သတင်း

“မွေးနေ့မင်္ဂလာ အလှူတော်”

“မွေးနေ့မင်္ဂလာ အလှူတော်”
=======================
ဒီကနေ့ 22.9.2022ရက်နေ့၊ မနက်-6:00မှာ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယ သံဃာတော်များအား မုန့်ဟင်းခါးဆွမ်း ဆက်ကပ်လှူဒါန်းပါတယ်။

မွေးနေ့ အထိမ်းအမှတ် လှူဒါန်းတာဖြစ်ပြီး ကုသိုလ်ရှင်ကတော့ ရမည်းသင်းမြို့KT2 စတိုးဆိုင်မှ ဒေါ်ချို ဖြစ်ပါတယ်။

KT2စတိုးဆိုင်ပိုင်ရှင် ဒေါ်ချိုက ၅၂နှစ်ပြည့် မွေးနေ့အခါသမယမှာ မိဘနှစ်ပါးဖြစ်တဲ့ ဦး(မြင့်ဆွေ)+ဒေါ်တင်စုတို့ကို ဦးထိပ်ထားပြီး ဆွမ်းဆက်ကပ်တာဖြစ်သလို ကျန်းမာချမ်းသာတရားရိပ်သာမှာ တည်ဆောက်ဖို့ ယောဂီဆောင် ကမ္မဋ္ဌာန်းကျောင်းလေးအတွက်လည်း အလှူငွေ-၁၀၀၀၀၀၀ိ/ (ဆယ်သိန်းကျပ်) လှူဒါန်းခဲ့ပါတယ်။

မွေးနေ့ရှင် ဆွမ်းအစ်မ ကျောင်းအစ်မကြီးဒေါ်ချို မိသားစုနှင့်အတူ သာဓုခေါ် အနုမောဒနာပြုကြတဲ့ ပရိသတ်အားလုံး လိုရာဆန္ဒ အ၀၀ပြည့်စုံကြပါစေ။

နိဗ္ဗာန်မဂ်ဖိုလ်ကို ဘ၀တိုတိုနှင့် ရနိုင်ရောက်နိုင် မျက်မောက်ပြု နိုင်ပါစေသော်……….၀်။