သတင်း

“ ပညာရေး အကယ်ဒမီ ဆွမ်းဆန်တော်နှင့် န၀ကမ္မ အလှူတော် ”

“ ပညာရေး အကယ်ဒမီ ဆွမ်းဆန်တော်နှင့် န၀ကမ္မ အလှူတော် ”
=====================================

21.8.2022 ရက်နေ့ မနက် 10:30နာရီ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းသို့ ဒါနပါရမီ ကုသိုလ်ရှင် လာရောက်လှူဒါန်းကြပါသည်။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီအတွက်ဖြစ်ပြီး အလှူရှင်များကတော့ မတ္တရာမြို့နေ —
၁။ ဦးညီညီ+ဒေါ်စန်း (နေလဆန်စက်) မိသားစု။
၂။ ဦးညွှန့်ရွှေ (ဘူးသီး)+ဒေါ်ချစ်စု မိသားစု။
၃။ ဦးမျိုးလွင်+ဒေါ်နွဲ့နွဲ့ကြည် မိသားစု။
၎။ ကိုသိုက်ထွန်း+မဇင်မာခိုင် မိသားစု။
၅။ ဦးကျော်စိုး+ဒေါ်လဲ့လဲ့သင်း မိသားစု။
၆။ ဦးထွန်းခိုင်ဆွေ+ဒေါ်စန္ဒာမိုး မိသားစုတို့ ဖြစ်ပါသည်။

နေလဆန်စက်ပိုင်ရှင် ဦးညီညီ ဦးဆောင်သော အဆိုပါအလှူရှင်များသည် ဆွမ်းဆန်အိတ်-၂၀။ အလှူငွေ-၁၂သိန်းကျပ် လှူဒါန်းကြခြင်းဖြစ်ပါသည်။

ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ(အရှင်ဝီရသူ)ထံ လာရောက်လှူဒါန်းကြခြင်းဖြစ်ပြီး ဆရာတော်မှ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းရှိ ဆရာတော်များ၊ ကိုရင်များ၊ သီလရှင်များ၊ ဆရာများ၊ ဆရာမများ၊ ကျောင်းသား/သူများစုစုပေါင်း-၃၅၀ကျော်ရှိကြောင်းနှင့် စားနပ်ရိက္ခာလိုအပ်ကြောင်း၊ လောလောဆယ်တွင် ဆွမ်းဆန်တော် ပြတ်လုနီးပါးဖြစ်သွားကြောင်း ရှင်းလင်းမိန့်ကြားပါသည်။

နေလကျောင်းဒကာ ဦးညီညီ+ဒေါ်စန်း အမှူးပြုသော မတ္တရာ အလှူရှင် အားလုံးသည် ပညာပါရမီပြည့်ဝစေလျက် နိဗ္ဗာန်မဂ်ဖိုလ်ကို ဘ၀တိုတိုနှင့် ရလွယ်ရောက်လွယ် မျက်မှောက်ပြုလွယ် နိုင်စွမ်းသော သူတော်ကောင်း သူမြတ်ကောင်းများ ဖြစ်ကြပါစေသော်…………………….၀်။

ပညာပါရမီ ဖြည့်ဆည်းလိုသူများ-—
ဆက်သွယ်ရန်
ကျောင်းအုပ်ဆရာတော်09-781513980
တာဝန်ခံဆရာတော် 09-445580969
အက်ဒမင်ဆရာတော် 09-697866969