Daily Archives: October 2, 2022

သတင်း

“ပညာရေးအကယ်ဒမီ ရိက္ခာအလှူတော်”

“ပညာရေးအကယ်ဒမီ ရိက္ခာအလှူတော်”========================= မြင်းခြံမြို့၊ ကိုစိန်လွင်+မသီတာယုမွန် မိသားစုက ပညာရေးအကယ်ဒမီကျောင်းတော်ကြီးအတွက် ကြက်သွန်နီ ပိဿာ-၁၀၀၊ ကန်စွန်းဥ-၁၅ပိဿာ လှူဒါန်းပါသည်။ ပညာရေးအဒေသာပင်နှင့် မွေးနေ့အထိမ်းအမှတ် တစ်ရက်စာ ဆွမ်းသုံးနပ်အတွက် အလှူငွေ-၁၀သိန်းနှင့် ဆရာတော် ဦးဝီရသူ၏ န၀ကမ္မအတွက် အလှူငွေ-၂သိန်းကျပ် လှူဒါန်းပါသည်။ သမီးလေး ဟန်သုသုဇော်၏ ရှစ်နှစ်ပြည့်မွေးနေ့အဖြစ် (၁၁-၁၀-၂၀၂၂)ရက်နေ့၌ ပညာရေးအကယ်ဒမီကျောင်းတော်ကြီး၌ တစ်ရက်စာဆွမ်းနှင့် အာဟာရဆက်ကပ်မှာ ဖြစ်ပါသည်။ အလှူရှင် ကိုစိန်လွင်+မသီတာယုမွန် သမီး မယွန်းယုလွင်ဦး၊ မဟန်သုသုဇော် မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် သုခနှစ်ဖြာဘေးရန်ကွာလျက် လိုရာဆန္ဒ ပြည့်ဝကြပါစေသော်………၀်။ ...
သတင်း

“ နဂါးနီပြည်သူများ အလှူတော်”

“ နဂါးနီပြည်သူများ အလှူတော်”==================== ဒီနေ့ တော်သလင်းလကွယ် (24.9.2022) ရက်နေ့ မွန်းလွဲပိုင်းမှာ ဆန်နှင့်ဆီ အလှူပွဲကြီး ကျင်းပခဲ့ပါတယ်။ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ဂျပန်ဘုရားကျောင်းတိုက်မှာ ကျင်းပခဲ့တာပါ။ နဂါးနီစုဘူး အသင်းဝင် ဆင်းရဲသူ၊ဆင်းရဲသား ပြည်သူများကို ဆန်လေးပြည်စီနှင့် ဆီတစ်လီတာစီ လှူဒါန်းတာပါ။ ပထမဦးဆုံး သီလပေး တရားဟောကာ “နမောတဿ”တရားထိုင်ခိုင်းပြီးမှ ဆန်နှင့်ဆီ လှူဒါန်းတာပါ။ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ နဂါးနီစုဘူးအသင်းကို တည်ထောင်ခဲ့တာ ၂၀၁၃-ခုနှစ်ကတည်းကပါ။ ကိုဗစ်ကာလမှာ ပြတ်တောက်သွား ခေတ်အခါကောင်းရင် ပြန်စမှာပါ။ လောလောဆယ် သူတို့လေးတွေရဲ့ဘ၀ကို အုတ်တစ်ချပ်ပဲဖြစ်ဖြစ်၊ မြက်တစ်ပင်ပဲဖြစ်ဖြစ် ...
သတင်း

“ဆွမ်းဆန်တော် အလှူဒါန”

