သတင္း

အျပည့္ခံ ႏွလံုးသားနဲ႕ အမုန္းခံလူစား

ထြက္ပါၿပီ 📚

၂၀၁၈ ခုႏွစ္အတြက္ စာေရးသူရဲ႕ တတိယေျမာက္စာအုပ္📙

ဦးဝီရသူကို အျမင္းေစာင္းေနသူေတြေကာ အေကာင္းျမင္သူေတြပါ သူ႔အေၾကာင္း ေကာင္းေကာင္းသိဖို႔ ဖတ္ရမယ့္စာအုပ္

🔹အျဖည့္ခံႏွလံုးသားပိုင္ရွင္တစ္ဦးအတြက္ အေၾကာင္းျပနိဒါန္း🔹

ပထမဆံုးအေရးတစ္ႀကီးေျပာခ်င္တာကေတာ့ ယခုစာအုပ္ငယ္ဟာ ေလာ္ဘီအျမင္နဲ႔ ေလာ္လီၿပီးေရးထားတဲ့ စာအုပ္မဟုတ္သလို မ်က္ေစ့စံုမွိတ္ၿပီး ဘုန္းေတာ္ဘြဲ႔ေတြကို ဇြတ္ေရးထားတာမဟုတ္ဘူးဆိုတာပါပဲ။

အင္တာနက္စာမ်က္ႏွာမ်ားနဲ႔ ျပင္ပေလာကမွာပါ ပညာလည္းတတ္ သီလလည္းရွိတဲ့ ပရိယတၱိ၀န္ေဆာင္ ဆရာေတာ္တပါးကို အမနာပ ရစရာမရွိေအာင္ ပုတ္ခတ္ေ၀ဘန္ၿပီး ေပ်ာ္ေပ်ာ္ပါးပါးႀကီး ေစာ္ကားေနတာကိုေတြ႔ရေတာ့ ရဟန္းတပါးအေနနဲ႔ ထိတ္လန္႔မိသလို ေစာ္ကားသူေတြကိုလည္း သနားစိတ္ျဖစ္မိတယ္။

ဆရာေတာ္ကိုဆဲဆိုေနၾကသူေတြအထဲမွာ ဘာသာျခားေတြပါသလို ပုဂၢိဳလ္စြဲအတၱစိတ္အားႀကီးတဲ့ ဗုဒၶဘာသာေတြလည္း ပါ၀င္ေနတာကိုေတြ႕ရပါတယ္။ ဘာသာျခားေတြကိုေတာ့ အထူးေျပာစရာ မရွိေပမယ့္ ဗုဒၶဘာသာ၀င္ေတြအတြက္ေတာ့ စဥ္းစားစရာေတြ ေျပာစရာေတြ ရွင္းျပစရာေတြရွိ လာပါတယ္။

ဆရာေတာ္ကို ေစာ္ကားေနၾကသူ ဗုဒၶဘာသာ၀င္မ်ားမွာ….။
(၁) ႏိုင္ငံေရးအရ တမင္သက္သက္ ေစာ္ကားေနၾကသူမ်ား။
(၂) ၀ါဒျဖန္႔ေသြးထိုးသူမ်ားရဲ့ မဟုတ္အတင္း အမွားသတင္းေတြကို အဟုတ္ထင္ၿပီး မသိလို႔ ေစာ္ကားမိသူမ်ား ဆိုၿပီး အုပ္စုႏွစ္စုေတြ႔ရပါတယ္။

ပထမအုပ္စု၀င္ပုဂၢဳိလ္မ်ားကို မ်က္လံုးစံုမွိတ္ၿပီး ဇြတ္မိုက္ေနၾကသူမ်ားျဖစ္လို႔ လွ်စ္လ်ဴရႈထားတာ နည္းလမ္းက်ေပမယ့္ ေလွာ္သူ၊ေလာ္သူတို႔ရဲ႕ အလိမ္အညာစကားကို အဟုတ္ထင္ၿပီး မသိလို႔ ေစာ္ကား ေနမိသူမ်ားအတြက္ အမွန္အတိုင္း ခ်ျပေပးခ်င္တဲ့စိတ္ အကုသိုလ္ကြန္ယက္ႀကီးထဲက ဆြဲထုတ္ခ်င္တဲ့စိတ္ေတြဟာ စာေရးသူရဲ့ ႏွလံုးဘ၀င္မွာ အင္အားႀကီးႀကီးမားမား နဲ႔ျဖစ္တည္ေနခဲ့ပါတယ္။

