သတင်း

“ဆီးချိုဆိုတာ ပျောက်သောရောဂါပါ”

“ဆီးချိုဆိုတာ ပျောက်သောရောဂါပါ”
ယောဂီ ဦးလှအောင်၏ ဆယ်ရက်အတွင်း အတွေ့အကြုံနှင့် ဆီးချိုကျပုံ အဆင့်ဆင့် ဝေဒနာသက်သာလာပုံမှ ပျောက်ကင်းသွားသည်အထိ ကောက်ယူထားသော စစ်တမ်းများ။
ဆီးချိုလူနာများအတွက် အားဆေးတစ်ခွက်အဖြစ် ဦးလှအောင်နှင့် ကျန်းမာချမ်းသာ တရားရိပ်သာ ဆရာတော်၏ တောဆန်ဆန် သုတေသနပြုချက်များ ဖြစ်ပါတယ်။ နိုင်ငံတကာမြို့ကြီးသားများ အပြုသဘော ပြုပြင်ပေးနိုင်ပါတယ်။
=============================================================

ဦးလှအောင် (၆၄)နှစ်
=========
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရွာ
မူလဆီးချို- 244 (RBS)
ပထမရက် 218 (fasting) – 2.7.2022
ဒုတိယရက် 163 (fasting) -3.7.2022
ဆီးချိုသက်တမ်း (၇)နှစ်။
အင်္ဂလိပ်ဆေးမသောက်တာ (၁)နှစ်ကျော်ပြီ။
မနေ့က (2.7.2022)မှစ၍ တရားစခန်းဆရာဝန်ပေးသည့် မက်ဖော်မင် 500 gm တစ်ကြိမ်တည်း စသောက်။
ခါတိုင်း- အိပ်ရာထပြီးရင် ပြန်ပဲ အိပ်ချင်တာ။
ထမင်းကြမ်းစား ထိုးအိပ်တော့တာပဲ။
အခုကျ- အဲဒါတွေ မဖြစ်တော့ဘူး။
ဟိုအရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်။ အိပ်ရာထဲရောက်ပြီးလည်း ည-၁၁ နာရီ၊ ၁၂ နရီမှ အိပ်ပျော်တာ။
အခုကျ- ခေါင်းချတာနဲ့ တန်းအိပ်ပျော်သွားတာပဲ။ အားလည်း ရှိလာတယ်ဘုရား။
အရင်ဆို ညတိုင်း ဆီးလေးကြိမ်လောက်ထသွားရ။
အခုကျ မိုးလင်းမှပဲတစ်ခါ သွားရ။
အရင်ဆို မသွားချင်၊ မလာချင် လေးလံထိုင်းမှိုင်းနေလို့ တုံးလုံးပက်လက်ပဲ မှိန်းနေတာများ။
ဒီရောက်မှ လျှောက်လို့ကောင်း။ တအားပေါ့။ တအားကိုသွားချင်နေ။ ဖြောက်ဖြောက်ဖြောက်နဲ့။
(ဖယ်ခုံ မိုးဗြဲဘက်မှာနေ၊ စစ်ရှောင်လာတာ နှစ်ရက်ပဲရှိသေး။ ဆီးချိုတရားစခန်းမှန်းသိရလို့ လိုက်လာခြင်းဖြစ်။)
အရင်က မတည့်တာစားမိရင် အနာပေါက်၊ အရည်ကြည်ဖုလေးတွေလည်း ပေါက်ဖူး။ ဆီးချိုဖြစ်မှန်း မသိ။ နေပြည်တော် ခုတင်-၁၀၀၀ တက်ရမှ ဆီးချိုရှိမှန်း သိရ။
တော်တော်ကောင်း ပါတယ်ဘုရား၊ အခုလို စားရမှန်းလည်း မသိခဲ့ဖူးဘုရား။
နှစ်ရက်အတွင်းမှာပဲ-
အိပ်တော့လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။
နိုးတော့လည်း ခေါင်းကြည်တယ်။
နေရ၊ ထိုင်ရတာလည်း ပေါ့ပါးတယ်။
သွားရ၊ လာရတာလည်း သွက်လက်တယ်။
လမ်းလျှောက်ရတာ ကောင်းမှကောင်း။
အဝေးကြီးသွားရတာတောင် ၀ှစ်ဝှစ်နဲ့ နေတယ်။
4.7.2022 (151)
5.7.2022-(127) ဆက်တိုက်ကျ။
အရင်ကထက် ပိုသွက်။ လမ်းတွေလည်း တအားလျှောက်လို့ကောင်း ထလို့လည်းကောင်း။
အရင် ထလို့မကောင်း၊ ဒူးက ဒဏ်ထိထားလို့ ကွေးလို့မရ။
အခုကွေးလို့ရလာ။ တရားထိုင်လို့တောင်ရလာ။
အရင် တောင်ဘက်သွားရင် မြောက်ဘက် ခြေဆွဲသွားတာ။
အခု သွားတာ၊ လာတာ ရောက်ခါစထက် ပိုသွက်။ ထိုင်လို့၊ ထလို့လည်း ပိုကောင်း။