“ဆွမ်းဆန်တော် အလှူဒါန”================ မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတော်ကြီးအတွက် စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ ငွေတွင်းရွာနေ ငွေတွင်း မဘသနှင့် မျိုးချစ်ပြည်သူများ ဆွမ်ဆန်တော်အလှူဖြစ်ငွေ-၁၀၀၀၀၀၀ိ/( တစ်ဆယ်သိန်းကျပ်) လှူဒါန်းပါတယ်။ မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ G-9 G-10 G-11နှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ/သားပေါင်း သုံးရာကျော်ရှိကာ တစ်ရက်မှာဆန်သုံးအိတ်နှုန်း လှူဒါန်းကျွေးမွေးလျက်ရှိပါတယ်။ အနာဂတ်မျိုး ဆက်သစ်လေးတွေအတွက် မိမိဘ၀တစ်ခုလုံးကို မြှုပ်နှံထားပြီး ဥယျာဉ်မှူးလို ရေလောင်းပေါင်းသင် ပြုပြင် အလှဆင်ပေးနေတဲ့ ဆရာတော်များ ဆရာ/မများနှင့်ဆိုရင် သုံးရာ့ငါးဆယ်ကျော် ရှိပါတယ်။ ကျောင်းအုပ်ဆရာတော်မျ ကျောင်းသူ/သားများအထိ အားလုံးသော ...
သတင်း

“မွေးနေ့မင်္ဂလာ အလှူတော်”

“မွေးနေ့မင်္ဂလာ အလှူတော်”=======================ဒီကနေ့ 22.9.2022ရက်နေ့၊ မနက်-6:00မှာ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယ သံဃာတော်များအား မုန့်ဟင်းခါးဆွမ်း ဆက်ကပ်လှူဒါန်းပါတယ်။ မွေးနေ့ အထိမ်းအမှတ် လှူဒါန်းတာဖြစ်ပြီး ကုသိုလ်ရှင်ကတော့ ရမည်းသင်းမြို့KT2 စတိုးဆိုင်မှ ဒေါ်ချို ဖြစ်ပါတယ်။ KT2စတိုးဆိုင်ပိုင်ရှင် ဒေါ်ချိုက ၅၂နှစ်ပြည့် မွေးနေ့အခါသမယမှာ မိဘနှစ်ပါးဖြစ်တဲ့ ဦး(မြင့်ဆွေ)+ဒေါ်တင်စုတို့ကို ဦးထိပ်ထားပြီး ဆွမ်းဆက်ကပ်တာဖြစ်သလို ကျန်းမာချမ်းသာတရားရိပ်သာမှာ တည်ဆောက်ဖို့ ယောဂီဆောင် ကမ္မဋ္ဌာန်းကျောင်းလေးအတွက်လည်း အလှူငွေ-၁၀၀၀၀၀၀ိ/ (ဆယ်သိန်းကျပ်) လှူဒါန်းခဲ့ပါတယ်။ မွေးနေ့ရှင် ဆွမ်းအစ်မ ကျောင်းအစ်မကြီးဒေါ်ချို မိသားစုနှင့်အတူ သာဓုခေါ် အနုမောဒနာပြုကြတဲ့ ပရိသတ်အားလုံး လိုရာဆန္ဒ ...
သတင်း

“နေပြည်တော် မဘသ အလှူတော်”

“နေပြည်တော် မဘသ အလှူတော်”==================== တော်သလင်းလဆန်း (၇)ရက် (16.9.2022)နေ့၊ ညနေ-၄:၀၀ နာရီ၊ မန္တလေး၊မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ကျင်းပပါတယ်။ နေပြည်တော် ကိုးမြို့နယ်မှ မဘသ ဆရာတော်များနှင့် ၀ံသာနုပြည်သူများ၏ ကုသိုလ်တော် ဖြစ်ပါတယ်။ (၆၁)နှစ်ပြည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အဖြစ် လှူဒါန်းခြင်း ဖြစ်ပါတယ်။နိုင်ငံတော် ဘာသာနေ့ အခမ်းအနားကို နေပြည်တော် လယ်ဝေးမြို့၊ ဓမ္မသုခကျောင်းမှာ ကျင်းပခဲ့ ပြီးပါပြီ။ အခုအလှူကတော့ နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အလှူပဲ ဖြစ်ပါတယ်။ဆရာတော် ဦးဝီရသူအား န၀ကမ္မ-၃၅၀၀၀၀ိ/(သုံးသိန်းငါးသောင်း)ကျပ်နှင့် နှမ်းဆီအစစ် ဆီတစ်ပုံး။ ...
သတင်း

