သတင်း

“မန်းမဟော်သဓာ ၀ိုင်းတော်သားများ၏ အလှူတော်”

“မန်းမဟော်သဓာ ၀ိုင်းတော်သားများ၏ အလှူတော်”
——————————————————–—
ကျေးဇူးရှင် ၀ါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ၏ အဘိဓဇမဟာရဋ္ဌ ပူဇော်ပွဲနှင့် တိုက်အုပ်ဆရာတော်ဘဒ္ဒန္တ နေမိန္ဒ၏ အဂ္ဂမဟာပဏ္ဍိတ ပူဇော်ပွဲအတွက် မန်းမဟော်သဓာဝိုင်းတော်သားများ၏ အလှူတော် ဖြစ်ပါသည်။

12.6.2022 ရက်နေ့ မနက် 8:00 နာရီ တောင်စလင်းတိုက်သစ်သို့ သွားရောက်လှူဒါန်းခြင်း ဖြစ်ပါသည်။ အလှူတော်ငွေ ငါးသိန်းကျပ်ဖြစ်ပြီး လှူဖွယ်ဝတ္ထုအဖြစ် ချင်ရင်ခတ်အမှတ်တံဆိပ် ရွှေမျက်စဉ်း နှစ်ပါကင်(၁၂ဗူး) လှူဒါန်းခဲ့ပါသည်။

13.6.2022 ရက်နေ့တွင် ဆရာတော်ကြီးနှစ်ပါးလုံးအား ပူဇော်ပွဲကျင်းပမည်ဖြစ်ပြီး ဆရာတော်ကြီးနှစ်ပါးလုံးသည် တူဝရီးအရင်း တော်စပ်ကြပါသည်။

တူဝရီးနှစ်ပါးလုံး မန်းမဟော်သဓာ အမျိုးသားရေး
ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးအတွက် အထူးစိတ်အားထက်သန်သူများ ဖြစ်ကြပြီး ၀ါခင်းကုန်းဆရာတော်ကြီးသည် မန်းမဘသ ဥက္ကဋ္ဌဆရာတော်အဖြစ်တာဝန်ယူဆောင်ရွက်တော်မူခဲ့သူ၊
မန်းမဟော်သဓာကျောင်းမြေတည်ရှိရာ ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်း ဖွင့်လှစ်ပေးရန် ဆန္ဒပြုအကြံပေးတော်မူခဲ့သူလည်း ဖြစ်ပါသည်။

ဆရာတော်ကြီးသည် ကျန်းမာရေး အထူးကောင်းမွန်သော်လည်း သက်တော်၊ရွယ်တော် ကြီးရင့်လာပြီဖြစ်၍ ယခင်ကလို တရားပွဲများကြွရောက် ဟောကြားခြင်းမျိုး မရှိသောကြောင့် သိရပါသည်။

ဝါခင်းကုန်း တူဝရီး ဆရာတော်ကြီးနှစ်ပါးလုံး သက်တော်ရာကျော် ရှည်ပါစေ၊
ကျန်းမာချမ်းသာစွာ သာသနာပြုနိုင်ပါစေ၊
တရားထူး၊ တရားမြတ်များ ရရှိတော်မူနိုင် ကြပါစေ။