သတင်း

သပိတ်စခန်း အချုပ်သား ရဟန်းတော်များ၏ ရင်ဖွင့်သံ

ဒီနေ့ 13.12.2017 ရက်နေ့ (၁၅)ကြိမ်မြောက် ရုံးချိန်းမှာ ပြောဆိုခဲ့တာတွေဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့က စွဲချက်တင်သင့်ကြောင်း အမိန့်ချမှတ်ပြီးတဲ့နောက်ပိုင်း ဒီဇင်ဘာလ ၆ ရက်နေ့မှာ လိုပြသက်သေကို ပြန်ခေါ်စစ်ပြီး အခု ဒီကနေ့ ၁၅ချိန်းမြောက်မှာတော့ သပိတ်စခန်းသံဃာတော်များက တစ်ညီတစ်ညွတ်တည်း အမိန့်ချဖို့ တောင်းဆိုလိုက်ပါတယ်။
မိမိတို့မှာလုံးဝအပြစ်မရှိတဲ့အတွက်ကြောင့် ဆက်လက်အစစ်မခံနိုင်တော့တဲ့အတွက် တရားသူကြီး အမိန့်ချဖို့ပဲ တောင်းဆိုလိုက်ကြတာပါ။

လာမည့်အပတ် ရုံးချိန်းပြီးလျှင် ဒီဇင်ဘာလအတွင်းမှာပဲ အမိန့်ချမှတ်ပါတော့မယ်။ အခု ရင်ဖွင့်ထားသူကတော့ ဦးအဂ္ဂဓဇ(တောင်သာလေးဆရာတော်-မိတ္ထီလာ)နှင့် ဦးဣန္ဒက(ဣန္ဒဝီရ-လှည့်းကူး မျိုးချစ်သမဂ္ဂမန္တလေး)တို့ဖြစ်ပါတယ်။
အစိုးရမတရားဘူး တရားတယ်၊ တရားစီရင်ရေးအပေါ်မှာ အစိုးရရှိတယ် မရှိဘူး တရားစီရင်ရေးနောက်ကွယ်က လက်မည်းကြီး မည်သူမည်ဝါဖြစ်တယ်ဆိုတာ ပေါ်လွင်သွားမှာပါ။

မဘသအဖွဲ့က ဥပဒေသင်တန်းတွေ ဖွင့်လှစ်သင်ကြားပို့ချနေတာဟာ အလကားမဟုတ်ဘူးဆိုတာ ဒီသံဃာနှစ်ပါး ပြောစကားနဲ့တင် ယုံကြည်နိုင်လောက်ပါပြီ။


ဝီရသူ(မစိုးရိမ်)
13.12.2017
PM 7:36