“နေပြည်တော် မဘသ စုစုပေါင်း အလှူတော်”

“နေပြည်တော် မဘသ စုစုပေါင်း အလှူတော်”========================မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း၌ စုပေါင်းအလှူပွဲကို ဒီနေ့တော်သလင်းလ္ဆန်း-၇ရက် (16.9.2022)နေ့ မွန်းလွဲပိုင်းမှာ ကျင်းပပါတယ်။ နေပြည်တော် မဘသ ဦးစီးသော လယ်ဝေး၀ံသာနုအဖွဲ့ရဲ့ အလှူတော်ဖြစ်ပြီး ဆန်အိတ်ပေါင်း-၆၉အိတ်၊ မျှစ်အချိန်နှစ်ဆယ်နှင့် န၀ကမ္မ၀တ္ထုငွေ-်၃၅၀၀၀၀ိ/(သုံးသိန်းခွဲကျပ်) ဖြစ်ပါတယ်။ န၀ကမ္မအလှူငွေကို ဆရာတော်ဦးဝီရသူအား လှူဒါန်းခြင်းဖြစ်ပြီး ဆွမ်းဆန်တော် ၆၉အိတ်ကိုတော့ ပညာရေးအကယ်ဒမီအား လှူဒါန်းခြင်းဖြစ်ပါတယ်။ စုပေါင်းလှူဒါန်းပွဲမှာ နေပြည်တော် မဘသ ဦးဆောင်ဆရာတော်များက တစ်ပါးချင်းစီ သြ၀ါဒပေးတော်မူပြီး ဦးတင်မောင်ဝင်း(ရွှေအိမ်)နှင့်၊ ဦးခင်ဇော်(လယ်ဝေး)တို့က အားပေးစကား ပြောကြားကြပါတယ်။ နေပြည်တော် မဘသကို နေပြည်တော်ကောင်စီနယ်မြေရှိမြို့နယ်ပေါင်း-၉မြို့နယ်မှ ...
သတင်း

“ရမည်းသင်း ညီနောင်များဒ အလှူ”

“ရမည်းသင်း ညီနောင်များဒ အလှူ”====================တော်သလင်းလ္ဆန်း-၆ရက် (15.9.2022)ရက်နေ့၊ ညနေ-၄:၀၀နာရီ ရမည်သင်းမြို့နေ မျိုးချစ်ညီနောင်များမှ လှူငွေ-၁၀၀၀၀၀ိ/(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ ၀ီရသ ဖောင်ဒေးရှင်းအတွက် လှူဒါန်းခြင်းဖြစ်ပြီး လစဉ်ပုံမှန် အမြဲလှူဒါန်းနေသည့် အာစဏ္ဏကံ အလှူလည်း ဖြစ်ပါသည်။ ရမည်းသင်းမြို့၊ ရန်အောင်မင်းကျောင်း စာသင်တိုက်၊ စာချဆရာတော် အရှင်စန္ဒောကိုယ်တိုင် လာရောက်လှူဒါန်းခြင်းဖြစ်ပြီး အလှူငွေ-၁၀၀၀၀၀ိ/(တစ်သိန်း)ကျပ်နှင့်အတူ စပျစ်သီးတစ်ပုံ အံဇာတုံးမုန့်တစ်ထုပ်လည်း ပါဝင်ပါသည်။ “ကယ်ကူ ရိုင်းပင်း ၀ီရသူဖောင်ဒေးရှင်း”သို့ လှူဒါန်းကြသော ရမည်းသင်းမြို့မှ လစဉ် အလှူရှင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ ဦးတိက္ခသာရ- ဓမ္မနာဒပရိယတ္တိစာသင်တိုက်၂။ ဦးဇောတိက- လေသာအရှေ့ကျောင်း၃။ ...
သတင်း

