သတင်း

“ပညာရေးအကယ်ဒမီ စုပေါင်းအလှူတော်”

“ပညာရေးအကယ်ဒမီ စုပေါင်းအလှူတော်”
=======================
မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက် စုပေါင်းအလှူပွဲကြီးကို
5.9.2022ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ မျိုးချစ်မောင်မယ်
များရဲ့ စုပေါင်းအလှူတော်ဖြစ်ပါတယ်။

ဦးဆောင်သူများကတော့ တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက်၊ စာချဆရာတော်အရှင်
ပညာတိက္ခာလင်္ကာရာဘိဝံသ၊ ဓမ္မိကာရာမကျောင်းဆရာတော် အရှင်အရိယ၀ံသ၊ အောင်ပန်းမြို့၊
အရိန္ဒမ မစိုးရိမ်ကျောင်းသစ်ဆရာတော် အရှင်ဣန္ဓာစရိယနှင့် တောင်ကြီးမြို့မှ သီတဂူဝံသာနု
ရက္ခိတအသင်းခေါင်းဆောင် ဦးထွန်းတင့်တို့ ဖြစ်ကြပါတယ်။

အရှင်ပညာတိက္ခာလင်္ကာရာဘိဝံသနှင့် အရှင်ဣန္ဓာစရိယတို့က သြ၀ါဒတရား သြ၀ါဒတရား ဟောကြားခဲ့ပြီး ကလေးများအား အားပေးစကား ပြောကြားခဲ့ပါတယ်။

ရှမ်းတောင်ညီနောင်များရဲ့ စုပေါင်းလှူဖွယ်ပစ္စည်းတွေကတော့ ဆန်အိတ်ပေါင်း-၆၀အိတ်၊
ဆီ၊ ဆား၊ ဂျင်း၊ ဟင်းချိုမှုန့်၊ ဗလာစာအုပ်များနှင့် အလှူငွေ သိန်း-၃၀ကျပ်ဖြစ်ပါတယ်။

ပူပြင်းသည့်ကာလကြီးမှာ အဝေးကြီးကနေ တကူးတက အပင်ပန်းခံပြီး ကိုယ်တိုင်
လာလှူကြတဲ့ ဆရာတော် သံဃာတော်များ လူပုဂ္ဂိုလ်များနှင့် အဝေးမှ လှမ်းလှူလိုက်ကြသော ဆရာတော် သံဃာတော်များ လူပုဂ္ဂိုလ်များ (ရှမးတော်မဘသ)အဖွဲ့သူ၊ အဖွဲ့သားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ဘေးရန်အန္တရာယ်ကင်းဝေးကြပါစေ၊ လိုရာဆန္ဒ
ပြည့်ဝကြပါစေဟု ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဘုရား……………။

ညာပါရမီ ဖြည့်ဆည်းလိုသူများ-—
ဆက်သွယ်ရန်
ကျောင်းအုပ်ဆရာတော်09-781513980
တာဝန်ခံဆရာတော် 09-445580969
အက်ဒမင်ဆရာတော် 09-697866969