အရင်- ဘုရားတပြီးမှ ထရ။ အခု ဇာက်ကနဲ ထနိုင်။
ဆီးချိုသက်တမ်း 7-နှစ်၊ ဘယ်ဘက်မျက်စိ မှုံတာ (4)နှစ်။ လုံးဝ မမြင်ရ။
အရင်လုံးဝမမြင်ရတာ။
အခု ရိုးတိုးရိပ်တိတ် မြင်ရပြီ။ နည်းနည်းကြည်လာပြီ။
အခု အင်္ကျီဖြူဝတ်ထားတာတွေပါ မြင်လာရ။
ခြေထောက်က အမြဲထုံကျင်နေတာ။ လေဖြတ်မယ် ထင်ထားတာ။ ညောင်းကိုက်နေလို့ အိပ်မရ။
အခု ခေါင်းချရင် တန်းအိပ်ပျော် အိပ်ကောင်း ။
အရင်-ဆီးသုံးကြိမ်တော့ ထသွားရ။ အခု- တစ်ခါတည်းပဲ ထသွားရ။
အရင်- အိပ်ရာထ မူးမှိုင်းနေ။
ဒီရောက်မှ လုံးဝ မဖြစ်တော့ပါ။
တစ်ရက်၊ နှစ်ရက်အတွင်း တအားထူးခြားတာ။
သိသိသာသာကြီးကို ကောင်းသွားတာ။ အဲဒါ အံ့သြနေတာ။
6.7.2022- 119 mg/dl
ဆီးချိုကျလာတာနှင့်အမျှ အရင်ထက်ပိုပြိး ကောင်းလာ။ အိပ်လို့လည်းကောင်း။
လမ်းလျှောက်လို့လည်းကောင်း။ စားသောက်လို့လည်းကောင်း။
စားသောက်လို့ကတော့ အကောင်းဆုံးပဲ။
7.7.2022- 113 mg/dl
8.7.2022- 99 mg/dl
9.7.2022- 97 mg/dl
8.7.2022- 99 ရောက်လာတဲ့အခါ လမ်းလျှောက်လို့ တအားကောင်း၊ အိပ်လိုက်ရင် နိုးတောင် မနိုးချင်။ ခါတိုင်း ၂း၀၀။ ၃း၀၀ နောက်ပိုင်း ပြန်အိပ်လို့မရ။ အခု မနိုးတော့။ အိပ်လို့တအားကောင်း။ သွားလာရ တအားကောင်း။ အရင်ထက်စာရင် အများကြီးသွက်၊ ကျလေသွက်လေ။
ခြေထောက်ကြီးက ထုံပြီး ကော့ကော့ကြီး လေမလျှောက်တော့ဘူး။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပတ်စားပစ်။ ဆီးချိုမစစ်တာကြာပြီ။ အခုမှ တန်ဖိုးသိ။ စားပုံစားနည်းကောင်း။ ခြေနှစ်ဖက်လုံးဖြစ် အနာတွေခြောက်သွား။
အရင်ဆိတ်ကြည့် မသိ။ အခု ပျောက်သွား။
အရင် ဖိနပ်စီးမရ။ အခုခြေကုပ်လည်းကောင်းသွားပြီ။ တစ်ခါတလေ လမ်းသွားရင် ဖိနပ်ကျွတ်ကျခဲ့တာ မသိ။ ခုတင်ပေါ်တက်အိပ်ရင် (ဖိနပ်ချွတ်ပြီးပြီပဲထင်) ဖိနပ်တန်းလန်းကြီး ဖြစ်နေ။ ခြေထောက်တွေ လုံးဝ အသိမရှိတော့ အဲဒါတွေ နေ့တိုင်းနီးပါးဖြစ်။
ခြေမတွေ သွေးမလျှောက်တော့ အသားမာတွေတက် တောင့်တောင့်ကြီး ဖြစ်နေ။
အခု-ပျော့သွားပြီ။ ကိုယ့်ကိုကိုယ် အိပ်မက်မက်နေသလိုပါပဲ။ ကျေးဇူးအများကြီးတင်ပါတယ်။ စိတ်ထဲမှာလည်း ဆုတောင်းပေးနေပါတယ်။
9.7.2022- 97 mg/dl
ပေါ့တာတော့ တအားပေါ့၊ လန်းနေတာပဲ။ အိပ်တာကလည်း တအားပဲ။
အရင်-ဆီး ၄/၅/၆ ခါထသွားရ။
အခု ၁ခါပဲထရ။
အများကြီးကွာသွားပြီ။ တအားကောင်းသွားပြီဘုရား။ နေရထိုင်ရတာကော အကုန်လုံးပဲ။
10.7.2022-ရက်နေ့ 97 မှ 85 သို့ကျသော်လည်း မူးမော်နောက်ကျိခြင်း အလျဉ်းမရှိ။
တစ်နေ့တစ်ခြား ပိုပိုကောင်းလာတာလေးပဲ ထူးခြား။
ခြေထောက်ကျပ်(ဂျပ်)တွေလည်း မရှိတော့ဘူး။
သွေးလည်း လျှောက်ပြီ။ ထိရင်လည်း သိပြီ။
အရင် ထိလည်း မသိ၊ ခလုတ်တိုက်လည်း မသိ။ ဆိုင်ကယ်နောက်ကစီးရင် ဖိနပ်ကျွတ်ကျလည်း မသိ။
အခု အားလုံးသိပြီ။ ခြေထောက်တွေ ပုံမှန်ပြန်ဖြစ်သွားပြီ။