သတင်းအင်တာဗျူး

အမျိုးသားရေးကို မျက်ကွယ်ပြုတဲ့ ဒီမိုကရေစီဆိုတာ အမျိုးသားရေးကိုသစ္စာဖောက်တဲ့ ဒီမိုကရေစီပဲ (၂-နိဂုံး)

မေး- ရခိုင်အရေးဘက်ကို နည်းနည်းလေးမေးချင်ပါတယ်ဘုရား။ ရခိုင်အရေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဘယ်လောက်ထိပြောသလဲဆိုရင် ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေအပေါ် အကြမ်းဖက်မှုတွေဟာ လူသားကျင့်ဝတ်ချိုးဖောက်တဲ့ ရာဇ၀တ်မှုတွေနဲ့ အလွန်တူညီတယ်ဆိုတဲ့အထိ ပြောတယ်ပေါ့ဘုရား။
မြန်မာဘက်ကတော့ ဒီလိုပြောတာဟာ အချုပ်အခြာဏာကို ကျူးကျော်စော်ကားတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာဖိအားတွေ များလာတဲ့အပေါ်မှာ ဘာများပြောချင်ပါသလဲ။

ဖြေ – နှစ်ချက်ရှိပါတယ်။

အစိုးရကိုယ်တိုင်က ရိုဟင်ဂျာ ဘင်္ဂါလီအဆုံးအဖြတ်ကို မပေးသေးသရွေ့ သူတို့တွေက လူမျိုးတုံးသတ်ဖြတ်မှုဆိုတာနဲ့ ခြိမ်းခြောက်နေမှာပဲလေ။

ဆိုလိုတာက ဘင်္ဂါလီတွေဟာ အကြမ်းဖက်ပြီး ရခိုင်ပြည်နယ်ကြီးကို သိမ်းပိုက်တယ်၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို စော်ကားတယ်။ ဒါကြောင့် အချုပ်အခြာအာဏာနဲ့ပဲဆိုင်တယ်လို့ပဲ မြန်မာအစိုးရပြောတာလေ။

ဒါပေမယ့် အဲဒါကို ဘင်္ဂါလီလို့မပြောဘူး၊ ရိုဟင်ဂျာမရှိဘူးလို့မပြောဘူး။ မပြောတဲ့အတွက်ကြောင့် အချုပ်အခြာအာဏာကို စော်ကားတဲ့သူ မပေါ်လွင်ဘူး၊

အချုပ်အခြာအာဏာကို စော်ကားတဲ့သူကို ပေါ်လွင်စေချင်ရင် ခိုးဝင်သူတွေဟာ ရိုဟင်ဂျာခေါင်းစဉ်တပ်ပြီးတော့ ရခိုင်ပြည်နယ်ကို သိမ်းပိုက်ဖို့ ဂျီဟတ်လုပ်တာပါလို့ တရားဝင်ကြေညာရမှာဖြစ်တယ်။

အဲဒီလိုကြေညာတာကို မကျေနပ်ဘူးဆိုရင် ဘင်္ဂါလီ-ရိုဟင်ဂျာ အဆုံးအဖြတ်ကို နိုင်ငံတကာက သမိုင်းပညာရှင်တွေနဲ့ ဆုံးဖြတ်လိုက်လေ။

ဒါကတစ်ချက်ပေါ့နော်။ နောက်တစ်ချက်က ကုလသမဂ္ဂဟာ ဘုမသိဘမသိနဲ့ တစ်ဖက်သက်ရပ်တည်ပြီး နိုင်ငံတစ်နိုင်ငံကို အနိုင်ကျင့်ခွင့်ရှိသလား။ ကုလသမဂ္ဂကိုယ်တိုင်က ကိုယ့်အဖွဲ့ဝင်နိုင်ငံတစ်ခုကို အဲဒီလိုအနိုင်ကျင့်နေတာကြီးကို နိုင်ငံတကာက ဘာဖြစ်လို့ ၀င်မပြောရတာလဲ။

ရှင်းနေတာပဲလေ။ ဘာသိဘာသာနေတဲ့သူတွေက ၀င်မပြောဘူး၊ မွတ်ဆလင်တွေရဲ့ အကျိုးစီးပွားလိုလားတဲ့သူတွေက ၀င်မပြောဘူး။

တကယ် အမှန်တရားကို မြတ်နိုးတဲ့သူ၊ တကယ် အမှန်တရားကို ကာကွယ်ချင်တဲ့သူတွေကပဲ ကုလသမဂ္ဂမှာ ၀င်ပြောနေတာကို တွေ့ရတာပေါ့နော်။

