမရှိ’ ဆိုတဲ့ စကားကို အကြိမ်ကြိမ်တိုင်ပေး အကြိမ်ကြိမ် ဟစ်ေြ<ွကးနဲ့ ဆန္ဒပြတာနဲ့တောင် မတူတော့ ပါဘူး။ လုပ်တာကလည်း ဆူးလေဘုရားနား မှာပါ။

တပ်မတော်သားများကို ဒီလောက်ထိ စော်ကားနေတာတောင် တားဆီးမည့်သူမရှိ၊ လူစုခွဲမည့်သူ မရှိခဲ့ပါဘူး။ ဖမ်းဖို့ ဆီးဖို့ဆို ပိုဝေးပေါ့။

မေလ ၁၂ ရက်နေ့မှာ စစ်ပွဲတွေရပ် ခေါင်းစဉ်နဲ့ ငြိမ်းချမ်းရေး ချီတက်ပွဲဆိုတာ လုပ်ကြပြန်ပါရော။ ဒီတစ်ခါတော့ တာမွေ တံတားအောက်ကနေ လုံခြုံရေးအင်အား အများ အပြားက စောင့်နေပြီး လူစုခွဲခိုင်းပါတယ်။ နောက် ဖမ်းဆီးပါတယ်။ ခေါင်းဆောင်အချို့ ဖမ်းမိပါတယ်။ မေလ ၁၃ ရက်နေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

သပိတ်စခန်း ဖွင့်တာချင်း အတူတူ လမ်းပေါ် သပိတ်စခန်းက အဖြိုခွင်း မခံရဘဲ သာသနာ့ ဗိမာန်ထဲက သပိတ်စခန်းက အကြမ်းဖက် ဖြိုခွင်းခံရတာ၊ ဆန္ဒပြတာချင်းအတူတူ ငြိမ်းစုစီ ဥပဒေနဲ့ပဲ အရေးယူခံရလို့ ဒဏ်ငွေနဲ့ပဲပြီးသူကပြီး အာမခံ ရသူကရ၊ ၅ဝ၅(ခ)နဲ့ အစွဲခံရပြီး ထောင်ဒဏ် တစ်နှစ်ခွဲ အချခံရသူက ခံရ၊ အာမခံလည်း မရ ဆေးရုံတက်ခွင့်လည်း မရဘဲ ဝှီးချဲကြီးနဲ့ ရုံးထွက်နေရသူက ထွက်နေရနဲ့ မြန်မာ့ဥပဒေဟာ မတူညီ မမျှတတာတွေ ဒုနဲ့ဒေး ပေါ်ပေါက်နေပါတော့တယ်။
အမျိုးသားရေး သပိတ်စခန်းမို့ ဖြိုခွင်း ခံရတာလား၊ အမျိုးသားရေးသမားမို့အာမခံ မပေးတာလား၊ သံဃာတော်တွေမို့ ထောင်ဒဏ် ကြီးကြီး ချလိုက်တာလား၊ ကျောင်းသားတွေ သူပုန်တွေမို့ ဒဏ်ငွေလေးပဲ ချလိုက်တာလား၊ ခရစ်ယာန်၊ မူဆလင်တွေမို့ အာမခံ ပေးလိုက် တာလား၊ အစိုးရဘက်တော်သားတွေမို့ ၅ဝ၅ (ခ) မတပ်တာလား၊

လူ့အခွင့်အရေး၊ ဒီမို ကရေစီအရေး၊ တရားဥပဒေ စိုးမိုးရေးတွေနဲ့ ပြည်သူကို လှည့်စားပြီး တက်လာခဲ့တဲ့ အရပ်သား ဒီမိုကရေစီ အစိုးရကြီး ဖြေစေချင်ပါတယ်။

ဝီရသူ(မစိုးရိမ်)