Daily Archives: December 14, 2017

သတင်း

သပိတ်စခန်း အချုပ်သား ရဟန်းတော်များ၏ ရင်ဖွင့်သံ

ဒီနေ့ 13.12.2017 ရက်နေ့ (၁၅)ကြိမ်မြောက် ရုံးချိန်းမှာ ပြောဆိုခဲ့တာတွေဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့က စွဲချက်တင်သင့်ကြောင်း အမိန့်ချမှတ်ပြီးတဲ့နောက်ပိုင်း ဒီဇင်ဘာလ ၆ ရက်နေ့မှာ လိုပြသက်သေကို ပြန်ခေါ်စစ်ပြီး အခု ဒီကနေ့ ၁၅ချိန်းမြောက်မှာတော့ သပိတ်စခန်းသံဃာတော်များက တစ်ညီတစ်ညွတ်တည်း အမိန့်ချဖို့ တောင်းဆိုလိုက်ပါတယ်။ မိမိတို့မှာလုံးဝအပြစ်မရှိတဲ့အတွက်ကြောင့် ဆက်လက်အစစ်မခံနိုင်တော့တဲ့အတွက် တရားသူကြီး အမိန့်ချဖို့ပဲ တောင်းဆိုလိုက်ကြတာပါ။ လာမည့်အပတ် ရုံးချိန်းပြီးလျှင် ဒီဇင်ဘာလအတွင်းမှာပဲ အမိန့်ချမှတ်ပါတော့မယ်။ အခု ရင်ဖွင့်ထားသူကတော့ ဦးအဂ္ဂဓဇ(တောင်သာလေးဆရာတော်-မိတ္ထီလာ)နှင့် ဦးဣန္ဒက(ဣန္ဒဝီရ-လှည့်းကူး မျိုးချစ်သမဂ္ဂမန္တလေး)တို့ဖြစ်ပါတယ်။ အစိုးရမတရားဘူး တရားတယ်၊ တရားစီရင်ရေးအပေါ်မှာ အစိုးရရှိတယ် မရှိဘူး ...
သတင်းအင်တာဗျူး

အမျိုးသားရေးကို မျက်ကွယ်ပြုတဲ့ ဒီမိုကရေစီဆိုတာ အမျိုးသားရေးကိုသစ္စာဖောက်တဲ့ ဒီမိုကရေစီပဲ(၁)

မေး-မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီမိုကရေစီကို အမျိုးသားရေးဝါဒက စိန်ခေါ်မှာ၊ အမျိုးသားရေးဝါဒီတွေက လှုံ့ဆော်မှာလို့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ပြောခဲ့တာတွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အရှင်ဘုရား ဘာများ ပြောချင်ပါသလဲဘုရား။ ဖြေ- အမျိုးသားရေးသမားတွေက ဒီမိုကရေစီကို အပြည့်အ၀ယုံကြည်ပြီးသား လက်ခံပြီးသားပါနော်။ ဒါပေမယ့် အမျိုးသားရေးသမားတွေ ယုံကြည်လက်ခံထားတဲ့ ဒီမိုကရေစီဟာ အမျိုးသားအကျိုးစီးပွားကို ရှေးရှုတဲ့ ဒီမိုကရေစီဖြစ်ရမယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်လူမျိုး၊ ကိုယ့်သဘာဝနဲ့ လိုက်လျောညီထွေရှိတဲ့ ဒီမိုကရေစီမျိုးဖြစ်ရမယ်။ ပြောရမယ်ဆိုရင်တော့ အမျိုးသားအကျိုးစီးပွားက ပထမ၊ ဒီမိုကရေစီက ဒုတိယဖြစ်နေရမယ်ပေါ့နော်။ ဒါပေမယ့် သူတို့တတွေကျတော့ အဲဒီလိုမဟုတ်ဘူး။ အမျိုးသားအကျိုးစီးပွားကိုမျက်ကွယ်ပြုပြီးတော့ ဒီမိုကရေစီက ...
သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၂)

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။ ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။ လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၈၃)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ပေါင်းလဲတိုက်၊ ရတနာပုံကျောင်း ဦးပညာဝံသမှ အလှူငွေ ၃၀၀၀၀(သုံးသောင်း)ကျပ် လှူဒါန်းစဉ်။ 11.12.2017 မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၂၂,၂၁၀,၅၀၀ိ ကျပ်။ ...