Daily Archives: July 2, 2018

သတင်း

အိုဘယ့် နိုင်ငံရေး

“အိုဘယ့် နိုင်ငံရေး” =========== သူများ ဒို့အရေးတိုင်း၊ လိုက်အရေးခဲ့ပါသည်၊ ဒို့အရေးနောင်တ ခုမှရ၏။ သူများ အရေးတော်ပုံတိုင်း၊ လိုက်အရေးပုံခဲ့ပါသည်၊ အရေးပုံနောင်တ ခုမှရ၏။ သူများ ဒီမိုကရေစီတိုင်း၊ လိုက်စီခဲ့ပါသည်၊ ဒီမိုကရေစီနောင်တ ခုမှရ၏။ သူများ ဥပဒေစိုးမိုးတိုင်း၊ လိုက်စိုးမိုးခဲ့ပါသည်၊ စိုးမိုးမှုနောင်တ ခုမှရ၏။ သူများလူ့အခွင့်အရေးတိုင်း၊ လိုက်ရေးခဲ့ပါသည်၊ လူ့အခွင့်အရေးနောင်တ ခုမှရ၏။ သူများ အမေစုတိုင်း၊ လိုက်စုခဲ့ပါသည်၊ အမေစုနောင်တ ခုမှရ၏။ သူများပင်နီတိုင်း၊ လိုက်နီခဲ့ပါသည်၊ ပင်နီနောင်တ ခုမှရ၏။ သူများအရပ်သားတိုင်း၊ လိုက်အရပ်သားခဲ့ပါသည်၊ အရပ်သားနောင်တ ခုမှရ၏။ ...
သတင်း

IBEC သို့ အလည်တစ်ခေါက်

12.6.2018 ရက်နေ့၊ မနက်ပိုင်းမှာ MNA ဖြင့် မန္တလေးသို့ လိုက်ပါလာခဲ့ပါတယ်။ တိုက်ဆိုင်စွာပဲ IBEC ဆရာတော် ဦးသောဘိတနှင့် တွေ့ဆုံခဲ့ပါတယ်။ အရင်ခေါက်တွေက နှုတ်ဆက်ဖြစ်ရုံလောက်ပဲ အချိန်ရတာပါ။ အခုအခေါက်မှာတော့ တစ်လမ်းလုံး စကားလက်ဆုံကျလာခဲ့ပါတယ်။ ညနေပိုင်းမှာ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ သွားရင်း IBEC သို့ ရောက်ခဲ့ပါတယ်။ ဓမ္မစေတီဆရာတော်လေး ဦးနာဂိန္ဒာလင်္ကာရကို လိုက်ပို့ရင်း ဘကပညာရေးအကြောင်း ဆွေးနွေးကြဖို့ပါ။ ညအချိန်မတော်ကြီးဖြစ်နေလို့ လှည့်လည်ကြည့်ရှုချိန် မရခဲ့ပါဘူး။ စာချဆရာတော်လေးတွေနှင့်ပဲ စကားပြောဖြစ်ခဲ့ပါတယ်။ IBEC ဆရာတော်က စာရေးသူထက် ဝါကြီးတယ်ထင်ပြီး နောင်တော်ကြီးလို့ မကြာခဏ ခေါ်မိပါတယ်။ စာရေးသူအောက် နှစ်ဝါငယ်သူ ဖြစ်နေပါတယ်။ အခုတော့ နိုင်ငံတကာဆုတွေဘာတွေတောင် ရရှိလို့နေပါပြီ။ ...
သတင်း

ကျောင်းအလှူ ဆွမ်းကပ်ပွဲ

27.8.2018 ရက်နေ့၊ မနက် ၁၀း၃၀ နာရီ၊ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီးတိုက်၊ ဦးဉာဏောဘာသကျောင်းမှာ ကျင်းပပါတယ်။ ဦးဉာဏောဘာသကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကုသလမထေရ်က သာသနဓဇဓမ္မာစရိယ ပါဠိပါရဂူဆရာတော်ကြီး ဖြစ်ပါတယ်။ မန်း မဘသ အဖွဲ့ အတွင်းရေးမှူးချုပ်ဆရာတော်လည်း ဖြစ်ပါတယ်။ ဆရာတော်ကြီး ဦးကုသလသီတင်းသုံးရာ ကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းကြတာပါ။ ကျောင်းဒကာ ဒကာမများက လူငယ်အမျိုးသားရေးသမားတွေပါပဲ။ ဆရာတော်သံဃာတော်များနှင့်အတူ ဆွမ်းစားရင်း အမျိုးဘာသာ သာသနာအရေး ပြောဖြစ်ကြပါတယ်။ မေတ္တာသုတ်ရွတ်ဖတ်ပြီး နှုတ်ဆက်ပြန်လာခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့်တကွ ကျောင်းဒကာ ဒကာမ အလှူဒကာ ဒကာမများ ပရိသတ်အပေါင်း သူတော်ကောင်းတို့ ကျန်းမာချမ်းသာ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၂၁

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ နန်းဦးကျောင်းဆရာတော် ဦးဝဏ္ဏိတမှ အလှူငွေ ၁၀၀၀၀၀ိ )တစ်သိန်းကျပ် လှူဒါန်းပါသည်။ (30.6.2018)   မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...
နဂါးနီစုဘူးသတင်း

အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်း စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (1.7.2018)ရက်နေ့၊ နေ့လည်(၁၂း၀၀)နာရီ၊ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာတို့ တက်ရောက်ကြပြီး နာယကဆရာတော် အရှင်ဇဝန က သြဝါဒချီးမြှင့်ပါတယ်။ အသင်းသား/သူ (၁၃၀)အတွက် တစ်ဦးလျှင် ၁၀၀၀၀၀(တစ်သိန်း)ကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် အောင်သာယာ နဂါးနီစုဘူးအသင်းဟာ ဆဋ္ဌမမြောက် အမှတ်(၆)စုဘူးဖြစ်ပြီး (၂.၁.၂၀၁၆)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ဦးရေ (၅၀)ဖြင့် ...