သတင်း

သွေးစွန်းသောဘာသာတရား(၂)

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါတုန်းကဖြစ်သည်။
ကုန်သည်တို့သည် ကုန်စည်ကူးသန်းရောင်းဝယ်ရန် ခရီးထွက်သည့်အခါတိုင်း တိရစ္ဆာန်တွေကိုသတ်ဖြတ်၍ နတ်ပူဇော်လေ့ရှိကြပါသည်။

ကုန်စည်ကူးသန်းရောင်းဝယ်ပြီး၍ပြန်လာလျင်လည်း ထိုကဲ့သို့ပင် သားသတ်၍ ပူဇော်ကြပါသည်။ ထိုသို့ပူဇော်ခြင်းဖြင့် ရောင်းပန်းဝယ်ပန်းသာသည် ခရီးချောမောလွယ်ကူသည် ခလုတ်မထိဆူးမငြိ ပြန်ရောက်သည်။ ဘေးရန်လည်းကင်း အရောင်းအဝယ်လည်းဖြစ်သည်ဟု ယုံကြည်နေကြပါသည်။

မသွားခင် သတ်ဖြတ်ပူဇော်၍ ပြန်လာလျင်လည်း သတ်ဖြတ်ပူဇော်ကြပါသည်။
ထိုအကြောင်းကို မြတ်စွာဘုရားအား သံဃာတော်များကလျှောက်ထားသည့်အခါ မြတ်စွာဘုရားက အတိတ်ဆောင်၍ ဟောတော်မူပါသည်။

ဘုရားအလောင်း ရုက္ခစိုးနတ်ဖြစ်စဉ်ဘဝတစ်ခုတုန်းက ကုန်သည်တစ်ဦးသည် ဘုရားလောင်းနေထိုင်ရာ သစ်ပင်ကြီးသို့လာရောက်၍ အဓိဋ္ဌာန်ပြုပါသည်။

စီးပွားဥစ္စာများဖြစ်ထွန်းပါစေ၊ အရောင်းအဝယ်ကောင်းပါစေဟု ဆုတောင်းကာ အကယ်၍ ရုက္ခစိုးနတ်၏ မ ဆ မှုကြောင့် အရောင်းအဝယ်ကောင်းလျင် ပြန်လာသည့်အခါ သားသတ်ပွဲကြီးကျင်းပ၍ ယဇ်ပူဇော်မည်ဟု အဓိဋ္ဌာန်ပြုသွားပါသည်။

တိုက်ဆိုင်စွာပင် ထိုကုန်သည် ထိုအခေါက်မှာ အရောင်းအဝယ်ထူးခြားစွာ ကောင်းမွန်ခဲ့ပါသည်။ ထိုကုန်သည်၏စိတ်ထဲ၌ ရုက္ခစိုးနတ်၏ မ ဆ မှုကြောင့် ထိုကဲ့သို့ အရောင်းအဝယ်ကောင်းခြင်းဖြစ်သည်ဟု ယုံကြည်ကာ အဓိဋ္ဌာန်ထားသည့်အတိုင်း တိရစ္ဆာန်များကိုသတ်ဖြတ်၍ ရုက္ခစိုးနတ်အားပူဇော်ရန် စီစဉ်ပါတော့သည်။

တိရစ္ဆာန်များကို ရေမိုးချိုးကာ အလှဆင်ပြီး ရုက္ခစိုးရှိရာသို့ ခေါ်လာကာ သစ်ပင်မှာချည်နှောင်လျက် သတ်ဖြတ်တော့မည့်ဆဲဆဲတွင် ဘုရားလောင်းရုက္ခစိုးက ကိုယ်ထင်ပြကာ သစ်ပင်ခွကြားပေါ်မက်တပ်ရပ် လျက် အောက်ပါအတိုင်း ဟောကြားတော်မူပါသည်။

သစေ မုစ္စေ ပေစ္စ မုစ္စေ၊ မုစ္စမာနော ဟိဗဇ္ဈတိ။

န ဟေဝံ ဓီရာ မုစ္စန္တ၊ မုတ္တိ ဗာလဿ ဗန္ဓနံ။

(အာယာစိတဘတ္တဇာတ်တော်၊ ဇာ၊ ဌ၊ ၁။ ၁၈၆။)

ဆိုလိုသည်မှာ ပေးထားသည့်ကတိကို မဖျက်လိုက တမလွန်ဘဝမှာ လွတ်အောင်ပြုရမည်။ သတ္တဝါတွေကို သတ်ဖြတ်ပြီးမှ ကတိတည်ရမည့်အလုပ်မျိုးသည် မကောင်းမှုဖြင့် နှောင်ဖွဲ့ရာရောက်၏။ ထို့ကြောင့် ခံဝန်ကတိမှ လွတ်မြောက်သော်လည်း မကောင်းမှုဖြင့် နှောင်ဖွဲ့မိခြင်းမျိုးကို ရှောင်ကြဉ်ရမည်ဟု ဆိုလိုပါသည်။

