သတင်း

“နေပြည်တော် မဘသ အလှူတော်”

“နေပြည်တော် မဘသ အလှူတော်”
====================

တော်သလင်းလဆန်း (၇)ရက် (16.9.2022)နေ့၊ ညနေ-၄:၀၀ နာရီ၊ မန္တလေး၊မဟာအောင်မြေ
မြို့နယ်၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ကျင်းပပါတယ်။

နေပြည်တော် ကိုးမြို့နယ်မှ မဘသ ဆရာတော်များနှင့် ၀ံသာနုပြည်သူများ၏ ကုသိုလ်တော် ဖြစ်ပါတယ်။

(၆၁)နှစ်ပြည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အဖြစ် လှူဒါန်းခြင်း ဖြစ်ပါတယ်။
နိုင်ငံတော် ဘာသာနေ့ အခမ်းအနားကို နေပြည်တော် လယ်ဝေးမြို့၊ ဓမ္မသုခကျောင်းမှာ ကျင်းပခဲ့ ပြီးပါပြီ။

အခုအလှူကတော့ နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အလှူပဲ ဖြစ်ပါတယ်။
ဆရာတော် ဦးဝီရသူအား န၀ကမ္မ-၃၅၀၀၀၀ိ/(သုံးသိန်းငါးသောင်း)ကျပ်နှင့် နှမ်းဆီအစစ် ဆီတစ်ပုံး။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီအတွက်- ဆန်အိတ်ပေါင်း- ၆၉အိတ်၊
ဆွမ်းတစ်နပ်စာငွေ-၃၀၀၀၀၀ိ/(သုံးသိန်း)ကျပ် လှူဒါန်းခဲ့ပါတယ်။

အလှူဦးဆောင်သူများကတော့ လယ်ဝေးမြို့၊ ဓမ္မသုခကျောင်း ဆရာတော်ဦးကေသရ
(ဦးဇင်းမောင်အေး)၊ အောင်းကုန်းကျေးရွာ ရှေးဟောင်းကျောင်းတော်ကြီးဆရာတော် ဦးပညာသာမိ၊ ဗုဒ္ဓရတနာ ပရဟိတကျောင်းဆရာတော် အရှင်ပညာဒီပတို့ပဲ ဖြစ်ပါတယ်။

တိုင်းပြည်အကျိုး သာသနာတော်အကျိုး၊ လူမျိုးအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်
မူသော နေပြည်တော် မဘသ ဆရာတော် သံဃာတော်များနှင့် ၀ံသာနု မောင်မယ်များအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ…။