အဲတော့ ကုလသမဂ္ဂကို တစ်ကမ္ဘာလုံးက အယုံအကြည်မရှိအောင်တော့ မလုပ်ပါနဲ့လို့ အဲဒီ လုံခြုံရေးကောင်စီရော၊ လူ့အခွင့်အရေးကောင်စီကလူတွေကိုရော ပြောချင်တာပေါ့နော်။

မေး- ရခိုင်ပြဿနာမှာ လူသားကျင့်ဝတ်ချိုးဖောက်တဲ့ ရာဇ၀တ်မှုလို့ စွပ်စွဲပြောဆိုမှုလုပ်ကြဖို့ အဆိုတင်ကြတာက ဘင်္ဂါလားဒေ့ရှ်နဲ့ အိုအိုင်စီနိုင်ငံတွေရယ်ပေါ့ဘုရား။
မွတ်ဆလင်ညီအစ်ကိုတော်များစိတ်ဓာတ်လို့ပြောတဲ့ မွတ်ဆလင်တွေဟာ မွတ်ဆလင်တွေအရေးနဲ့ပတ်သက်ပြီး အမြဲလို လှုပ်ရှားတောင်းဆိုပေးကြတယ်ပေါ့ဘုရား၊ ပြည်တွင်းနေမွတ်ဆလင်တွေလို့ အမြဲတမ်းကြွေးကြော်နေတဲ့ နိုင်ငံသားမွတ်ဆလင်တွေကရော ဒီအချိန်မှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး၊ နိုင်ငံတကာဖိအားတွေနဲ့ ပတ်သက်ပြီး ဘယ်လိုများ ရပ်တည်သင့်ပါသလဲဘုရား။

ဖြေ – ရပ်တည်သင့်တာကတော့ မြန်မာပြည်သူတွေနဲ့ တန်းတူထားပြီး ရပ်တည်ရမှာပဲလေ။  ဒါပေမယ့် တချို့တွေက ကြောင်လက်သည်းတွေ။

အပြင်ပန်းမှာသာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးတို့၊ ဘာသာပေါင်းစုံချစ်ကြည်ရေးတို့ပြောနေတာ စိတ်ထဲကျတော့ ရခိုင်ပြည်ကြီး ကျဆုံးပါစေလို့ ဆုတောင်းနေမလားပဲ။ အဲဒါကြောင့်မို့ သူတို့အပေါ် အများကြီးမျှော်လင့်မထားပါဘူး၊ အများကြီး မျှော်လင့်ရင်လည်း အမှားကြီးမှားသွားမှာပေါ့။

မေး- မောင်တောမှာ မြို့နယ်လုံးဆိုင်ရာ သဘောထားကြေညာချက်တစ်ရပ်ကို ဒီဇင်ဘာ ပထမပတ်မှာပဲ ထုတ်ပြန်ခဲ့တယ်ပေါ့ဘုရား။ အဲဒီမှာ အချက်ကိုးချက်ပါပြီး လူဦးရေထိန်းချုပ်ရေးအတွက် တစ်လင်တစ်မယားစနစ်၊ တစ်အိမ်ထောင်ကလေးနှစ်ယောက်မွေးတဲ့ဥပဒေကို နိုင်ငံတော်က အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ဆိုတဲ့တောင်းဆိုချက်လည်းပါတာကိုတွေ့ရပါတယ်ဘုရား။ ဆိုလိုတာက မဘသက လှုပ်ရှားတောင်းဆိုခဲ့တဲ့ မျိုးစောင့်ဥပဒေကို ရခိုင်လူထုက တောင်းဆိုနေပြီ၊ ရခိုင်ပြည်နယ်မှာလည်းပဲ ပြဋ္ဌာန်းဖို့ လိုအပ်နေပြီ၊ ဆိုတော့ အမျိုးစောင့်ဥပဒေ အသက်ဝင်ဖို့ အရှင်ဘုရားတို့ ဘာတွေကို ဆက်လုပ်ဖို့ရှိမလဲဘုရား။

ဖြေ- တစ်လင်တစ်မယားစနစ်ကို စတင်တောင်းဆိုကတည်းကိုက ရခိုင်ပြည်ကို အဓိကရည်ညွန်းထားတာလေ။ အဲတော့ ရခိုင်ပြည်မှာ တစ်လင်တစ်မယားစနစ်ကျင့်သုံးဖို့၊ လူဦးရေထိန်းချုပ်ဖို့အတွက် မွေးဖွားနှုန်းကို ထိန်းချုပ်ဖို့ဆိုတာက တအားလိုအပ်နေတာပေါ့နော်။