ကုန်သည်သည် ရုက္ခစိုးအား ကတိပေးခဲ့၏။ ပေးထားသည့်ကတိအတိုင်း တိရစ္ဆာန်သတ်ပွဲ ကျင်းပဖို့ စီစဉ်၏။ အဆိုပါလုပ်ရပ်သည် ကတိတည်သည့်လုပ်ရပ်ဖြစ်သောကြောင့် ကတိပေးခြင်းမှ လွတ်မြောက်သော်လည်း မကောင်းမှုဒုစရိုက်အတွင်း၌ အနှောင်အဖွဲ့ ကျရောက်သွားပြန်၏။ ထိုသို့ ဒုစရိုက်အနှောင်အဖွဲ့မျိုး မကျရောက်အောင် ကောင်းမှုဖြင့်သာ ကတိကဝတ်ပြုကြရမည်ဟု ဆိုလိုပါသည်။

ထိုကုန်သည်သည် ရုက္ခစိုးနတ်အားမြင်သည့်အခါ သတိသံဝေဂရသွားပါသည်။ ထိုမှတစ်ဆင့် သားသတ်၍ ယဇ်ပူဇော်ခြင်းဖြင့် အကုသိုလ်တရားသာတိုးပွားကြောင်း လူတွေသိရှိကုန်ကြကာ ထိုကဲ့သို့ သားသတ်ပွဲကျင်းပ၍ ပူဇော်ခြင်းမျိုး လုံးဝမလုပ်ကြတော့ပေ။

2.9.2017 ရက်နေ့သည် အစ္စလာမ်ဘာသာဝင်များ၏ ဘက္ကရီဒီးအီးဒ်နေ့ဖြစ်ပါသည်။ ၄င်းကို ကုရ်ဘာနီအစ်နေ့ဟုလည်း ခေါ်ဆိုကြပါသည်။ အဆိုပါအစ်နေ့၌ တစ်ကမ္ဘာလုံး သားသတ်ပွဲကြီးကျင်းပကာ အောင်ပွဲခံနေသည်ကိုလည်း တွေ့ရပါသည်။

မြတ်စွာဘုရားက စီးပွားရေးအတွက်တောင် သားသတ်ခွင့်မပေးပါ။ ကုသိုလ်ရေးအတွက် သားသတ်သည် ဆိုလျင်ကား ပြောစရာပင်မလိုပေ။
မိမိ ချမ်းသာချင်တာတစ်ခုတည်းနှင့် တိရစ္ဆာန်ကိုသတ်၍ ယဇ်ပူဇော်ခြင်းသည် လူသားတို့၏ အပြုအမူ ဟုတ်ပါမည်လော။

တိရစ္ဆာန်များကိုသတ်ပြီးမှ ရရှိလာမည့် စည်းစိမ်ဥစ္စာများသည် သမ္မာအာဇီဝကျပါမည်လော။

မိမိချမ်းသာရေးအတွက် တိရစ္ဆာန်တွေကို သတ်ဖြတ်ခြင်းသည် တရားမျှတပါမည်လော။

ဤသို့ဆိုလျင် နတ်ပြည်ရောက်ချင်၍ သားသတ်ပွဲကျင်းပသူများ ဘုရားသခင်ကို ယုံကြည်ကြောင်း သက်သေထူလို၍ သားသတ်ပွဲကျင်းပသူများ ဘုရားသခင်၏ ကောင်းချီးသြဘာခံယူလို၍ သားသတ်ပွဲ ကျင်းပသူများသည် ခုတ်ရာတစ်ခြား ရှရာတစ်ခြား ဖြစ်မနေပေဘူးလော။

ဘာသာတရားနှင့် သွေးသံရဲရဲ အပ်စပ်ပါမည်လော။
သွေးချောင်းစီးသာသတ်ပွဲ ကျင်းပသောအယူဝါဒသည် မှန်ကန်သောဘာသာရားဖြစ်ပါမည်လော။

ထိုသို့သောလမ်းညွှန်ချက်များသည် တရားစစ် တရားမှန်ဖြစ်ပါမည်လော။

ထိုသို့သောလမ်းညွှန်သူသည် ဘုရားစစ် ဘုရားမှန် ဖြစ်နိုင်ပါမည်လော။

သိပ္ပံပညာထွန်းကားသည့် တိုးတက်သောခေတ်ကြီး၌ အစ္စလာမ်ဘာသာဝင်အားလုံး ခေါင်းသုံးသင့်ကြပေပြီ။
မျက်စိမှိတ် နားပိတ် ဇွတ်ကြိတ်မှိတ်၍ ယုံကြည်ခြင်းမျိုးသည် ယုံကြည်ခြင်းအစစ်အမှန်ဖြစ်နိုင်ပါမည်လော။

လူသားတစ်ဦးအနေဖြင့် မှန်သည်/မှားသည်၊ ကောင်းသည်/ဆိုးသည်၊ အကျိုးရှိသည်/အကျိုးမရှိသည်၊ ကောင်းကျိုးပေးသည်/ဆိုးကျိုးပေးသည်၊ သင့်တော်သည် /မသင့်တော်သည်၊ ကြည့်ကောင်းသည်/ကြည့်မ ကောင်းသည်၊ လုပ်သင့်သည်/မလုပ်သင့်သည်၊ အမြင်တော်သည်/အမြင်မတော်သည်၊ အပ်စပ်သည်/ မအပ်စပ်သည် ဉာဏ်ဖြင့် ချင့်ချိန်၍ ဆင်ခြင်တုံတရားများဖြင့် အသိတရား ရဖို့ကောင်းပေသည်။

လူသားတိုင်း သွေးစွန်းခြင်းမှ ကင်းဝေးကြပါစေ။

ဝီရသူ(မစိုးရိမ်)
3.9.2017
PM 11:21