သတင်း






“ကျောင်းအလှူ ဆွမ်းကပ်ပွဲ”

27.8.2018 ရက်နေ့၊ မနက် ၁၀း၃၀ နာရီ၊ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီးတိုက်၊ ဦးဉာဏောဘာသကျောင်းမှာ ကျင်းပပါတယ်။ ဦးဉာဏောဘာသကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကုသလမထေရ်က သာသနဓဇဓမ္မာစရိယ ပါဠိပါရဂူဆရာတော်ကြီး ဖြစ်ပါတယ်။

မန်း မဘသ အဖွဲ့ အတွင်းရေးမှူးချုပ်ဆရာတော်လည်း ဖြစ်ပါတယ်။ ဆရာတော်ကြီး ဦးကုသလသီတင်းသုံးရာ ကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းကြတာပါ။ ကျောင်းဒကာ ဒကာမများက လူငယ်အမျိုးသားရေးသမားတွေပါပဲ။ ဆရာတော်သံဃာတော်များနှင့်အတူ ဆွမ်းစားရင်း အမျိုးဘာသာ သာသနာအရေး ပြောဖြစ်ကြပါတယ်။ မေတ္တာသုတ်ရွတ်ဖတ်ပြီး နှုတ်ဆက်ပြန်လာခဲ့ပါတယ်။

အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့်တကွ ကျောင်းဒကာ ဒကာမ အလှူဒကာ ဒကာမများ ပရိသတ်အပေါင်း သူတော်ကောင်းတို့ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။