ဒါက အမျိုးသားရေးမျက်စိနဲ့ကြည့်လိုက်တာပေါ့နော်။ အစိုးရပိုင်းနဲ့ လွှတ်တော်ပိုင်းကတော့ အမျိုးသားရေးမျက်စိမရှိတဲ့အခါကျတော့ ပြဋ္ဌာန်းထားတဲ့ လူဦးရေထိန်းချုပ်မှုဥပဒေတွေကို ဖျက်သိမ်းဖို့ ကြံစည်နေတာပေါ့လေ။

အဲတော့ အစိုးရကို ပြောချင်တာက ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအရေးကို ဦးစားပေးမလား၊ နိုင်ငံတကာဖိအားပေးနေတဲ့ ဘင်္ဂါလီအရေးကို ဦးစားပေးမှာလားဆိုတာကို မေးချင်တာပေါ့နော်။

ဒါတွေကို အကောင်အထည်ဖော်ဖို့အတွက် ရခိုင်ပြည်နယ်မှာလည်း မဘသရှိတယ်။ မဘသဆရာတော်တွေကလည်း အခုလိုတောင်းဆိုကြတယ်။

အဲဒါကို ရခိုင်ပြည်နယ်အစိုးရက အကောင်အထည်ဖော်လို့ရှိရင် လူဦးရေထိန်းချုပ်ခြင်းနဲ့ပတ်သက်တဲ့ ဥပဒေဟာ ဒေသန္တရအမိန့်အဖြစ်ထွက်ပေါ်လာနိုင်တယ်။

ရခိုင်ပြည်နယ်အစိုးရက ရခိုင်ပြည်သူတွေတောင်းဆိုတဲ့အတိုင်း ရခိုင်ပြည်သူတွေရဲ့ ဆန္ဒပြည့်ဝအောင် ရခိုင်ပြည်နယ်ရဲ့ အန္တရာယ်ကို အကာကွယ်ပေးဖို့အတွက် ဒေသန္တရအမိန့် ထုတ်ပြန်ပေးဖို့ပဲ လိုအပ်တော့တာပေါ့နော်။

မေး – အမျိုးသားရေး လှုပ်ရှားမှုတွေကြောင့် ထောင်ကျပြီး ခုပြန်လွှတ်လာကြတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ အရှင်ဘုရားထံလာပြီးတော့ သြ၀ါဒခံတွေ့ဆုံတာတွေ့ရပါတယ်။ အမျိုးစောင့်ဥပဒေတောင်းဆိုသလိုမျိုး အမျိုးသားရေး လှုပ်ရှားမှု ကြီးကြီးတစ်ခုတွေ့ရဖို့ကော ရှိနိုင်မလားဘုရား။

ဖြေ – အခုလောလောဆယ်တော့ တပ်မတော်ကိုအကာအကွယ်ပေးနေရတာနဲ့ပဲ အမျိုးသားရေးသမားတွေလည်း တခြားဘက်မလှည့်နိုင်ဖြစ်နေရတယ်၊ မအားဘူးလို့ ပြောရမှာပေါ့နော်။ ဒီထက်မက ဖိနှိပ်လာရင်တော့ အမျိုးသားရေးသမားတွေ ကြွလာမယ့်သဘောရှိပါတယ်။ အဲဒီလို ကြွလာတဲ့အချိန်တော့ စောင့်ရမှာပေါ့နော်။

မေး- ဒီတစ်ပတ်အတွက် အမျိုးသားရေးညီအစ်ကို မောင်နှမတွေအတွက် သြ၀ါဒစကားလေး မိန့်ကြားပေးပါဦးဘုရား။

ဖြေ- အဲဒါတော့ ဖေ့ဘုတ်ပေါ်မှာတွေ့ခဲ့ရတဲ့အတိုင်းပဲ အမျိုးသားရေးညီအစ်ကိုမောင်နှမတွေကို ပြောချင်တာက အချင်းချင်း ဂျင်းအထည့်မခံရအောင် သတိဝိရီယနဲ့ နေကြပါလို့ ပြောချင်ပါတယ်။

တစ်စုံတစ်ယောက်ကို ယုံမှတ်လို့ ပုံအပ်တာမျိုးလည်း မဖြစ်စေနဲ့ပေါ့၊ ဟိုလူပြော ဒီလူပြော ပြောစကားနဲ့လည်း သူတစ်ပါးကို ရမ်းသမ်းပြီး စွပ်စွဲတာမျိုးလည်း မဖြစ်စေနဲ့ပေါ့။

ရမ်းယုံတာနဲ့ ရမ်းစွပ်စွဲတာနှစ်ခုကို ရှောင်ကြဉ်ကြပါလို့ သတိပေးချင်ပါတယ်။

ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်