သတင္း

IBEC သုိ႔ အလည္တစ္ေခါက္

12.6.2018 ရက္ေန႔၊ မနက္ပုိင္းမွာ MNA ျဖင့္ မႏၲေလးသို႔ လုိက္ပါလာခဲ့ပါတယ္။ တုိက္ဆုိင္စြာပဲ IBEC ဆရာေတာ္ ဦးေသာဘိတႏွင့္ ေတြ႔ဆုံခဲ့ပါတယ္။ အရင္ေခါက္ေတြက ႏႈတ္ဆက္ျဖစ္ရုံေလာက္ပဲ အခ်ိန္ရတာပါ။ အခုအေခါက္မွာေတာ့ တစ္လမ္းလံုး စကားလက္ဆံုက်လာခဲ့ပါတယ္။

ညေနပိုင္းမွာ မင္းကြန္းပုထိုးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းသို႔ သြားရင္း IBEC သုိ႔ ေရာက္ခဲ့ပါတယ္။ ဓမၼေစတီဆရာေတာ္ေလး ဦးနာဂိႏၵာလကၤာရကို လုိက္ပုိ႔ရင္း ဘကပညာေရးအေၾကာင္း ေဆြးေႏြးၾကဖုိ႔ပါ။ ညအခ်ိ္န္မေတာ္ႀကီးျဖစ္ေနလုိ႔ လွည့္လည္ၾကည့္ရႈခ်ိန္ မရခဲ့ပါဘူး။ စာခ်ဆရာေတာ္ေလးေတြႏွင့္ပဲ စကားေျပာျဖစ္ခဲ့ပါတယ္။

IBEC ဆရာေတာ္က စာေရးသူထက္ ဝါႀကီးတယ္ထင္ၿပီး ေနာင္ေတာ္ႀကီးလို႔ မၾကာခဏ ေခၚမိပါတယ္။ စာေရးသူေအာက္ ႏွစ္ဝါငယ္သူ ျဖစ္ေနပါတယ္။ အခုေတာ့ ႏိုင္ငံတကာဆုေတြဘာေတြေတာင္ ရရွိလုိ႔ေနပါၿပီ။

IBEC ဆရာေတာ္က ႏိုင္ငံတကာဆုရရွိတာက အမ်ဳိးသားသစၥာေဖာက္ေတြလို မဟုတ္ပါဘူး။ အသားထဲက ေလာက္ထြက္လုိ႔လည္း မဟုတ္ပါဘူး။ ႏိုင္ငံျခားစပြန္ဆာနဲ႔ အလုပ္လုပ္လုိ႔လည္း မဟုတ္ပါဘူး။ ႏိုင္ငံတကာ ႀကဳိးဆြဲရာကလုိ႔လည္း မဟုတ္ပါဘူး။ သူ႔ရဲ႕ စစ္မွန္တဲ့ ေစတနာ၊ စစ္မွန္တဲ့ ေဆာင္ရြက္ခ်က္ေၾကာင့္ပဲ ျဖစ္ပါတယ္။ ညီေတာ္ေမာင္ IBEC ဆရာေတာ္ေလး ဖိအားကင္းစြာ သာသနာအက်ဳိး သယ္ပိုးႏိုင္ပါေစ။

 

“IBEC သို့ အလည်တစ်ခေါက်”

12.6.2018 ရက်နေ့၊ မနက်ပိုင်းမှာ MNA ဖြင့် မန္တလေးသို့ လိုက်ပါလာခဲ့ပါတယ်။ တိုက်ဆိုင်စွာပဲ IBEC ဆရာတော် ဦးသောဘိတနှင့် တွေ့ဆုံခဲ့ပါတယ်။ အရင်ခေါက်တွေက နှုတ်ဆက်ဖြစ်ရုံလောက်ပဲ အချိန်ရတာပါ။ အခုအခေါက်မှာတော့ တစ်လမ်းလုံး စကားလက်ဆုံကျလာခဲ့ပါတယ်။

ညနေပိုင်းမှာ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ သွားရင်း IBEC သို့ ရောက်ခဲ့ပါတယ်။ ဓမ္မစေတီဆရာတော်လေး ဦးနာဂိန္ဒာလင်္ကာရကို လိုက်ပို့ရင်း ဘကပညာရေးအကြောင်း ဆွေးနွေးကြဖို့ပါ။ ညအချိန်မတော်ကြီးဖြစ်နေလို့ လှည့်လည်ကြည့်ရှုချိန် မရခဲ့ပါဘူး။ စာချဆရာတော်လေးတွေနှင့်ပဲ စကားပြောဖြစ်ခဲ့ပါတယ်။

IBEC ဆရာတော်က စာရေးသူထက် ဝါကြီးတယ်ထင်ပြီး နောင်တော်ကြီးလို့ မကြာခဏ ခေါ်မိပါတယ်။ စာရေးသူအောက် နှစ်ဝါငယ်သူ ဖြစ်နေပါတယ်။ အခုတော့ နိုင်ငံတကာဆုတွေဘာတွေတောင် ရရှိလို့နေပါပြီ။

IBEC ဆရာတော်က နိုင်ငံတကာဆုရရှိတာက အမျိုးသားသစ္စာဖောက်တွေလို မဟုတ်ပါဘူး။ အသားထဲက လောက်ထွက်လို့လည်း မဟုတ်ပါဘူး။ နိုင်ငံခြားစပွန်ဆာနဲ့ အလုပ်လုပ်လို့လည်း မဟုတ်ပါဘူး။ နိုင်ငံတကာ ကြိုးဆွဲရာကလို့လည်း မဟုတ်ပါဘူး။ သူ့ရဲ့ စစ်မှန်တဲ့ စေတနာ၊ စစ်မှန်တဲ့ ဆောင်ရွက်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ညီတော်မောင် IBEC ဆရာတော်လေး ဖိအားကင်းစွာ သာသနာအကျိုး သယ်ပိုးနိုင်ပါစေ။