မန္တလေးမြို့နေ မိဘတစ်ဦး ကိုယ်တိုင်လာရောက် လှူဒါန်းခဲ့တဲ့ လှူဖွယ်ဝတ္ထုတွေပါ။

မန္တလေးမြို့နေ မိဘတစ်ဦး ကိုယ်တိုင်လာရောက် လှူဒါန်းခဲ့တဲ့ လှူဖွယ်ဝတ္ထုတွေပါ။ ချဉ်ပေါင်ပင်တွေ ဖြစ်ပါတယ်။ ကိုယ်တိုင် စိုက်ပျိုးထားတာတွေပါ။အခုလိုပဲ မကြာခဏ လာလှူပါတယ်။နောက်ထပ်လည်း လာလှူအုန်းမှာပါ။နောက်ထပ်လာလှူဖို့ ကန်စွန်းခင်းတွေ စိုက်ထားလို့ပါပဲ။ပညာရေးအကယ်ဒမီအတွက် ရည်ရွယ်စိုက်ပျိုးထားတာပါ။ပညာရေးအကယ်ဒမီမှာ သူ၏ကလေးတစ်ဦး ရှိနေလို့ပါပဲ။ ကလေးသုံးရာကျော်အတွက် ရည်ရွယ်စိုက်ပျိုးထားတဲ့ စားပင်၊ သီးပင်တွေ ဖြစ်လို့အာဟာရဓာတ်အပြည့်အ၀ ပါဝင်နေမှာပါ။ ပညာရေးအကယ်ဒမီမှာ ကျောင်းသား/သူ သုံးရာကျော် ရှိပါတယ်။ သူတို့လေးတွေဟာ ပညာရေးကို အဓိကထားရသလို လိမ္မာရေးကိုလည်း ဦးထိပ်ထားရပါတယ်။ ဒါကြောင့် ကျောင်းစာလည်းသင်ယူ၊ အင်္ဂလိပ်စကားပြောသင်တန်းလည်းတက်၊ ဓမ္မစကူးလ်သင်တန်းလည်းတက်၊ ဘုရားရှိခိုး၊ တရားထိုင်၊ သြ၀ါဒခံယူတာတွေလည်း နေ့စဉ် ...
သတင်း

“ပညာရေးပဒေသာပင် လစဉ်အလှူတော်”

“ပညာရေးပဒေသာပင် လစဉ်အလှူတော်”=========================မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ ပညာရေးပဒေသာပင်အဖြစ်အလှူငွေ-၇၅၀၀၀၀(ခုနစ်သိန်းငါးသောင်း)ကျပ်ကိုပျဉ်းမနားမြို့၊ ဦးတင်မောင်ဝင်း+ဒေါ်ဌေး(ရွှေအိမ်)မိသားစုက လှူဒါန်းပါသည်။ ၂၀၂၂-ခုနစ်၊ သြဂုတ်လမှ စတင် လှူဒါန်းခြင်းဖြစ်ပြီး လစဉ်လှူဒါန်းသွားမည် ဖြစ်ပါသည်။ အလှူရှင်မိသားစုနှင့် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ် အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ပညာပြည့်ဝ နှလုံးလှလျက် ဆထက်ထမ်းပိုး တိုး၍တိုး၍ လှူဒါန်းနိုင်ကြကာ နိဗ္ဗာန်မဂ်ဖိုလ်ကို ဘ၀တိုတိုနှင့် ရလွယ်ရောက်လွယ် မျက်မှောက်ပြုလွယ်နိုင်စွမ်းသော သူတော်ကောင်း၊ သူမြတ်လောင်းများ ဖြစ်ကြပါစေသော်……။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း၌ G-9, G-10, G-11နှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ/သား သုံးရာကျော်နှင့် ဆရာ/မ နှစ်ဆယ်ကျော်ရှိရာ၊ ၀န်ထမ်းလစာအဖြစ် ...
သတင်း

“ပညာရေးအကယ်ဒမီ စုပေါင်းအလှူတော်”

