သတင်း

ဝီရသူကိုချစ်ကြသူများ(၂)

We Love Wira Thu လက်မှတ်ကောက်တဲ့ လှုပ်ရှားမှု Campaign မန္တလေး နောက်ဆုံးနေ့ပါ။ အမရပူရမြို့ ဗုဒ္ဓရက္ခိတ ကျောင်းတိုက်(ဒေါ်သီသနပ်ခါး)ကျောင်းရှေ့မှာ ကျင်းပတာပါ။ ညနေစောင်းမှာ သွားရောက်အားပေးခဲ့ပါတယ်။

သံဃာတော်များ သီလရှင်များအပြင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများ ရပ်ကွက်သူရပ်ကွက်သားများ ထောက်ခံလက်မှတ်ရေးထိုးကြပါတယ်။ လုပ်အားပေးမျိုးချစ်အဖွဲ့သားများကို မန်း မဘသ တွဲဖက်အကျိုးတော်ဆောင်နန်းဦးဆရာတော် ဘဒ္ဒန္တဝဏ္ဏိတမှ အာဟာရဒါနပြုလှူဒါန်းပါတယ်။

ရှေးဦးစွာ ဒေါ်သီးသနပ်ခါးကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးအား ဖူးမြှော်ပူဇော်ပြီး မျိုးချစ်ညီနောင် အပေါင်းအား နှုတ်ခွန်းဆက်သပါတယ်။ အားလုံးပြီးတဲ့အခါ စုပေါင်းဓာတ်ပုံရိုက်ကြပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်နဲ့ဆက်သွယ်ရာ နီးစပ်ရာများကို လက်မှတ်လိုက်ကောက်ပေးတဲ့ တစ်ကိုယ်တော် လှုပ်ရှားသူများကလည်း သူတို့ကောက်ခံရရှိထားတဲ့ လက်မှတ်များကို လာရောက်ဆက်ကပ်ကြပါတယ်။

အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးသူတိုင်း ဝီရသူကို ချစ်မြတ်နိုးကြကြောင်း တွေ့ရပါတယ်။ ဝီရသူဆိုတာ အမျိုး ဘာသာ သာသနာနှင့် ခွဲခြားလို့မရကောင်းသော ဘုရားသားတော်တစ်ပါးပါပဲ။ ဝီရသူကို ချစ်မြတ်နိုးကြသူများ အန္တရာယ်အမျိုးမျိုး ဘေးဒုက္ခအမျိုးမျိုး ဖိအားအမျိုးမျိုးမှ ကင်းဝေးကြပါစေ။


ဝီရသူ(မစိုးရိမ်)
22.6.2017
PM 8:57