သတင်း

မြန်မာတို့၏ လပြည့်ဝန်း

“မြန်မာတို့၏ လပြည့်ဝန်း”
==============
သူယုတ်တစ်သောင်း ကဲ့ရဲ့ရှောင်းလည်း
သူကောင်းတစ်ယောက် ချီးမွမ်းပျောက်၏။

အကန်းတစ်ရာ ရမ်းနေပါလည်း
အရာမရောက် ဇောက်ထိုးမှောက်၏။

ဉာဏစက္ခု မြော်မြင်ရှု၍
ယခုနောင်ခါ တို့မြန်မာ၏
ဘာသာအမျိုး ရောင်မညှိုးအောင်
အကျိုးဆောင်သည့် ထွဋ်ခေါင်မြင့်မြတ်
မျိုးချစ်တတ်သူ စိတ်ဓာတ်ဖြူကို
ဘယ်မူဘယ်မျိုး အရောင်ဆိုးလည်း
အကျိုးမပျက် ဆတိုးတက်၍
ဝင်းလက်တောက်ပ ရွှန်းရွှန်းမြလျက်
လပြည့်ဝန်းပမာ တင့်တယ်ပါမို့
မြန်မာတို့များ မြတ်နိုး၏။

ဒီပ(သာကီသွေး)