သတင်း

“အကယ်ဒမီကျောင်းသူ/သားများအတွက် ပညာရေးပဒေသာပင် နှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိ”

“အကယ်ဒမီကျောင်းသူ/သားများအတွက် ပညာရေးပဒေသာပင် နှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိ”
=====================================================

ဆရာတော် အရှင်ဝီရသူ တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ
၂၀၂၂-၂၃ ပညာသင်နှစ် ကျောင်းသူ/သားပေါင်း နှစ်ရာ့ရှစ်ဆယ်ကျော် ရှိပါသည်။

G-9 58 ဦး
G-10 119 ဦး
G-11 67 ဦး ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း မအောင်မြင်သူနှင့် မဖြေဆိုလိုက်ရသူ လေးဆယ်ကျော် ရှိပါသည်။

ဆရာ/ ဆရာမ ၁၆ဦး ရှိပြီး အုပ်ချုပ်ရေး ဆရာတော် ဆယ်ပါးခန့် ရှိပါသည်။
ကျောင်းသူ/သား အများစုသည် အမိမရှိတော့သူ၊ အဖမရှိတော့သူ၊ အမိအဖ နှစ်ပါးလုံး မရှိတော့သူ၊ မိစုံဖစုံရှိသော်လည်း ကျောင်းထားမပေးနိုင်သူ၊ မြို့တက်ကျောင်းမနေနိုင်သူတို့ ဖြစ်ကြပါသည်။

လုံခြုံရေးနှင့် ခေတ်အခြေအနေအရ ယုံကြည်စိတ်ချရ၍ လာရောက်အပ်နှံထားသည့် လူလတ်တန်းစား ကျောင်းသူ/သားက ဆယ်ဂဏန်းမျှပင် မပြည့်ပါ။

နေ့စဉ် ဆန်-၄၃ပြည်၊ ဆီ-၃ပိဿာခန့် အမြဲကုန်ကျလေ့ရှိသလို ဟင်းသီး၊ ဟင်းရွက်နှင့် ဟင်းလျာများလည်း ၀ယ်ယူနေရပါသည်။

လက်ရှိတွင် ပညာရေးနှင့် ကျောင်းစရိတ်အပြင် ပုံမှန်တစ်နေ့ သုံးနပ်အတွက် ရိက္ခာလိုအပ်ချက်များ ရှိနေပါသည်။

ဟင်းသီး၊ ဟင်းရွက်များကို မန္တလေးမြို့၊ အောင်ပွဲရုံ မိသားစုက အများဆုံး ထောက်ပံ့လှူဒါန်းလျက်ရှိပါသည်။ ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန် ရိက္ခာများလည်း လိုအပ်လျက် ရှိပါသည်။

ပညာရေး ပဒေသာပင်အတွက်လည်း လှူဒါန်းနိုင်ပါသည်။

ဆွမ်းကပ်လိုပါက-—

မနက်စာ- ၁၅၀၀၀၀ိ/ (တစ်သိန်းငါးသောင်းကျပ်)
နေ့လယ်စာ- ၂၅၀၀၀၀ိ/ (နှစ်သိန်းငါးသောင်းကျပ်)
ညနေစာ- ၂၀၀၀၀၀ိ/(နှစ်သိန်းကျပ်)
တစ်ရက်စာ (သုံးနပ်) လှူဒါန်းလိုပါက ၆၀၀၀၀၀ိ/ (ခြောက်သိန်းကျပ်) နှုန်းဖြင့် ကိုယ်တိုင်ချက်ပြုတ်၍ ဖြစ်စေ၊ ကျောင်းက ချက်ပြုတ်ပေး၍ ဖြစ်စေ ကျွေးမွေးနိုင်ပါသည်။

ဆက်သွယ်ရန်-—
ကျောင်းအုပ်ဆရာတော် 09-781513980
တာဝန်ခံဆရာတော် 09-445580969
အက်ဒမင်ဆရာတော် 09-697866969