သတင္း

မေဟာ္သဓာ ကေလးငယ္ေလးမ်ား ေရခဲမုန္႔ေကၽြး

ဒုတိယဝါဆုိလျပည့္ 27.7.2018 ရက္ေန႔၊ မြန္းလြဲ ၃း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေရႊစာရံအုပ္စု၊ ေက်ာက္ေခ်ာေက်းရြာမွာ က်င္းပပါတယ္။

ကေလးငယ္ေလးမ်ားကို အရင္ဦးဆံုး ေရခဲမုန္႔ေကၽြးၿပီးမွ ေက်ာက္ေခ်ာရြာက်ဴရွင္ေက်ာင္း ၉/၁၀ တန္း ေက်ာင္းသူေက်ာင္းသားမ်ား ဆရာ ဆရာမမ်ားကို ေရခဲမုန္႔ဆက္လက္ေကၽြးေမြးပါတယ္။

မန္း မဘသ အတြင္းေရးမွဴးခ်ဳပ္ ပါဠိပါရဂူဆရာေတာ္ႀကီး ဘဒၵႏၲကုသလကိုယ္တုိင္ ၾကြေရာက္ေကၽြးေမြးပါတယ္။ ကေလးေလးေတြ အလုအယက္စားတာ တိုးေဝွ႕ယူတာေလးေတြကေတာ့ အလွဴရွင္ေတြအတြက္ ၾကည္ႏူးကြက္ေလးေတြပါ။

တစ္ခ်ဳိ႕ သုံးေလးခြက္ စားၾကပါတယ္။ ေရခဲမုန္႔ ကိုးစည္ ကုန္သြားပါတယ္။ ကိတ္မုန္႔ပဲ ေဝႏိုင္ပါေတာတယ္။ ကိတ္မုန္႔လည္း ျပတ္သြားပါတယ္။

အလွဴရွင္ကေတာ့ ေမာ္လၿမဳိင္ၿမဳိ႕ ေဒၚေအးေအးသိန္း (ယြန္းဝတီေရႊဆုိင္)မိသားစု ျဖစ္ပါတယ္။ ေရႀကီးၿပီး လမ္းပိတ္ေနလို႔ မႏၲေလးသို႔ လာလို႔မရေတာ့ဘဲ ေမာ္လၿမဳိင္ကို ျပန္ေခါက္သြားပါတယ္။ ေကၽြးေမြးလွဴဒါန္းေနတာကို တုိက္ရိုက္ Live လႊင့္ေနတဲ့အေကာင့္မွတစ္ဆင့္ သဒၶါတရား ပြားမ်ားေနရပါေတာ့တယ္။

 

 

“မဟော်သဓာ ကလေးငယ်လေးများ ရေခဲမုန့်ကျွေး”

ဒုတိယဝါဆိုလပြည့် 27.7.2018 ရက်နေ့၊ မွန်းလွဲ ၃း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာမှာ ကျင်းပပါတယ်။

ကလေးငယ်လေးများကို အရင်ဦးဆုံး ရေခဲမုန့်ကျွေးပြီးမှ ကျောက်ချောရွာကျူရှင်ကျောင်း ၉/၁၀ တန်း ကျောင်းသူကျောင်းသားများ ဆရာ ဆရာမများကို ရေခဲမုန့်ဆက်လက်ကျွေးမွေးပါတယ်။

မန်း မဘသ အတွင်းရေးမှူးချုပ် ပါဠိပါရဂူဆရာတော်ကြီး ဘဒ္ဒန္တကုသလကိုယ်တိုင် ကြွရောက်ကျွေးမွေးပါတယ်။
ကလေးလေးတွေ အလုအယက်စားတာ တိုးဝှေ့ယူတာလေးတွေကတော့ အလှူရှင်တွေအတွက် ကြည်နူးကွက်လေးတွေပါ။

တစ်ချို့ သုံးလေးခွက် စားကြပါတယ်။ ရေခဲမုန့် ကိုးစည် ကုန်သွားပါတယ်။ ကိတ်မုန့်ပဲ ဝေနိုင်ပါတောတယ်။ ကိတ်မုန့်လည်း ပြတ်သွားပါတယ်။

အလှူရှင်ကတော့ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း (ယွန်းဝတီရွှေဆိုင်)မိသားစု ဖြစ်ပါတယ်။ ရေကြီးပြီး လမ်းပိတ်နေလို့ မန္တလေးသို့ လာလို့မရတော့ဘဲ မော်လမြိုင်ကို ပြန်ခေါက်သွားပါတယ်။ ကျွေးမွေးလှူဒါန်းနေတာကို တိုက်ရိုက် Live လွှင့်နေတဲ့အကောင့်မှတစ်ဆင့် သဒ္ဓါတရား ပွားများနေရပါတော့တယ်။