“ပညာရေးအကယ်ဒမီ စုပေါင်းအလှူတော်”=======================မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက် စုပေါင်းအလှူပွဲကြီးကို5.9.2022ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ရှမ်းပြည်တောင်ပိုင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ မျိုးချစ်မောင်မယ်များရဲ့ စုပေါင်းအလှူတော်ဖြစ်ပါတယ်။ ဦးဆောင်သူများကတော့ တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက်၊ စာချဆရာတော်အရှင်ပညာတိက္ခာလင်္ကာရာဘိဝံသ၊ ဓမ္မိကာရာမကျောင်းဆရာတော် အရှင်အရိယ၀ံသ၊ အောင်ပန်းမြို့၊အရိန္ဒမ မစိုးရိမ်ကျောင်းသစ်ဆရာတော် အရှင်ဣန္ဓာစရိယနှင့် တောင်ကြီးမြို့မှ သီတဂူဝံသာနုရက္ခိတအသင်းခေါင်းဆောင် ဦးထွန်းတင့်တို့ ဖြစ်ကြပါတယ်။ အရှင်ပညာတိက္ခာလင်္ကာရာဘိဝံသနှင့် အရှင်ဣန္ဓာစရိယတို့က သြ၀ါဒတရား သြ၀ါဒတရား ဟောကြားခဲ့ပြီး ကလေးများအား အားပေးစကား ပြောကြားခဲ့ပါတယ်။ ရှမ်းတောင်ညီနောင်များရဲ့ စုပေါင်းလှူဖွယ်ပစ္စည်းတွေကတော့ ဆန်အိတ်ပေါင်း-၆၀အိတ်၊ဆီ၊ ဆား၊ ဂျင်း၊ ဟင်းချိုမှုန့်၊ ဗလာစာအုပ်များနှင့် အလှူငွေ သိန်း-၃၀ကျပ်ဖြစ်ပါတယ်။ ...
သတင်း

“မစိုးရိမ်တိုက်သစ်၊ ရှင်သာမဏေများ အလှူတော်”

“မစိုးရိမ်တိုက်သစ်၊ ရှင်သာမဏေများ အလှူတော်”===========================မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၌ ၀ါဆိုဝါကပ်သော ရှင်သာမဏေများအား လစဉ်အလှူတော်ကို ဒုတိယအကြိမ်အဖြစ် ကျင်းပပါတယ်။ ဓမ္မသဟာယကျောင်းမှာ ကျင်းပခြင်းဖြစ်ပြီး ရှင်သာမဏေအပါး သုံးဆယ်အား ၎င်းတို့လိုအပ်သော ခြင်ထောင်၊ သင်္ကန်းစသည့် ပရိက္ခရာအသုံးအဆောင်များ လှူဒါန်းတာ ဖြစ်ပါတယ်။ ဦးဆောင်စီစဉ်သူက ဆရာတော် ဦးးကုဏ္ဍလ(ဘိုးရ)ဖြစ်ပြီး အလှူရှင်ကတော့ ကိုအောင်ခန့်မင်း+မဝေနွယ်လွင်၊ သမီးငွေရုပ်ကလေး မိသားစုတို့ ဖြစ်ပါတယ်။ အခုအလှူဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့လက ပထမအကြိမ် လှူဒါန်းခဲ့တာပါ။ တစ်ကြိမ်လျှင် အပါး၃၀ရဲ့ လိုအပ်ချက်များကို ကြိုတင် စာရင်းကောက်ယူပြီးမှ လိုအပ်ရာကို ...
သတင်း

ပညာရေးအကယ်ဒမီ န၀ကမ္မ အလှူတော်

ပညာရေးအကယ်ဒမီ န၀ကမ္မ အလှူတော်========================ကိုတင်ကိုဝင်း(ကျောက်ပန်းတောင်း)မှ ပညာရေးအကယ်ဒမီအတွက် န၀ကမ္မအလှူငွေ-၅၅၀၀၀ိ/(ငါးသောင်းငါးထောင်ကျပ်) လှူဒါန်းပါသည်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း၌ G-9, G-10, G-11နှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ/သားနှင့် ဆရာ/မ သုံးရာ့လေးဆယ်ကျော်ရှိရာ ၀န်ထမ်းလစာအဖြစ် လစဉ်သိန်းသုံးဆယ်ကျော် လှူဒါန်းလျက်ရှိရာ အလှူငွေများလှူဒါန်း နိုင်ပါသည်။ အလှူရှင် ကိုတင်ကိုဝင်း(ကျောက်ပန်းတောင်း) မိသားစုနှင့်အတူ ၀မ်းမြောက်စွာ သာဓုခေါ်ကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ပညာပြည့်ဝ နှလုံးလှလျက် သုခချမ်းသာ ပြည့်စုံပါစေသော်…………။ ညာပါရမီ ဖြည့်ဆည်းလိုသူများ-—ဆက်သွယ်ရန်ကျောင်းအုပ်ဆရာတော်09-781513980တာဝန်ခံဆရာတော် 09-445580969အက်ဒမင်ဆရာတော် 09-697866969
သတင်း