ဒါ့ေၾကာင့္ ျပည္ပကေန ျမန္မာျပည္ကိုေရာက္ကတည္းက တျခားအလုပ္ေတြ႔ကို ေဘးခ်ိတ္ၿပီး အြန္လိုင္းစာမ်က္ႏွာမ်ားမွာ ဆရာေတာ္ဦး၀ီရသူအေပၚ လူေျပာမ်ားေနတဲ့ အခ်က္ေတြကို မွတ္သားၿပီး ဆရာေတာ္အနီးအနားကို လူကိုယ္တိုင္သြားၿပီး ေလ့လာအကဲခတ္ေနခဲ့ပါတယ္။

စာေရသူဟာ ဟိုအရင္ဆယ္စုႏွစ္ေတြကတည္းက ဆရာေတာ္ကိုေလး စာၾကည္ညိဳစိတ္ရွိရင္စြဲရွိ ေပမယ့္ ဆရာေတာ္အေပၚစြတ္စြဲခ်က္ေတြကို ဟုတ္မဟုတ္၊မွန္မမွန္ေလ့လာတဲ့အခါမွာေတာ့ ဆႏၵာဂတိေနာက္ကို မလိုက္ဘဲ ေလ့လာသူတစ္ဦးရဲ့အျမင္ သုေတတနလုပ္သူ Scholar တစ္ဦးရဲ့ရႈေဒါင့္ကေနသာ ေလ့လာၿပီးေရးသားခဲ့တာျဖစ္ပါတယ္။

အခုစာအုပ္မွာပါတဲ့ အခ်က္အလက္အလက္ေတြကို စာေရးသူကိုယ္တိုင္ ေလ့လာသုေတ သနျပဳခ်က္မ်ား၊ ဆရာေတာ္ႏွင့္သက္ဆိုင္သည့္ ရုပ္သံဖိုင္မ်ားကို အဓိကထားၿပီးေရး သားထားျခင္းျဖစ္ပါတယ္။ ေရးေနစဥ္နဲ႔ ေရးၿပီးတဲ့အခါတိုင္းမွာလည္း ဆရာေတာ္ကိုတိုင္ပင္တာ ဖတ္ခိုင္းတာမရွိပါဘူး။ လက္၀ါးရိုက္ၿပီးေရးတာမ်ိဳး မျဖစ္ခ်င္တာေၾကာင့္ေရာ စာေရးသူအေနနဲ႔လည္း ကိုယ္ေရးတဲ့စာအေပၚကို သစၥာရွိခ်င္တာေၾကာင့္ပါ။

ယခုစာအုပ္ငယ္ဟာ ဆရာေတာ္ဘက္ကေန ကာဗာလုပ္ေရးထားတဲ့စာအုပ္မဟုတ္ဘဲ မသိလို႔ ေစာ္ကားမိသူမ်ား အမွန္ျမင္ၿပီး အခ်ိန္မီျပဳျပင္ေစခ်င္တဲ့ဆႏၵ၊ အကုသိုလ္အညစ္အေက်းေတြကို နည္းပါး ကင္းေစခ်င္တဲ့ေစတနာနဲ႔ သုေတသနျပဳေရးသားထားျခင္းျဖစ္ပါတယ္္။

ဗုဒၶဘာသာဆိုတာ “၀ိဘဇၨ၀ါဒ”ျဖစ္ပါတယ္။ ၀ိဘဇၨ၀ါဒဆိုတာ ကိုယ္ပိုင္အသိဉာဏ္နဲ႔ ျဖစ္ႏိုင္တယ္ မျဖစ္ႏိုင္ဘူး၊စတဲ့ အေကာင္း အဆိုး၊ အေၾကာင္း အက်ိဳးကို သံုးသတ္ဆင္ျခင္ၿပီးမွ လက္ခံတဲ့၀ါဒပါ။ သူတပါးေျပာတိုင္းယံုတာ သူမ်ားလွည့္တိုင္း လည္သြားတာဟာ ဗုဒၶအလိုေတာ္က် ၀ိဘဇၨ၀ါဒ မဟုတ္ပါဘူး။

