သတင်း

အဋ္ဌသာလိနီစာဝါ

18.12.2017 ရက်နေ့ ညနေ ၄း၀၀ နာရီ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး အပေါ်ဆုံးထပ်မှာ ပို့ချပါတယ်။ ကိုယ်ပိုင်စာဝါတော့ မဟုတ်ပါဘူး။  ဆရာသမားအမွေပေးခဲ့တဲ့ စာဝါပါ။ ဆရာသမားက ဝါတွင်းကတည်းက ချလာခဲ့တာ အခုနောက်ပိုင်း ဘုရားတည်နေတာကြောင့် ခွင့်ယူထားပါတယ်။

ယခုစာသင်နှစ်ကုန်အထိတော့ ပို့ချရမှာပါ။ ဒီစာဝါကို စာရေးသူ မော်စကိုမှ ပြန်လာကတည်းက ပို့ချခဲ့တာပါ။ ပြီးခဲ့တဲ့ နွေရာသီမှာလည်း ပို့ချပြီးပါပြီ။ အခုဟာက ဆရာသမားကိုယ်စား ဆက်လက်ပို့ချခြင်းပါ။

ပထမဦးဆုံးနေ့ဖြစ်လို့ စာဝါချမယ် မချဘူး မသိကြလို့ စာဝါလိုက်သူတော့ နည်းပါတယ်။ 19.12.2017 မှာတော့ စာဝါလိုက်သူတွေ များပါတယ်။ ကျမ်းသုံးကျမ်းမှာ နောက်ဆုံးကျမ်း အဘိဓမ္မာကျမ်းပေါ့ဗျာ။ အဋ္ဌကထာ၊ ပြည်နိဿယ၊ ဝါကျဥယျာဉ်တို့နှင့် ပူးတွဲပို့ချတာပါ။

ဝါကျဥယျာဉ်ကျမ်းမှာ စဉ်ထားတဲ့ ဝါကျနှင့် နံပါတ်အစဉ်အတိုင်း ပို့ချပြီး လိုအပ်တဲ့နေရာတွေမှာမှ မှတ်စုပေးပါတယ်။
စာမေးပွဲနီးပြီမို့လို့ ခပ်သွက်သွက် ခပ်မြန်မြန်လေး ပို့ချရမှာပါ။