သတင်း

“နေပြည်တော် မဘသ စုစုပေါင်း အလှူတော်”

“နေပြည်တော် မဘသ စုစုပေါင်း အလှူတော်”
========================
မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း၌ စုပေါင်းအလှူပွဲကို ဒီနေ့
တော်သလင်းလ္ဆန်း-၇ရက် (16.9.2022)နေ့ မွန်းလွဲပိုင်းမှာ ကျင်းပပါတယ်။

နေပြည်တော် မဘသ ဦးစီးသော လယ်ဝေး၀ံသာနုအဖွဲ့ရဲ့ အလှူတော်ဖြစ်ပြီး ဆန်အိတ်ပေါင်း-၆၉အိတ်၊ မျှစ်အချိန်နှစ်ဆယ်နှင့် န၀ကမ္မ၀တ္ထုငွေ-်၃၅၀၀၀၀ိ/(သုံးသိန်းခွဲကျပ်) ဖြစ်ပါတယ်။

န၀ကမ္မအလှူငွေကို ဆရာတော်ဦးဝီရသူအား လှူဒါန်းခြင်းဖြစ်ပြီး ဆွမ်းဆန်တော် ၆၉အိတ်
ကိုတော့ ပညာရေးအကယ်ဒမီအား လှူဒါန်းခြင်းဖြစ်ပါတယ်။

စုပေါင်းလှူဒါန်းပွဲမှာ နေပြည်တော် မဘသ ဦးဆောင်ဆရာတော်များက တစ်ပါးချင်းစီ သြ၀ါဒ
ပေးတော်မူပြီး ဦးတင်မောင်ဝင်း(ရွှေအိမ်)နှင့်၊ ဦးခင်ဇော်(လယ်ဝေး)တို့က အားပေးစကား ပြောကြား
ကြပါတယ်။

နေပြည်တော် မဘသကို နေပြည်တော်ကောင်စီနယ်မြေရှိမြို့နယ်ပေါင်း-၉မြို့နယ်မှ သံဃာ
တော်များ၊ မျိုးချစ်ပြည်သူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခုလာရောက်လှူဒါန်းရာတွင် လယ်ဝေးမြို့
ဓမ္မသုခကျောင်းဆရာတော် ဦးကေသရ(ဦးဇင်းမောင်အေး)က ဦးဆောင်လှူဒါန်းခြင်း ဖြစ်ပါတယ်။

အခုလို လာရောက်လှူဒါန်းကြတဲ့ နေပြည်တော် မဘသညီနောင်များနှင့် လယ်ဝေး၀ံသာနု
မောင်မယ်အားလုံး ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကာ ပညာပါရမီပြည့်ဝလျက် သုခနိဗ္ဗာန်သို့ အရောက်တက်လှမ်း နိုင်ပါစေသော်……၀်။

ဆက်သွယ်ရန်
ကျောင်းအုပ်ဆရာတော်09-781513980
တာဝန်ခံဆရာတော် 09-445580969
အက်ဒမင်ဆရာတော် 09-697866969