ဒါ့ေၾကာင့္ ဘယ္အရာကိုမဆို ကိုယ္တိုင္ေလ့လာၿပီးမွသာ ဆံုးျဖတ္ၾကပါ၊ ယခုဆရာေတာ္ဦး၀ီရသူနဲ႔ ပတ္သက္ၿပီး စာေရးသူေရးသားထားတာကိုလည္း မွတ္ေစ့မွိတ္ၿပီး မယံုၾကည္ၾကပါနဲ႔ ကိုယ္တိုင္ကိုယ္က် ေလ့လာဆန္းစစ္ၾကည့္ပါ ၿပီးတဲ့အခါမွသာ စာရႈသူကိုယ္တိုင္ အမွား၊အမွန္ကို ဆံုးျဖတ္ၾကပါလို႔ တိုက္တြန္းလိုပါတယ္။

ေနာက္ဆံုးအေနနဲ႔ “အျခားေသာအခ်ိဳ႕သူမ်ားနဲ႕ စာေရးသူကိုယ္တိုင္ပင္ ကိုယ္က်ိဳးစီးပြားအတြက္ အမ်ိဳးဘာသာ သာသနာကို ခုတံုးလုပ္တာမရွိဘူး၊လုပ္မွာမဟုတ္ဘူးလို႔ အာမဘေႏၱမခံႏိုင္သည့္တိုင္ ဆရာေတာ္ဦး၀ီရသူ တစ္ပါးကိုေတာ့ျဖင့္ ကိုယ္က်ိဳးစီးပြားအတြက္ အမ်ိဳးဘာသာ သာသနာကို ခုတံုးလုပ္တာမရွိဘူး၊လုပ္မွာမဟုတ္ဘူးဆိုတာကို ရဲ၀ံ့စြာ အာမခံႏိုင္ပါေၾကာင္း” ထပ္ေလာင္းေျပာၾကားလိုက္ရပါတယ္။

“သုခိတာ ေဟာထ၊ ဒုကၡာ မုစၥထ”

(ခ်မ္းသာဟူသမွ် ျပည္စံုၾကပါေစ၊ ဆင္းရဲမွန္သမွ် ကင္းေ၀ၾကပါေစ)

“ဓမၼ၀ီရ ေဒါက္တာေတဇနိယ”
ဓမၼာစရိယ၊ Dip, B.A, M.A, Ph.D,

 

 

 

 

အပြည့်ခံ နှလုံးသားနဲ့ အမုန်းခံလူစား

ထွက်ပါပြီ 📚

၂၀၁၈ ခုနှစ်အတွက် စာရေးသူရဲ့ တတိယမြောက်စာအုပ်📙

ဦးဝီရသူကို အမြင်းစောင်းနေသူတွေကော အကောင်းမြင်သူတွေပါ သူ့အကြောင်း ကောင်းကောင်းသိဖို့ ဖတ်ရမယ့်စာအုပ်

🔹အဖြည့်ခံနှလုံးသားပိုင်ရှင်တစ်ဦးအတွက် အကြောင်းပြနိဒါန်း🔹

ပထမဆုံးအရေးတစ်ကြီးပြောချင်တာကတော့ ယခုစာအုပ်ငယ်ဟာ လော်ဘီအမြင်နဲ့ လော်လီပြီးရေးထားတဲ့ စာအုပ်မဟုတ်သလို မျက်စေ့စုံမှိတ်ပြီး ဘုန်းတော်ဘွဲ့တွေကို ဇွတ်ရေးထားတာမဟုတ်ဘူးဆိုတာပါပဲ။

