သတင်း

“လောကအလင်း၊ မန်းမဟော်၊ ပညာရေးအကယ်ဒမီ”
“အောင်စာရင်း”

“လောကအလင်း၊ မန်းမဟော်၊ ပညာရေးအကယ်ဒမီ”
“အောင်စာရင်း”
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ ၁၇-၆-၂၀၂၂ ရက်နေ့၌ ထုတ်ပြန်ခဲ့ရာတွင်-

ဆရာတော် အရှင်ဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန စာသင်ကျောင်းမှ ကျောင်းသူ (၈)ဦး ဖြေဆိုရာ (၈)ဦးလုံးအောင်မြင်ပြီး မြန်မာ၊ ဘောဂ နှစ်ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ ဇီဝဗေဒ တစ်ဘာသာဂုဏ်ထူးရှင် (၂)ဦး ပေါ်ထွက်ခဲ့ပါသည်။

ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပညာဒါနစာသင်ကျောင်း (မန်းမဟော်) မှ (၃၁)ဦး ဖြေဆိုရာ (၁၃)ဦးအောင်မြင်ပြီး။ ဘောဂဗေဒ တစ်ဘာသာဂုဏ်ထူးရှင် (၅)ဦး ၊ ဓာတုဗေဒ တစ်ဘာသာဂုဏ်ထူးရှင် (၁)ဦး၊
ပေါ်ထွက်ခဲ့ပါသည်။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီမှ (၉၁)ဦး၊ ဖြေဆိုရာ
(၄၁)ဦး အောင်မြင်ပြီး-

မြန်မာစာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ (၄)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊
မြန်မာစာ၊ ပထ၀ီ၊ သမိုင်း၊ ဘောဂဗေဒ (၄)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊
ပထ၀ီ၊ သမိုင်း နှစ်ဘာသာဂုဏ်ထူးရှင် (၁)ဦး၊
မြန်မာစာ၊ ဇီဝဗေဒ နှစ်ဘာသာဂုဏ်ထူးရှင် (၁)ဦး၊
ဘောဂ တစ်ဘာသာဂုဏ်ထူးရှင် (၄)ဦး၊
ဇီဝဗေဒ တစ်ဘာသာဂုဏ်ထူးရှင် (၄)ဦး
စုစုပေါင်း ဂုဏ်ထူးရှင် (၁၁)ဦး ပေါ်ထွက်ခဲ့ပါသည်။

လောကအလင်း၊ မန်းမဟော်၊ ပညာရေးအကယ်ဒမီကျောင်း သုံးကျောင်းလုံးသည် ဆရာတော် အရှင်ဝီရသူ ဦးစီးတည်ထောင်ထားသော ကျောင်းများ ဖြစ်ကြကာ-

လောကအလင်းကို ၂၀၁၂-ခုနှစ်၊
မန်းမဟော်နှင့် အကယ်ဒမီကို ၂၀၁၈-ခုနှစ်တို့၌ တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။
လောကအလင်းသည် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်မှာတည်ရှိပြီး၊
မန်းမဟော်သည် ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောရွာမှာ တည်ရှိကာ၊

ပညာရေးအကယ်ဒမီသည် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီ ကျောင်းတိုက်မှာ တည်ရှိပါသည်။
လောကအလင်းကို ဆရာတော် အရှင်သုမန၊
မန်းမဟော်ကို ဆရာတော် အရှင်ဣန္ဒက၊
ပညာရေးအကယ်ဒမီကို ဆရာတော် အရှင်ဥက္ကဋ္ဌတို့က ဦးစီး၊ ဦးဆောင်ကာ အနီးကပ် ကြည့်ရှုစောင့်ရှောက်လျက် ရှိကြပါသည်။
ကျောင်းသုံးခုလုံး၏ ဆောင်ပုဒ်ကား
“သာသနာ၊ ပညာ၊ ယဉ်ကျေးမှု
ကောင်း၊ တော်၊ မွန်အောင်ပြု” ဖြစ်ပါသည်။