“ပညာရေးအကယ်ဒမီ ရိက္ခာအလှူတော် ”

“ပညာရေးအကယ်ဒမီ ရိက္ခာအလှူတော် ”============================= မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကံကောင်းပွဲရုံမှ ခရမ်းချဉ်သီး တစ်တောင်း၊ ခရမ်းသီးတစ်အိတ်၊ ငရုပ်သီး တစ်အိတ်၊ ဘူးသီးသုံးအိတ်၊ ဒညှင်းသီးတစ်အိတ် လှူဒါန်းပါသည်။ ဆရာတော်သံဃာတော်များကလည်း ဆန်(၆)အိတ်၊ ပဲ(၂)အိတ်၊ ကြက်သွန် (၂)အိတ်၊ ဗလာစာအုပ်နှင့် ဘော်လ်ပင်များ လှူဒါန်းပါသည်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း၌ G-9, G-10, G-11နှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ/ကျောင်းသားများ သုံးရာကျော်နှင့် ဆရာ/ဆရာမများ သံဃာတော်များအားဖြင့် ဦးရေ- (၃၅၀) ကျော်ရှိရာ နေစဉ် ဆန်(၃)အိတ် ကပ်လှူရပါသည်။ ...
သတင်း

“ပညာရေးအကယ်ဒမီ ဆွမ်းဆန်တော် အလှူရှင်”

“ပညာရေးအကယ်ဒမီ ဆွမ်းဆန်တော် အလှူရှင်”———————————————–—ရမည်းသင်းမြို့၊ ကျော်ဇင်ရပ်ကွက်နေ ဦးဝင်းရွှေ+ဒေါ်မြင့်ရွှေ မိသားစုက ပညာရေးအကယ်ဒမီအတွက် ဆွမ်းဆန်တော်တစ်အိတ်လှူဒါန်းပါသည်။ ဒေါ်ချို (KT2 စတိုး)မှ တစ်ဆင့် လှူဒါန်းခြင်း ဖြစ်ပါသည်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း၌ G-9, G-10, G-11၊တက္ကသိုလ်ဝင်တန်း ကျောင်းသူ/သားများနှင့် ဆရာ၊ ဆရာမများဆရာတော် သံဃာတော်များစုစုပေါင်း သုံးရာ့ငါးဆယ်ကျော်ရှိရာ တစ်နေ့သုံးနပ်စာအဖြစ် ဆန်သုံးအိတ် ဆက်ကပ်ရပါသည်။ သို့ဖြစ်၍ တစ်နေ့စာ သုံးအိတ်ဖြစ်စေ၊ တစ်နပ်စာ တစ်အိတ်ဖြစ်စေ၊တစ်ဦးတည်း (သို့မဟုတ်) စုပေါင်း၍ လှူဒါန်းနိုင်ပါကြောင်းနိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် လိုက်ရပါသည်။ အလှူရှင် ဦးဝင်းရွှေ+ဒေါ်မြင့်ရွှေ မိသားစု၊ ...
သတင်း

“ဆီးချိုဆိုတာ ပျောက်သောရောဂါပါ”

