သတင်း

သဟာယကျောင်း ဆွမ်းအနုမောဒနာတရားတော်

တန်ဆောင်မုန်းလဆန်း(၃)ရက် 22.10.2017 မနက် ၁၀း၃၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ဆက်ကပ်ပါတယ်။ မိခင်ကြီးဒေါ်သန်းမြအား ရည်စူး၍ မော်လမြိုင်မြို့ ယွန်းဝတီမိသားစုအလှူတော်ပါ။
သဟာယကျောင်း သံဃာတော်များနှင့်တကွ မန်း မဘသ ဦးသျှောင်ဆရာတော်ကြီးများဖြစ်သော မဟာဝိဇယဆရာတော်၊ ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော်၊ နိရုတ္တိဆရာတော်၊ ဒုတ်ရဲဆရာတော်တို့ ကြွရောက်ချီးမြှောက်ပါတယ်။

နေ့ဆွမ်းဆက်ကပ်အပြီးမှာ လောကအလင်း ပညာဒါနကျူရှင်ကျောင်းအတွက် အလှူငွေ ငါးသိန်းကျပ်၊ နဝကမ္မအတွက် အလှူငွေ တစ်သိန်းကျပ် လှူဒါန်းကာ ရေစက်ချ အနုမောဒနာတရား နာယူကြပါတယ်။ ဆွမ်းအနုမောဒနာတရားအဖြစ် စစ်မနိုင်မြို့တော် တရားတော် ဟောကြားခဲ့ပါတယ်။ ကုလာဝကဇာတ်တော်၊ သုဝီရသုတ္တန်၊ ဒေဝါသုရသင်္ဂါမသုတ္တန်တို့လာ သိကြားမင်းနှင့် အသုရာမင်းတို့ စစ်ခင်းကြပုံများနှင့် သိကြားမင်းက တာဝတိံသာနတ်ပြည်ကို လုံခြုံရေးအဆင့်ဆင့် စီမံချမှတ်ထားပုံများကို ဟောကြားခဲ့ပါတယ်။

သိကြားနတ်ပြည် လုံခြုံရေးအတွက် အာလိမ်ငါးဆင့်ဆောက်ခဲ့တယ်။

နဂါး ဂဠုံ ကုမ္ဘာန်ယက္ခ ဒေဝရာဇာစောင့်ကြတယ်။

အချုပ်အခြာအာဏာကာကွယ်ရေးအတွက် သိကြားကိုယ်တိုင်တိုက်ခဲ့တယ်။

ဝရဇိန်လက်နက် သိကြားစက် ခံတပ်လုံခဲ့တယ်။

ရခိုင်တံခါးဟာ ရခိုင်သားအတွက် အာမခံချက်ရှိရမယ်။

ရခိုင်ခံတပ် ကျိုးပေါက်ပျက် ပြည်ထောင်စုအန္တရာယ်။

မြန်မာ့မြေပေါ် ကျူးကျော်မှုအတွက် အသက်ပေးလို့ ကာကွယ်လေ။

အမျိုးဘာသာ သာသနာအတွက်မို့ စစ်မနိုင်မြို့ တည်ဆောက်စေ။