သတင်း






 

“ကတော့ပွဲမပါတဲ့ ပဋ္ဌာန်းပွဲလေးပါ”

15.6.2018 ရက်နေ့၊ ည ၆း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ နာယူကြပါတယ်။

နတ်ဒေဝါများအားဖိတ်ခေါ်၍ ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်မှုကို နာယူစေကာ မေတ္တာပို့သ အမျှပေးဝေခဲ့ပါတယ်။
ကျောင်းသူကျောင်းသားများနှင့် ဆရာ ဆရာမများ အန္တရာယ်ကင်းရေး မကျွတ်မလွတ်သေးသောသူများ သာဓုခေါ်နိုင်ရေးအတွက် ဖြစ်ပါတယ်။

ဆရာ ဆရာမများက ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို သံဃာတော်များနှင့်အတူ အလွတ်ရွတ်ဆိုနိုင်သလို ကျောင်းသားကျောင်းသူအချို့ကလည်း အလွတ်ရွတ်ဆိုနိုင်ပါတယ်။ ခေသူမဟုတ်သူတွေပေါ့ဗျာ။