Monthly Archives: September 2020

Uncategorizedဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃)

“ပြုပြင်သင့်သော အားနည်းချက်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်) ဘုရားမှတပါး မမှားသူမရှိဟု ဆိုကြသည်။ ရှင်သာရိပုတ်မထေရ်ကြီး ယောဂီနှင့်လိုက်ဖက်သည့် ကမ္မဋ္ဌာန်းမပေးမိ၍ ဘုရားကပြုပြင်ပေးရသည့်ဖြစ်ရပ် (တိတ္ထဇာတ်တော်)ကို သာဓကပြုပုံရပေသည်။မမှားသူဟူ၍ ‘ဘုရားရဟန္တာပဲရှိတယ်’ဟုလည်း ဆိုကြပြန်ပါသည်။ သာရိပုတ်မထေရ်ကြီးကား နည်းလမ်းလွဲခြင်းသာဖြစ်သည်။ အမှားကျူးလွန်ခြင်းမဟုတ်။ စရိုက်နှင့်အကြိုက် တည့်အောင်မပေးနိုင်သည်သာ ဖြစ်သည်။ တစ်စုံတရာအမှားကျူးလွန်ခြင်း မဟုတ်၊ စရိုက်နှင့်အကြိုက် အံဝင်ခွင်ကျရေးသည် ဘုရားအရာဖြစ်၍ ဉာဏ်မမီခြင်းသာဖြစ်သည်။ ဘုရားကဲ့သို့ပြည့်စုံသူကား မဟုတ်။ ထို့ကြောင့် ‘ဘုရား ရဟန္တာမှ အမှားကင်းတာ’ဟု ဆိုလိုပုံရပေသည်။ ပုထုဇဉ်အမှားကို ခွင့်လွှတ်နားလည်ပေးသည့်သဘောပင်။ ‘သူလည်းလေ လောကီသားပေမို့’ဟု စာနာတတ်သောစာစုနှင့်အတူပင်။ ဤသည်ကိုရှု၍ ...
Uncategorizedဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂)“သမဂ္ဂ စိတ်ထား” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်) သမဂ္ဂ ဟူသောစကားကို လူတိုင်ားကြားဖူးကြပေမည်။ ညီညွတ်ခြင်းဟု အဓိပ္ပါယ်ရ၏။ ကိုယ်အားဖြင့် ညီညွတ်ခြင်း၊ စိတ်အားဖြင့် ညီညွတ်ခြင်း၊ ကိုယ်စိတ်နှစ်ပါးစုံအားဖြင့် ညီညွတ်ခြင်းဟူ၍ ရှိရာတွင် လူစုံတက်စုံ အင်အားပြခြင်းကို ကာယသမဂ္ဂ(ကာယသာမဂ္ဂီ)၊ အမြင်တူညီခြင်း(သဘောထားမကွဲလွဲခြင်း)ကို စိတ္တသမဂ္ဂ (စိတ္တသာမဂ္ဂီ)၊ ကိုယ်စိတ်နှစ်ပါးလုံး ညီညွတ်ခြင်းကို ဥဘယသမဂ္ဂ(ဥဘယသာမဂ္ဂီ)ဟု ခေါ်ပါသည်။ သမဂ္ဂဆိုသည်မှာ အဖွဲ့အစည်းကိုဆိုလိုပြီး သာမဂ္ဂီဆိုသည်မှာ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်ကို ဆိုလိုပေသည်။ ဤနေရာ၌ သမဂ္ဂစိတ်(အဖွဲ့အစည်းစိတ်)နှင့် ပတ်သက်၍ ပြောလိုစိတ်ရှိပေသည်။ ဗုဒ္ဓဘာသာဝင်နှင့် ...
Uncategorizedသတင်း

“ ရွှေမျက်စဉ်း၏ ထူးခြားသည့်လက္ခဏာများ (၇)”

ရွှေမျက်စဉ်း၌ ထူးခြားသော ဂုဏ်ရည်တစ်ခု ရှိပါသည်။ ၎င်းကား အားရှိခြင်းပင်။မျက်စဉ်းခတ်လျှင် မျက်လုံးအညောင်းပြေရုံ၊ အပူထွက်ရုံ၊ ကြည်လင်သန့်ရှင်းရုံတင် မဟုတ်ပါ။ နှစ်ခြိုက်စွာအိပ်ပျော်ခြင်း အကျိုးထူးလည်း ခံစားရပါသည်။ အိပ်ကောင်းရခြင်းအကြောင်းမှာ မျက်လုံးအားရှိသွားသောကြောင့်ပင်။ ရွှေမျက်စဉ်းကို မျက်စိအာရုံစိုက်လုပ်ရသည့် ပညာရှင်များအတွက် ရည်ရွယ်၍ ဖော်စပ်ထားသော်လည်း သက်ကြီးရွယ်အို ဘိုးဘွားမိဘများက ပို၍အကြိုက်တွေ့လျက် ရှိပါသည်။ အမြင်ကြည်လင်သွားရုံတင်မဟုတ်ဘဲ အိပ်ကောင်းသည်၊ ပေါ့ပါးသည်ဟု ခံစားရကာ ၎င်းတို့၏ အသည်းစွဲဖြစ်ခဲ့ရလေသည်။ “ ဆရာတော့်မျက်စဉ်းက ခတ်ပြီးနာရီဝက်အတွင်း တန်းသိသာတာ၊ ကြည်လင်ရုံတင်မကဘဲ စိတ်ပါလန်းသွားတာ”ဟု အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်နီးပါး ရှေ့နေကြီးတစ်ဦးက အားရဝမ်းသာ ...