သတင်း

အမျိုးသားရေးခေါင်းဆောင်တစ်ဦး၏ လူသိနည်းသော လေးစားစရာပုံရိပ်များ

ကိုယ်တွေ လူထုခေါင်းဆောင်အမေစုကို လေးစားသလို အမျိုးသားရေးခေါင်းဆောင် ကိုလဲ လေးစားမိပါတယ်။ဒီနေ့မှာ သူနှင့်အ တူတွေ့ဆုံခဲ့ပါတယ်။နိုင်ငံရေး၊ဘာသာရေး လူမှုရေးတွေကို ဆွေးနွေးခဲ့ပါတယ်။

သူ့ကို စသိတာက စေတိယင်္ဂဏစာမေးပွဲ သွားဖြေစဉ်က သူ့အကြောင်းကို စသိခဲ့ပါတယ်။ စာမေးပွဲအောင်ချက်တွေကို တရား လွန်ထိမ်းချုပ်ထားတာကြောင့် ဂေါပကရုံး မှာ သွားရောက်ပေါက်ကွဲခဲ့တာတွေ၊ အဲဒီ အတွက်ကြောင့် စာမေးပွဲဖြေခွင့်မရတော့ တာတွေ ကြားသိခဲ့ရပါတယ်။ သူဟာ အခြား ရဟန်းသံဃာတွေအတွက် လူမိုက် လုပ်ပေးဆပ်ခဲ့တာဟု သုံးသပ်မိ။

နောက်တခါသိတာက အစိုးရပထမပြန် စာမေးပွဲအတွင်း ငယ်ရွယ်ဆိုးသွမ်းသော ကိုရင်ဦးဇင်းတွေကို ထိမ်းချုပ်ဖို့အတွက်
သူ့ပိုက်ဆံဖြင့် ကားတွေဆီထည့်ပေးကာ ဝိသောဓနီအဖွဲ့ဖွဲ့ပြီးလှည့်လည်ကြပ်မက် တော့ ကိုယ်တွေလဲပူးပေါင်းခဲ့။သူရဲ့သာသ နာအပေါ်မှာထားရှိတဲ့စိတ်ဓာတ်ကိုသိရှိခဲ့။

နောက် တရားပြလမ်းလွဲနေတဲ့ တန့်ကြည် တောင်ရိပ်သာကို ထေရဝါဒတိုက်ပွဲစာအုပ် ဖြင့် ဝေဖန်ထောက်ပြလိုက်တော့ သာသနာ အတွက် သူလိုအရှင်တွေရှိတာ အားတက်ခဲ့။

နောက် ကိုယ်တွေ သကျစာသင်တန်းအောင် လို့ မန်းရွှေလီပဒေသာပင် မဲပေါက်ခဲ့တဲ့အခါ သူလဲ ဒီပဒေသာပင်ကိုပေါက်ခဲ့ဖူးတယ်ဟုသိ ရတော့ ဝမ်းသာမိခဲ့။ဒါနဲ့စပ်ဆက်ပြီး အတိက် အကြောင်းတွေပြန်ပြောကြတော့ တချို့ကသူ့ ကို ခရိုနီတွေကထောက်ပံ့နေတယ်ဟု စွပ်စွဲ နေကြပေမယ့် တကယ်တမ်းမှာတော့ မန်းရွှေ လီဖိနပ်ပိုင်ရှင်လို နောက်ဆုပ်သွားကြတဲ့သူ တွေသာ ရှိတာပါဟု ပြုံးရွှင်စွာပြောခဲ့။

နောက် ကိုယ်တွေရောက်တဲ့အခါ သကျ စာ သင်တန်းစာဝါချနေတာမြင်ရတော့ နိုင်ငံရေး လဲလုပ် သာသနာအတွက်လဲအလုပ်နေကြတဲ့ သူတွေ လက်ချိုးရေတွက်မိပါတယ်။ အလတ် တန်းအဆင့်နှင့် စွာကျယ်စွာကျယ်လုပ်နေသူ တွေနှင့် နှိုယှဉ်မိတော့ နှိုင်းရမှာတောင် အားနာစရာ။ပြန်ခါနီး နှုတ်ဆက်တော့ အဋ္ဌသာလိ နီစာဝါ ညနေမှာပို့ချရမယ်ဆိုပဲ။သူဟာ အလုပ် တအားလုပ်သူဟု သူငယ်ချင်းဘိဝံသ ဦးဇင်း လေးကပြောပြတော့ လေးစာမိခဲ့။

သူရဲ့အနေအထိုင်ကျစ်လစ်မှုက အပြင်မှာ ကြားသိနေရတာတွေနဲ့တခြားဆီပါ။သတင်း မီဒိယာတွေရဲ့ အမုန်းစာတွေကြောင့်သာ တ ချို့မသိသူတွေက အမြင်မကြည်ဖြစ်နေတာပါ။

သူ ညအိပ်ယာဝင်တိုင်း ပရိတ်.မဟာသတိပဋ္ဌာ န် သုတ်တော်ကို ပူဇော်ပြီးမှ အိပ်တာလို့ ကြား ရတော့ ကိုယ့်ကိုယ်ကိုတောင် ရှက်မိ။မဟာသတိပဋ္ဌာန်ရွက်ဖက်ပြီးမှအိပ်တဲ့ မြန်မာပြည်သား များ ဘယ်နှစ်ဦးရှိပါလိမ့်။ (ပညာစက်ဝန်း)

သူ ဆိုတာက အရှင်ဝိစိတ္တာဘိဝံသ(ဝီရသူ)ပါ။