“ဆီးချိုဆိုတာ ပျောက်သောရောဂါပါ”ယောဂီ ဦးလှအောင်၏ ဆယ်ရက်အတွင်း အတွေ့အကြုံနှင့် ဆီးချိုကျပုံ အဆင့်ဆင့် ဝေဒနာသက်သာလာပုံမှ ပျောက်ကင်းသွားသည်အထိ ကောက်ယူထားသော စစ်တမ်းများ။ဆီးချိုလူနာများအတွက် အားဆေးတစ်ခွက်အဖြစ် ဦးလှအောင်နှင့် ကျန်းမာချမ်းသာ တရားရိပ်သာ ဆရာတော်၏ တောဆန်ဆန် သုတေသနပြုချက်များ ဖြစ်ပါတယ်။ နိုင်ငံတကာမြို့ကြီးသားများ အပြုသဘော ပြုပြင်ပေးနိုင်ပါတယ်။============================================================= ဦးလှအောင် (၆၄)နှစ်=========နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရွာမူလဆီးချို- 244 (RBS)ပထမရက် 218 (fasting) – 2.7.2022ဒုတိယရက် 163 (fasting) -3.7.2022ဆီးချိုသက်တမ်း (၇)နှစ်။အင်္ဂလိပ်ဆေးမသောက်တာ (၁)နှစ်ကျော်ပြီ။မနေ့က (2.7.2022)မှစ၍ တရားစခန်းဆရာဝန်ပေးသည့် မက်ဖော်မင် ...
သတင်း

“ပညာရေးပဒေသာပင် ဆယ်သိန်းကျပ် အလှူရှင် မိသားစုပါ”

“ပညာရေးပဒေသာပင် ဆယ်သိန်းကျပ် အလှူရှင် မိသားစုပါ”================================မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ ပညာရေးပဒေသာပင်အဖြစ်အလှူငွေ -၁,၀၀၀,၀၀၀(တစ်ဆယ်သိန်းကျပ်)ကိုအမေရိကန်ပြည်ထောင်စုနေ ဒေါက်တာမြမြအေး မိသားစုက လှူဒါန်းခြင်းဖြစ်ပါတယ်။ဦးတင်အေး+ဒေါ်သိန်းလှိုင်တို့အား ရည်စူး၍ —-ဒေါက်တာမြမြအေးဒေါ်သီတာအေးဒေါ်ဆွေဆွေတင်အေးလှိုင်ဦးကျော်ဆန်းဝင်း(USA)တို့၏ အလှူဒါနဖြစ်ပါတယ်။ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ပါစေသော်………………..၀်။
သတင်း

“ပညာရေးပဒေသာပင်အလှူတော်”

“ပညာရေးပဒေသာပင်အလှူတော်”————————————–—မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက် ပညာရေးပဒေသာပင်အဖြစ် အလှူငွေ-၁,၀၀၀,၀၀၀(တစ်ဆယ်သိန်း)ကျပ်ကို အမေရိကန်ပြည်ထောင်စုမှ ဒေါက်တာမြမြအေးက လှူဒါန်းပါသည်။ မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း၌ G-9၊ G-10၊ G-11 နှင့် တက္ကသိုလ်ဝင်တန်းပြ ဆရာ(၅)ဦး၊ ဆရာမ(၁၆)ဦး နှင့် ၀န်ထမ်း(၂)ဦး ရှိရာ လစာအလှူငွေအဖြစ် လစဉ်သိန်းသုံးဆယ်ကျော် လှူဒါန်းလျက်ရှိပါသည်။ သို့ဖြစ်၍ အနယ်နယ်အရပ်ရပ်မှ လာရောက်ပညာသင်ယူလျက်ရှိသော ကလေးငယ်များအား စေတနာ၊ ၀ါသနာ၊ အနစ်နာ အရင်းခံ၍ မိမိဘ၀ကို ကလေးငယ်များ ပညာရေး၌ မြှုပ်နှံကာ လောကကောင်းကျိုး သယ်ပိုးဆောင်ရွက်နေသော ဆရာ/ဆရာမများအတွက် ပညာပါရမီဖြည့်ဆည်းလိုသော ...
သတင်း

“ ပညာရေး အကယ်ဒမီ ဆွမ်းဆန်တော်နှင့် န၀ကမ္မ အလှူတော် ”