အင်တာနက်စာမျက်နှာများနဲ့ ပြင်ပလောကမှာပါ ပညာလည်းတတ် သီလလည်းရှိတဲ့ ပရိယတ္တိဝန်ဆောင် ဆရာတော်တပါးကို အမနာပ ရစရာမရှိအောင် ပုတ်ခတ်ဝေဘန်ပြီး ပျော်ပျော်ပါးပါးကြီး စော်ကားနေတာကိုတွေ့ရတော့ ရဟန်းတပါးအနေနဲ့ ထိတ်လန့်မိသလို စော်ကားသူတွေကိုလည်း သနားစိတ်ဖြစ်မိတယ်။

ဆရာတော်ကိုဆဲဆိုနေကြသူတွေအထဲမှာ ဘာသာခြားတွေပါသလို ပုဂ္ဂိုလ်စွဲအတ္တစိတ်အားကြီးတဲ့ ဗုဒ္ဓဘာသာတွေလည်း ပါဝင်နေတာကိုတွေ့ရပါတယ်။ ဘာသာခြားတွေကိုတော့ အထူးပြောစရာ မရှိပေမယ့် ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ စဉ်းစားစရာတွေ ပြောစရာတွေ ရှင်းပြစရာတွေရှိ လာပါတယ်။

ဆရာတော်ကို စော်ကားနေကြသူ ဗုဒ္ဓဘာသာဝင်များမှာ….။
(၁) နိုင်ငံရေးအရ တမင်သက်သက် စော်ကားနေကြသူများ။
(၂) ဝါဒဖြန့်သွေးထိုးသူများရဲ့ မဟုတ်အတင်း အမှားသတင်းတွေကို အဟုတ်ထင်ပြီး မသိလို့ စော်ကားမိသူများ ဆိုပြီး အုပ်စုနှစ်စုတွေ့ရပါတယ်။

ပထမအုပ်စုဝင်ပုဂ္ဂိုလ်များကို မျက်လုံးစုံမှိတ်ပြီး ဇွတ်မိုက်နေကြသူများဖြစ်လို့ လျှစ်လျူရှုထားတာ နည်းလမ်းကျပေမယ့် လှော်သူ၊လော်သူတို့ရဲ့ အလိမ်အညာစကားကို အဟုတ်ထင်ပြီး မသိလို့ စော်ကား နေမိသူများအတွက် အမှန်အတိုင်း ချပြပေးချင်တဲ့စိတ် အကုသိုလ်ကွန်ယက်ကြီးထဲက ဆွဲထုတ်ချင်တဲ့စိတ်တွေဟာ စာရေးသူရဲ့ နှလုံးဘဝင်မှာ အင်အားကြီးကြီးမားမား နဲ့ဖြစ်တည်နေခဲ့ပါတယ်။

ဒါ့ကြောင့် ပြည်ပကနေ မြန်မာပြည်ကိုရောက်ကတည်းက တခြားအလုပ်တွေ့ကို ဘေးချိတ်ပြီး အွန်လိုင်းစာမျက်နှာများမှာ ဆရာတော်ဦးဝီရသူအပေါ် လူပြောများနေတဲ့ အချက်တွေကို မှတ်သားပြီး ဆရာတော်အနီးအနားကို လူကိုယ်တိုင်သွားပြီး လေ့လာအကဲခတ်နေခဲ့ပါတယ်။

စာရေသူဟာ ဟိုအရင်ဆယ်စုနှစ်တွေကတည်းက ဆရာတော်ကိုလေး စာကြည်ညိုစိတ်ရှိရင်စွဲရှိ ပေမယ့် ဆရာတော်အပေါ်စွတ်စွဲချက်တွေကို ဟုတ်မဟုတ်၊မှန်မမှန်လေ့လာတဲ့အခါမှာတော့ ဆန္ဒာဂတိနောက်ကို မလိုက်ဘဲ လေ့လာသူတစ်ဦးရဲ့အမြင် သုတေတနလုပ်သူ Scholar တစ်ဦးရဲ့ရှုဒေါင့်ကနေသာ လေ့လာပြီးရေးသားခဲ့တာဖြစ်ပါတယ်။

