သတင်း

“ ပညာရေးအကယ်ဒမီ ဆွမ်းဆန်တော်အလှူ”

“ ပညာရေးအကယ်ဒမီ ဆွမ်းဆန်တော်အလှူ”
========================

မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက် ဆွမ်းဆန်တော် အလှူအဖြစ် ဆန်အိတ် ၃၀ လှူဒါန်းလာသည့် အလှူရှင်ကတော့ ထားဝယ်မြို့ ပန်းသုံးဝဆရာတော် အရှင်ကုသလနှင့် ရန်ကုန်မြို့နေ ဦးသန့်ဇင် မိသားစု ဖြစ်ပါသည်။

20.7.2022 ရက်နေ့၌ ရန်ကုန်မြို့မှ ကားဖြင့် ပို့လှူခြင်း ဖြစ်ပါသည်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း၌ G-9၊ G-10၊ G-11 နှင့် တက္ကသိုလ်ဝင်တန်း၊ ကျောင်းသား/သူပေါင်း-၃၂၈ဦး၊ ဆရာ(၃)ဦး၊ ဆရာမ(၁၆)ဦးနှင့် အုပ်ချုပ်ရေးသံဃာတော်များ စုစုပေါင်း သုံးရာ့ငါးဆယ်ကျော်ရှိပါသည်။

တစ်ရက်လျှင် သုံးနပ် (ဆန်သုံးအိတ်) ကုန်ကျလျက်ရှိပြီး ယခုအခါ ရိက္ခာဆန်ပြတ်လတ်လုနီးပါးဖြစ်နေသဖြင့် ပညာပါရမီကုသိုလ်ပြုလိုသူများ လှူဒါန်းနိုင်ပါပြီ။

ဆွမ်းဆန်တော် အလှူရှင် ပန်းသုံးဝ ဆရာတော်အမှူးပြုသော ဆရာဒကာမိသားစု ပညာပါရမီ ပြည့်ဝကာ နိဗ္ဗာန်၊ မဂ်ဖိုလ်ကို ဘ၀တိုတိုဖြင့် ရလွယ်ရောက်လွယ်၊ မျက်မှောက်ပြုလွယ်နိုင်စွမ်းသူများ ဖြစ်ကြပါစေသော်……………………၀်။



ပညာပါရမီ ဖြည့်ဆည်းလိုသူများ-—
ဆက်သွယ်ရန်
ကျောင်းအုပ်ဆရာတော်09-781513980
တာဝန်ခံဆရာတော် 09-445580969
အက်ဒမင်ဆရာတော် 09-697866969