Daily Archives: July 30, 2018
သတင်း
ဘာ ဘာ ဘာ
သတင်း
မဟော်သဓာ ကလေးငယ်လေးများ ရေခဲမုန့်ကျွေး
ဒုတိယဝါဆိုလပြည့် 27.7.2018 ရက်နေ့၊ မွန်းလွဲ ၃း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာမှာ ကျင်းပပါတယ်။ ကလေးငယ်လေးများကို အရင်ဦးဆုံး ရေခဲမုန့်ကျွေးပြီးမှ ကျောက်ချောရွာကျူရှင်ကျောင်း ၉/၁၀ တန်း ကျောင်းသူကျောင်းသားများ ဆရာ ဆရာမများကို ရေခဲမုန့်ဆက်လက်ကျွေးမွေးပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ် ပါဠိပါရဂူဆရာတော်ကြီး ဘဒ္ဒန္တကုသလကိုယ်တိုင် ကြွရောက်ကျွေးမွေးပါတယ်။ ကလေးလေးတွေ အလုအယက်စားတာ တိုးဝှေ့ယူတာလေးတွေကတော့ အလှူရှင်တွေအတွက် ကြည်နူးကွက်လေးတွေပါ။ တစ်ချို့ သုံးလေးခွက် စားကြပါတယ်။ ရေခဲမုန့် ကိုးစည် ကုန်သွားပါတယ်။ ကိတ်မုန့်ပဲ ဝေနိုင်ပါတောတယ်။ ကိတ်မုန့်လည်း ပြတ်သွားပါတယ်။ အလှူရှင်ကတော့ မော်လမြိုင်မြို့ ...
သတင်း
သဟာယ နေ့ဆွမ်းအလှူတော်
ဒုတိယဝါဆိုလပြည့် 27.7.2018 ရက်နေ့၊ မနက် ၁၀း၃၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကပ်လှူပါတယ်။ ဓမ္မပါရဂူ၊ ဓမ္မဝိမုတ္တိရသ နာယကဆရာတော်လေးများနှင့်အတူ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော် ကြီး ဘဒ္ဒန္တကုသလ (ပါဠိပါရဂူ)လည်း ကြွရောက်ချီးမြှောက်ပါတယ်။ ကုသိုလ်ရှင်ကတော့ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း (ယွန်းဝတီရွှေဆိုင်)မိသားစု ဖြစ်ပါတယ်။ မန္တလေးသို့အလာ မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ရေကြီးပြီး ပိတ်မိနေလို့ တစ်ညလုံး ကားပေါ်မှာပဲ အချိန်ကုန်ခဲ့ရသလို နောက်ဆုတ်လို့လည်းမရ၊ ရှေ့လို့လည်းမရတာကြောင့် ဆွမ်းကပ်လည်း မမီတော့ပါဘူး။ မဟော်သဓာကလေးငယ်များအတွက် ရေခဲမုန့်ကျွေးလည်း မမီတော့ပါဘူး။ ပုထိုးတော်ကြီး ...