အခုစာအုပ်မှာပါတဲ့ အချက်အလက်အလက်တွေကို စာရေးသူကိုယ်တိုင် လေ့လာသုတေ သနပြုချက်များ၊ ဆရာတော်နှင့်သက်ဆိုင်သည့် ရုပ်သံဖိုင်များကို အဓိကထားပြီးရေး သားထားခြင်းဖြစ်ပါတယ်။ ရေးနေစဉ်နဲ့ ရေးပြီးတဲ့အခါတိုင်းမှာလည်း ဆရာတော်ကိုတိုင်ပင်တာ ဖတ်ခိုင်းတာမရှိပါဘူး။ လက်ဝါးရိုက်ပြီးရေးတာမျိုး မဖြစ်ချင်တာကြောင့်ရော စာရေးသူအနေနဲ့လည်း ကိုယ်ရေးတဲ့စာအပေါ်ကို သစ္စာရှိချင်တာကြောင့်ပါ။

ယခုစာအုပ်ငယ်ဟာ ဆရာတော်ဘက်ကနေ ကာဗာလုပ်ရေးထားတဲ့စာအုပ်မဟုတ်ဘဲ မသိလို့ စော်ကားမိသူများ အမှန်မြင်ပြီး အချိန်မီပြုပြင်စေချင်တဲ့ဆန္ဒ၊ အကုသိုလ်အညစ်အကျေးတွေကို နည်းပါး ကင်းစေချင်တဲ့စေတနာနဲ့ သုတေသနပြုရေးသားထားခြင်းဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဆိုတာ “ဝိဘဇ္ဇဝါဒ”ဖြစ်ပါတယ်။ ဝိဘဇ္ဇဝါဒဆိုတာ ကိုယ်ပိုင်အသိဉာဏ်နဲ့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး၊စတဲ့ အကောင်း အဆိုး၊ အကြောင်း အကျိုးကို သုံးသတ်ဆင်ခြင်ပြီးမှ လက်ခံတဲ့ဝါဒပါ။ သူတပါးပြောတိုင်းယုံတာ သူများလှည့်တိုင်း လည်သွားတာဟာ ဗုဒ္ဓအလိုတော်ကျ ဝိဘဇ္ဇဝါဒ မဟုတ်ပါဘူး။

ဒါ့ကြောင့် ဘယ်အရာကိုမဆို ကိုယ်တိုင်လေ့လာပြီးမှသာ ဆုံးဖြတ်ကြပါ၊ ယခုဆရာတော်ဦးဝီရသူနဲ့ ပတ်သက်ပြီး စာရေးသူရေးသားထားတာကိုလည်း မှတ်စေ့မှိတ်ပြီး မယုံကြည်ကြပါနဲ့ ကိုယ်တိုင်ကိုယ်ကျ လေ့လာဆန်းစစ်ကြည့်ပါ ပြီးတဲ့အခါမှသာ စာရှုသူကိုယ်တိုင် အမှား၊အမှန်ကို ဆုံးဖြတ်ကြပါလို့ တိုက်တွန်းလိုပါတယ်။

နောက်ဆုံးအနေနဲ့ “အခြားသောအချို့သူများနဲ့ စာရေးသူကိုယ်တိုင်ပင် ကိုယ်ကျိုးစီးပွားအတွက် အမျိုးဘာသာ သာသနာကို ခုတုံးလုပ်တာမရှိဘူး၊လုပ်မှာမဟုတ်ဘူးလို့ အာမဘန္တေမခံနိုင်သည့်တိုင် ဆရာတော်ဦးဝီရသူ တစ်ပါးကိုတော့ဖြင့် ကိုယ်ကျိုးစီးပွားအတွက် အမျိုးဘာသာ သာသနာကို ခုတုံးလုပ်တာမရှိဘူး၊လုပ်မှာမဟုတ်ဘူးဆိုတာကို ရဲဝံ့စွာ အာမခံနိုင်ပါကြောင်း” ထပ်လောင်းပြောကြားလိုက်ရပါတယ်။

“သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ”

(ချမ်းသာဟူသမျှ ပြည်စုံကြပါစေ၊ ဆင်းရဲမှန်သမျှ ကင်းဝေကြပါစေ)

“ဓမ္မဝီရ ဒေါက်တာတေဇနိယ”
ဓမ္မာစရိယ၊ Dip, B.A, M.A, Ph.D,