Daily Archives: June 23, 2017

မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၉၉)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ကသာမြို့ ရွှေပြည်သစ်ကျောင်း ဦးအာလောကမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (16.6.2017) (ဆရာတော်ဦးဝီရသူ၏ နဝကမ္မအတွက် အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းပါသည်။) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၆,၅၀၅,၅၀၀ ...
သတင်းအင်တာဗျူး

သံမဏိနှင်းဆီ ပြတ်သားလိုက်ပါ (၃)

(ဆရာတော်ဦးဝီရသူ၏ အမျိုးသားနိုင်ငံတော်ဆည်ဆောက်ရေး ရှုမြင်ချက်) ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။ မေး- လှည်းကူးမြို့နယ် အမြန်လမ်းမကြီးဘေးက ကျူးကျော်နေအိမ်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဇွန် ၁၂ ရက် မနက်ပိုင်းမှာ အင်အားသုံးဖျက်သိမ်းခဲ့တာတွေ့ရပါတယ်ဘုရား။ အိမ်ထောင်စုပေါင်း ၁၃၈၀ ကျော်က နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေရပြီး ဇွန်လ ၁၅ ရက်နေ့မှာလည်းပဲ လူဦးရေ ၃၀ ခန့်က နေအိမ်ဖြိုဖျက်မှုတွေ ရပ်တန့်ပေးဖို့ နေပြည်တော်ထိ လမ်းလျှောက်ဆန္ဒပြကြတာကိုလည်း တွေ့ရပါတယ်ဘုရား။ အဲဒီအပေါ်မှာ တစ်ခုသုံးသပ်ပေးပါဦးဘုရား ဖြေ- လှည်းကူးကိစ္စ အခုလိုလုပ်လိုက်တာ အဖြေမှန်မဟုတ်ဘူးကွ။ ကျူးအစစ်အမှန်ရွေးချယ်ပြီး မနစ်နာအောင် ...
သတင်း

နဂါးရုံဘုရားလေး မင်းဘေးကင်းဝေးစေသော်ဝ်

ရန်ကုန် တောင်ဒဂုံမြို့နယ် အမှတ်(၇၀)ရပ်ကွက် ဆုထူးပန်-၇လမ်း(ရွှေကိန္နရီ-၂လမ်း)ထိပ် ဈေးကွင်းပတ်လမ်း မှာ တည်ထားတဲ့ ဓမ္မာရုံနှင့် ရုပ်ပွားတော်များ ဖျက်သိမ်းပေးဖို့ ထွေအုပ်က အကြောင်းကြားလာပါတယ်။ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားလို့ ဖျက်ခိုင်းတာပါ။ 23.6.2017 ရက်နေ့ နောက်ဆုံးသတ်မှတ်ထားပါတယ်။ လောလောဆယ် ဦးကျောက်ကြီး(ခ)ဦးစိုးသောင်းကို လိပ်မူပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်လိုက်တာပါ။ ဒါနဲ့ပတ်သက်ပြီး လက်ရှိဂေါပက ဦးကျောက်ကြီး(ခ)ဦးစိုးသောင်းက ပြန်လည်တင်ပြထားပါတယ်။ ဓမ္မာရုံကိုလည်း သူဆောက်လုပ်ခဲ့ခြင်းမဟုတ် ရုပ်ပွားတော်တွေကိုလည်း သူတည်ထားကိုးကွယ်ခြင်းမဟုတ် လွန်ခဲ့တဲ့ ၆ နှစ်ခန့်က ဆရာတော်ဦးပညာဒီပနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက နဂါးရုံဘုရား တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး ဆရာတော်ဦးပညာဒီပလည်း ယခုအခါ တောင်ဒဂုံမှာမရှိတော့ပါ။ မြင်းခြံမြို့မှာ ...
သတင်း

ဝီရသူကိုချစ်ကြသူများ(၂)

We Love Wira Thu လက်မှတ်ကောက်တဲ့ လှုပ်ရှားမှု Campaign မန္တလေး နောက်ဆုံးနေ့ပါ။ အမရပူရမြို့ ဗုဒ္ဓရက္ခိတ ကျောင်းတိုက်(ဒေါ်သီသနပ်ခါး)ကျောင်းရှေ့မှာ ကျင်းပတာပါ။ ညနေစောင်းမှာ သွားရောက်အားပေးခဲ့ပါတယ်။ သံဃာတော်များ သီလရှင်များအပြင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများ ရပ်ကွက်သူရပ်ကွက်သားများ ထောက်ခံလက်မှတ်ရေးထိုးကြပါတယ်။ လုပ်အားပေးမျိုးချစ်အဖွဲ့သားများကို မန်း မဘသ တွဲဖက်အကျိုးတော်ဆောင်နန်းဦးဆရာတော် ဘဒ္ဒန္တဝဏ္ဏိတမှ အာဟာရဒါနပြုလှူဒါန်းပါတယ်။ ရှေးဦးစွာ ဒေါ်သီးသနပ်ခါးကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးအား ဖူးမြှော်ပူဇော်ပြီး မျိုးချစ်ညီနောင် အပေါင်းအား နှုတ်ခွန်းဆက်သပါတယ်။ အားလုံးပြီးတဲ့အခါ စုပေါင်းဓာတ်ပုံရိုက်ကြပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်နဲ့ဆက်သွယ်ရာ နီးစပ်ရာများကို လက်မှတ်လိုက်ကောက်ပေးတဲ့ တစ်ကိုယ်တော် လှုပ်ရှားသူများကလည်း သူတို့ကောက်ခံရရှိထားတဲ့ လက်မှတ်များကို လာရောက်ဆက်ကပ်ကြပါတယ်။ ...
သတင်း

ဦးဝီရသူကို ထောက်ခံသူများက We Love Wira Thu လှုပ်ရှားမှုပြုလုပ်

ဇူးဇူး 20 June 2017 မန္တလေး မစိုးရိမ်ကျောင်းတိုက်ဆရာတော်ဦးဝီရသူကို ကြည်ညိုလေးစားထောက်ခံသူများက We Love Wira Thu ကမ်ပိန်း(ထောက်ခံလက်မှတ်ကောက်ခံပွဲ)များကို ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ယခုလအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဦးဝီရသူအား အဓမ္မဝါဒီဟု စွပ်စွဲပြောဆိုနေမှုများကို ပယ်ဖျက်နိုင်ရန်နှင့် ဦးဝီရသူသည် ဓမ္မဘက်တော်သားဖြစ် ကြောင်းကို အတည်ပြုရန် ရည်ရွယ်၍ ဦးဝီရသူကို ချစ်မြတ်နိုးသူများ၊ ကြည်ညိုသူများ စုပေါင်းပြီး ယင်းသို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း We Love Wira Thu ကမ်ပိန်း ဦးဆောင်သူများက ဧရာဝတီကို ပြောသည်။ ...