“ ပညာရေး အကယ်ဒမီ ဆွမ်းဆန်တော်နှင့် န၀ကမ္မ အလှူတော် ”===================================== 21.8.2022 ရက်နေ့ မနက် 10:30နာရီ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းသို့ ဒါနပါရမီ ကုသိုလ်ရှင် လာရောက်လှူဒါန်းကြပါသည်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီအတွက်ဖြစ်ပြီး အလှူရှင်များကတော့ မတ္တရာမြို့နေ —၁။ ဦးညီညီ+ဒေါ်စန်း (နေလဆန်စက်) မိသားစု။၂။ ဦးညွှန့်ရွှေ (ဘူးသီး)+ဒေါ်ချစ်စု မိသားစု။၃။ ဦးမျိုးလွင်+ဒေါ်နွဲ့နွဲ့ကြည် မိသားစု။၎။ ကိုသိုက်ထွန်း+မဇင်မာခိုင် မိသားစု။၅။ ဦးကျော်စိုး+ဒေါ်လဲ့လဲ့သင်း မိသားစု။၆။ ဦးထွန်းခိုင်ဆွေ+ဒေါ်စန္ဒာမိုး မိသားစုတို့ ဖြစ်ပါသည်။ နေလဆန်စက်ပိုင်ရှင် ဦးညီညီ ...
သတင်း

“ ပညာရေးအကယ်ဒမီ ဆွမ်းဆန်တော်အလှူ”

“ ပညာရေးအကယ်ဒမီ ဆွမ်းဆန်တော်အလှူ”======================== မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက် ဆွမ်းဆန်တော် အလှူအဖြစ် ဆန်အိတ် ၃၀ လှူဒါန်းလာသည့် အလှူရှင်ကတော့ ထားဝယ်မြို့ ပန်းသုံးဝဆရာတော် အရှင်ကုသလနှင့် ရန်ကုန်မြို့နေ ဦးသန့်ဇင် မိသားစု ဖြစ်ပါသည်။ 20.7.2022 ရက်နေ့၌ ရန်ကုန်မြို့မှ ကားဖြင့် ပို့လှူခြင်း ဖြစ်ပါသည်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း၌ G-9၊ G-10၊ G-11 နှင့် တက္ကသိုလ်ဝင်တန်း၊ ကျောင်းသား/သူပေါင်း-၃၂၈ဦး၊ ဆရာ(၃)ဦး၊ ဆရာမ(၁၆)ဦးနှင့် အုပ်ချုပ်ရေးသံဃာတော်များ စုစုပေါင်း သုံးရာ့ငါးဆယ်ကျော်ရှိပါသည်။ တစ်ရက်လျှင် သုံးနပ် ...
သတင်း

“ပညာရေးအကယ်ဒမီ ဒါနပါရမီ ကုသိုလ်တော်”

“ပညာရေးအကယ်ဒမီ ဒါနပါရမီ ကုသိုလ်တော်”========================================မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း သန့်စင်ခန်းများ ပြုပြင်ရန်အတွက် အလှူငွေ- ၅သိန်းကျပ် လှူဒါန်းပါတယ်။ အလှူရှင်ကတော့ ဗိုလ်မှူးဟိန်းမင်းထက်၊ ယွန်းမေသုန်မင်းထက် မိသားစု ဟိုပုံးမြို့ဖြစ်ပါတယ်။ အလှူရှင် မိသားစု- အကယ်ဒမီကျောင်းသူမလေး မအိမ်ရဂုံမင်းထက်ရဲ့ မိဘများဖြစ်ပါတယ်။အလှူရှင် မိသားစုနှင့် သာဓုခေါ် အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့။ ပညာပါရမီပြည့်ဝကာ နိဗ္ဗာန်၊ မဂ်ဖိုလ်ကို ဘ၀တိုတိုနှင့် ရလွယ်ရောက်လွယ် မျက်မှောက်ပြုလွယ်နိုင်စွမ်းသော သူတော်ကောင်း၊ သူမြတ်ကောင်းများ ဖြစ်ကြပါစေသော်……………၀်။ ဆက်သွယ်ရန် ဖုန်း-ကျောင်းအုပ်ဆရာတော် 09-781513980တာဝန်ခံဆရာတော် 09-445580969အက်ဒမင်ဆရာတော် 09-697866969