သတင်း

“မစိုးရိမ်တိုက်သစ်၊ ရှင်သာမဏေများ အလှူတော်”

“မစိုးရိမ်တိုက်သစ်၊ ရှင်သာမဏေများ အလှူတော်”
===========================
မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၌ ၀ါဆိုဝါကပ်သော ရှင်သာမဏေများအား လစဉ်အလှူတော်ကို ဒုတိယအကြိမ်အဖြစ် ကျင်းပပါတယ်။

ဓမ္မသဟာယကျောင်းမှာ ကျင်းပခြင်းဖြစ်ပြီး ရှင်သာမဏေအပါး သုံးဆယ်အား ၎င်းတို့
လိုအပ်သော ခြင်ထောင်၊ သင်္ကန်းစသည့် ပရိက္ခရာအသုံးအဆောင်များ လှူဒါန်းတာ ဖြစ်ပါတယ်။

ဦးဆောင်စီစဉ်သူက ဆရာတော် ဦးးကုဏ္ဍလ(ဘိုးရ)ဖြစ်ပြီး အလှူရှင်ကတော့ ကိုအောင်ခန့်မင်း+မဝေနွယ်လွင်၊ သမီးငွေရုပ်ကလေး မိသားစုတို့ ဖြစ်ပါတယ်။

အခုအလှူဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့လက ပထမအကြိမ် လှူဒါန်းခဲ့တာပါ။

တစ်ကြိမ်လျှင် အပါး၃၀ရဲ့ လိုအပ်ချက်များကို ကြိုတင် စာရင်းကောက်ယူပြီးမှ လိုအပ်ရာကို ၀ယ်ယူလှူဒါန်းတာ ဖြစ်ပါတယ်။

မစိုးရိမ်တိုက်သစ်၌ သံဃာ-၁၈၃၅ပါးရှိရာ ကိုရင်များက ၂၈၉ပါး ရှိပါတယ်။ ကိုရင်-၂၈၉ပါး
ပြည့်တဲ့အထိ လစဉ်အပါးသုံးဆယ်စီ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ကိုအောင်ခန့်မင်း+မဝေနွယ်လွင် မိသားစုနှင့်အတူ ၀မ်းမြောက်ကြည်နူး စိတ်ရွှင် မြူးကြကုန်
သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်လျက် သုခအဖြာဖြာ ပြည့်စုံပါစေသော်………၀်။