သတင်း

“ နဂါးနီပြည်သူများ အလှူတော်”

“ နဂါးနီပြည်သူများ အလှူတော်”
====================

ဒီနေ့ တော်သလင်းလကွယ် (24.9.2022) ရက်နေ့ မွန်းလွဲပိုင်းမှာ ဆန်နှင့်ဆီ အလှူပွဲကြီး ကျင်းပခဲ့ပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ဂျပန်ဘုရားကျောင်းတိုက်မှာ ကျင်းပခဲ့တာပါ။ နဂါးနီစုဘူး အသင်းဝင် ဆင်းရဲသူ၊
ဆင်းရဲသား ပြည်သူများကို ဆန်လေးပြည်စီနှင့် ဆီတစ်လီတာစီ လှူဒါန်းတာပါ။

ပထမဦးဆုံး သီလပေး တရားဟောကာ “နမောတဿ”တရားထိုင်ခိုင်းပြီးမှ ဆန်နှင့်ဆီ လှူဒါန်းတာပါ။ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ နဂါးနီစုဘူးအသင်းကို တည်ထောင်ခဲ့တာ ၂၀၁၃-ခုနှစ်ကတည်းကပါ။ ကိုဗစ်ကာလမှာ ပြတ်တောက်သွား ခေတ်အခါကောင်းရင် ပြန်စမှာပါ။

လောလောဆယ် သူတို့လေးတွေရဲ့ဘ၀ကို အုတ်တစ်ချပ်ပဲဖြစ်ဖြစ်၊ မြက်တစ်ပင်ပဲဖြစ်ဖြစ် အထောက်အပံ့ဖြစ်စေဖို့ လှူဒါန်းတာပဲ ဖြစ်ပါတယ်။ စုဘူး(၇၀)ဘူးရှိရာမှာ (ဆ)ရပ်ကွက်က အမှတ်(၁)စုဘူး ဖြစ်ပါတယ်။

လူငါးဆယ်၊ သိန်းအစိတ်နဲ့ မ.တည်ပေးခဲ့ရာက အခုဆိုရင် သိန်းသုံးရာ၊ လေးရာထိ စုဆောင်းနိုင်ခဲ့ပါပြီ။ စာရေးသူက သိန်းတစ်ရာပဲ မ.တည်ပေးခဲ့တာပါ။

ကျန်တာကတော့ သူတို့ဘာသာ ဝိုင်းဝန်းစုဆောင်းကြလို့ တိုးပွားလာတာပါ။ စုဆောင်းပုံကတော့ လူတစ်ဦးကို ငါးသောင်းထုပ်ပေးတယ်။ တစ်ရက် တစ်ထောင် စုရတယ်။ (၅၅)ရက် ပြည့်ရင် ၅၅၀၀၀ရပြီ။ အတိုး-၅၀၀၀ယူထားပြီး စုပေးထားတယ်။ ၅၀၀၀၀ိကို အရင်းအနှီး ပြန်ထုတ်ပေးတယ်။

ဒီလိုနဲ့ ကြိုးစားရှာဖွေတယ်၊ ချွေတာစုဆောင်းတယ်၊ သစ္စာရှိရှိ ပြန်အပ်နိုင်တယ်၊ အသောက်အစား
လောင်းကစားကင်းတယ်။

ဒီလို ပြည်သူများကို တစ်သိန်းထုတ်ပေးတယ်။
အဲဒီလိုနဲ့ တစ်သိန်းခွဲသမား၊ နှစ်သိန်းသမားရယ်လို့ ဖြစ်ပေါ်လာတာပါ။ အမြတ်ငွေ ငါးကျပ်ထဲက နှစ်ကျပ်ကို ကျန်းမာရေးနှင့် နာရေးအတွက် ပြန်လှူပေးတယ်။ သုံးကျပ်ကို ဘ၀တူပြည်သူများအတွက် စုဘူးတိုးချဲ့တယ်။

ဒါကြောင့် (ဆ)ရပ်ကွက် အမှတ်(၁)စုဘူး တစ်ခုတည်းကနေ စုဆောင်းငွေ လေးငါးရာ တိုးပွားလာတာ ဖြစ်ပါတယ်။
အဲဒီငွေတွေဟာ ဘုန်းကြီးငွေ ဆင်းရဲသားချွေးနှဲစာ ဆင်းရဲသားငွေ ဘုန်းကြိးချွေးနှဲစာတွေ ဖြစ်ပါတယ်။

ဒီကနေ့ အလှူပွဲမှာ ဆင်းရဲသူ၊ ဆင်းရဲသား ပြည်သူများကို ကြည့်ကြပါခင်ဗျား။
– မြန်မာစစ်စစ်တွေပါ။
– တူတူတန်တန် ၀တ်စားးထားသူဆိုလို့ ဘက ဆရာမများပဲ ရှိပါတယ်။
– ကျန်တာကတော့ မြင်တဲ့ အတိုင်းပါပဲ။
– စာရေးသူကတော့ ရွှေမြန်မာတွေ ဆင်းရဲနေတာမြင်တိုင်း ငါဘာလုပ်ပေးရမလဲပဲ အမြဲစဉ်းစားကြောင်းပါ။