Daily Archives: December 20, 2017

သတင်းအင်တာဗျူး

ရှိခိုးထိုက်တဲ့စေတီတော်ကို ရှိခိုးနေတာ ပြဿနာမဟုတ်ပေမယ့် တောင်ပို့ကြီးကို ရှိခိုးနေတာကို မြင်ပါလျက် ဒါဟာ တောင်ပို့ကြီးပါလို့ မပြောဘူဆိုရင် ကိုယ်က ...

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- ရွှေည၀ါဆရာတော်နဲ့ပတ်သက်ပြီး အမျိုးသားရေးနဲ့ နိုင်ငံရေးစိတ်ထားဆိုပြီးရေးထားတာ တွေ့ရပါတယ်။ အရှင်ဘုရားဘက်က သံဃာတော်ချင်းအပြစ်တင်တာမျိုးရေးလေ့မရှိပေမယ့် ရွှေည၀ါဆရာတော်နဲ့အကြောင်းကို ဘာကြောင့်ရေးဖြစ်တယ်ဆိုတာလေး သိချင်ပါတယ်ဘုရား။ ဖြေ – ဘုရားသားတော်အချင်းချင်း ရိုင်းပင်ကူညီရမှာကြီးကို အဲဒီလိုမဟုတ်ဘဲနဲ့ နိုင်ငံရေးအယူအဆမတူတာတစ်ခုတည်းနဲ့ပဲ ရန်သူလိုသဘောထားပြီး ပါမောက္ခဖမ်းသင့်တာကြာပြီတို့၊ နောက်ထပ်ဖမ်းရမယ့်သူတွေ ရှိသေးတယ်တို့၊ ဘယ်သူဆိုတာ မြေပြင်မှာ ဆင်သွားသလိုထင်ရှားတယ်ဆိုတာတွေပြောနေတာကို သဘောမကျတာပေါ့။ ဦးဇင်းနဲ့ပတ်သက်လို့ပြောတာဆိုတာကတော့ ပုဂ္ဂိလ်ရေးအရ သည်းခံပါတယ်။ ဒါပေမယ့် ဘုရားသားတော်တွေဆိုတာ အမြဲတမ်းသမဂ္ဂစိတ်ရှိရမယ်လေ။ ဥပမာ ဆိုကြပါစို့၊ မိတ္ထီလာမှာဆိုရင် ဦးသောဘိတကိုအကြောင်းပြုပြီးတော့ တုံ့ပြန်မှုအကြီးအမားကြီးဖြစ်ခဲ့တယ်ပေါ့။ နောက် စစ်အစိုးရတက်ခါစက မန္တလေး ဆွမ်းလောင်းပွဲမှာ ကိုရင်တစ်ပါးနဲ့ပတ်သက်ပြီး ကြီးကြီးမားမားကြီးကို ...
သတင်း

အမျိုးသားရေးခေါင်းဆောင်တစ်ဦး၏ လူသိနည်းသော လေးစားစရာပုံရိပ်များ

ကိုယ်တွေ လူထုခေါင်းဆောင်အမေစုကို လေးစားသလို အမျိုးသားရေးခေါင်းဆောင် ကိုလဲ လေးစားမိပါတယ်။ဒီနေ့မှာ သူနှင့်အ တူတွေ့ဆုံခဲ့ပါတယ်။နိုင်ငံရေး၊ဘာသာရေး လူမှုရေးတွေကို ဆွေးနွေးခဲ့ပါတယ်။ သူ့ကို စသိတာက စေတိယင်္ဂဏစာမေးပွဲ သွားဖြေစဉ်က သူ့အကြောင်းကို စသိခဲ့ပါတယ်။ စာမေးပွဲအောင်ချက်တွေကို တရား လွန်ထိမ်းချုပ်ထားတာကြောင့် ဂေါပကရုံး မှာ သွားရောက်ပေါက်ကွဲခဲ့တာတွေ၊ အဲဒီ အတွက်ကြောင့် စာမေးပွဲဖြေခွင့်မရတော့ တာတွေ ကြားသိခဲ့ရပါတယ်။ သူဟာ အခြား ရဟန်းသံဃာတွေအတွက် လူမိုက် လုပ်ပေးဆပ်ခဲ့တာဟု သုံးသပ်မိ။ နောက်တခါသိတာက အစိုးရပထမပြန် စာမေးပွဲအတွင်း ငယ်ရွယ်ဆိုးသွမ်းသော ကိုရင်ဦးဇင်းတွေကို ထိမ်းချုပ်ဖို့အတွက် သူ့ပိုက်ဆံဖြင့် ကားတွေဆီထည့်ပေးကာ ဝိသောဓနီအဖွဲ့ဖွဲ့ပြီးလှည့်လည်ကြပ်မက် တော့ ကိုယ်တွေလဲပူးပေါင်းခဲ့။သူရဲ့သာသ နာအပေါ်မှာထားရှိတဲ့စိတ်ဓာတ်ကိုသိရှိခဲ့။ နောက် တရားပြလမ်းလွဲနေတဲ့ တန့်ကြည် တောင်ရိပ်သာကို ထေရဝါဒတိုက်ပွဲစာအုပ် ဖြင့် ဝေဖန်ထောက်ပြလိုက်တော့ သာသနာ အတွက် သူလိုအရှင်တွေရှိတာ အားတက်ခဲ့။ နောက် ကိုယ်တွေ ...
သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၇)

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။ ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။ လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ...
သတင်း

အဋ္ဌသာလိနီစာဝါ

18.12.2017 ရက်နေ့ ညနေ ၄း၀၀ နာရီ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး အပေါ်ဆုံးထပ်မှာ ပို့ချပါတယ်။ ကိုယ်ပိုင်စာဝါတော့ မဟုတ်ပါဘူး။  ဆရာသမားအမွေပေးခဲ့တဲ့ စာဝါပါ။ ဆရာသမားက ဝါတွင်းကတည်းက ချလာခဲ့တာ အခုနောက်ပိုင်း ဘုရားတည်နေတာကြောင့် ခွင့်ယူထားပါတယ်။ ယခုစာသင်နှစ်ကုန်အထိတော့ ပို့ချရမှာပါ။ ဒီစာဝါကို စာရေးသူ မော်စကိုမှ ပြန်လာကတည်းက ပို့ချခဲ့တာပါ။ ပြီးခဲ့တဲ့ နွေရာသီမှာလည်း ပို့ချပြီးပါပြီ။ အခုဟာက ဆရာသမားကိုယ်စား ဆက်လက်ပို့ချခြင်းပါ။ ပထမဦးဆုံးနေ့ဖြစ်လို့ စာဝါချမယ် မချဘူး မသိကြလို့ စာဝါလိုက်သူတော့ နည်းပါတယ်။ 19.12.2017 မှာတော့ စာဝါလိုက်သူတွေ များပါတယ်။ ကျမ်းသုံးကျမ်းမှာ နောက်ဆုံးကျမ်း အဘိဓမ္မာကျမ်းပေါ့ဗျာ။ အဋ္ဌကထာ၊ ပြည်နိဿယ၊ ဝါကျဥယျာဉ်တို့နှင့် ပူးတွဲပို့ချတာပါ။ ဝါကျဥယျာဉ်ကျမ်းမှာ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၈၈)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ထိုင်းနိုင်ငံရေ မြန်မာပရဟိတအဖွဲ့များမှ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။( 18.12.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သီခြားအလှူရှင်များ ...