သတင်း
အိုဘယ့် နိုင်ငံရေး
“အိုဘယ့် နိုင်ငံရေး”
===========
လိုက်အရေးခဲ့ပါသည်၊
အရေးပုံနောင်တ ခုမှရ၏။
လိုက်စီခဲ့ပါသည်၊
လိုက်ရေးခဲ့ပါသည်၊
သူများ အမေစုတိုင်း၊
လိုက်စုခဲ့ပါသည်၊
အမေစုနောင်တ ခုမှရ၏။
သူများပင်နီတိုင်း၊
လိုက်နီခဲ့ပါသည်၊
ပင်နီနောင်တ ခုမှရ၏။
သူများအရပ်သားတိုင်း၊
အရပ်သားနောင်တ ခုမှရ၏။
အို.. နိုင်ငံရေး….
သင့်အားပေးမှ၊
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
အို.. နိုင်ငံရေး….
သင့်အားပေးမှ၊
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
တရားဥပဒေ မဲ့လေသလော။
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
အို .. နိုင်ငံရေး …..
သင့်အားပေးမှ
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
တိုင်းပြည်ချွတ်ခြုံကျလေသလော။
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
ရှေ့ရှုဦးတည်၊
နိုင်ငံရေးပြဇာတ်၊
တစ်ခန်းရပ်ဖို့၊
ဇာတ်ပို့ ဇာတ်ဆောင်၊
ဇာတ်ကောင် ဇာတ်ကွက်၊
ဇာတ်ထွက် ဇာတ်ညွှန်း၊
ရွာပြင်ဆရာတော်
2.7.2018
“အိုဘယ့် နိုင်ငံရေး”
===========
သူများ ဒို့အရေးတိုင်း၊
လိုက်အရေးခဲ့ပါသည်၊
ဒို့အရေးနောင်တ ခုမှရ၏။
သူများ အရေးတော်ပုံတိုင်း၊
လိုက်အရေးပုံခဲ့ပါသည်၊
အရေးပုံနောင်တ ခုမှရ၏။
သူများ ဒီမိုကရေစီတိုင်း၊
လိုက်စီခဲ့ပါသည်၊
ဒီမိုကရေစီနောင်တ ခုမှရ၏။
သူများ ဥပဒေစိုးမိုးတိုင်း၊
လိုက်စိုးမိုးခဲ့ပါသည်၊
စိုးမိုးမှုနောင်တ ခုမှရ၏။
သူများလူ့အခွင့်အရေးတိုင်း၊
လိုက်ရေးခဲ့ပါသည်၊
လူ့အခွင့်အရေးနောင်တ ခုမှရ၏။
သူများ အမေစုတိုင်း၊
လိုက်စုခဲ့ပါသည်၊
အမေစုနောင်တ ခုမှရ၏။
သူများပင်နီတိုင်း၊
လိုက်နီခဲ့ပါသည်၊
ပင်နီနောင်တ ခုမှရ၏။
သူများအရပ်သားတိုင်း၊
လိုက်အရပ်သားခဲ့ပါသည်၊
အရပ်သားနောင်တ ခုမှရ၏။
အို.. နိုင်ငံရေး….
သင့်အားပေးမှ၊
ကုန်ဈေးနှုန်းတွေ ကြီးလေသလော
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
ဒေါ်လာဈေးတွေ တက်လေသလော။
အို.. နိုင်ငံရေး….
သင့်အားပေးမှ၊
စီးပွားရေးတွေ ကျလေသလော။
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
အလုပ်လက်မဲ့တွေ ပေါလေသလော။
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
တရားဥပဒေ မဲ့လေသလော။
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
လူ့အခွင့်အရေးတွေ ဆုံးလေသလော။
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
အစဉ်အလာကောင်းတွေ ပျက်လေသလော။
အို .. နိုင်ငံရေး …..
သင့်အားပေးမှ
သူတော်ကောင်းတရားတွေ ကွယ်လေသလော။
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
ခြံစည်းရိုးတွေ ကျိုးလေသလော။
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
တိုင်းပြည်ချွတ်ခြုံံကျလေသလော။
အို .. နိုင်ငံရေး …..
သင့်အားပေးမှ၊
ဆင်းရဲတွင်းတွေ နက်လေသလော။
အလုံးစုံပျက်သုဉ်းရေး၊
ရှေ့ရှုဦးတည်၊
နိုင်ငံရေးပြဇာတ်၊
တစ်ခန်းရပ်ဖို့၊
ဇာတ်ပို့ ဇာတ်ဆောင်၊
ဇာတ်ကောင် ဇာတ်ကွက်၊
ဇာတ်ထွက် ဇာတ်ညွှန်း၊
ဇာတ်မွှန်ဒါရိုက်တာ စပွန်ဆာကို၊
မဲဇာမည်သို့ ပို့မည်နည်း။ ။
ရွာပြင်ဆရာတော်
2.7.2018