သတင်း

မတရားသူက တရားသူကို မတရားစွဲ မတရားအဖွဲ့က တရားသူကို မတရားလုပ်

လှိုင်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှုး အဖြစ်မှ သိက္ခာရှိစွာ နှုတ်ထွက်လိုက်ပါပြီ တာဝန်ထမ်းဆောင်တဲ့အချိန် တစ်နှစ်ခွဲကျော် ကာလအတွင်းမှာ တစ်ပြားတစ်ချပ်မှ မယူခဲ့ပဲ မိမိပိုင် ပိုက်ဆံများစွာဖြင့် ရပ်ကွက်အပေါ် များစွာ အကျိုးပြုခဲ့သည်ကို ရပ်ကွက်နေ ပြည်သူလူထူ အတွင်းသို့ စုံစမ်းမေးမြန်းနိုင်ပါသည်

ကျွန်တော်သည် မည့်သည့် ပါတီဝင်မှ မဟုတ်သလို အုပ်ချုပ်ရေးမှုးလဲ တစ်ခါမှ လုပ်ခဲ့ဖူးခြင်း မရှိပါ နိုင်ငံရေးသမားလဲ မဟုတ်ပါ ဒါပေမယ့် ကျွန်တော်သည် လှိုင်(၁)ရပ်ကွက်ရဲ့ ငယ်မွေးခြံပေါက်ဖြစ်ပါသည် ရပ်ကွက်အကြောင်းကို အစ အဆုံးသိပါသည်

လှိုင် (၁)ရပ်ကွက်ကို မည်သူ အုပ်ချုပ်ရေးမှုး လုပ်သည့် အချိန်မှာ ပြောင်းလဲ မှုရှိသလဲ ဆိုတာကို လက်ရှိ အုပ်ချုပ်နေသည့် တည်ဆဲ အစိုးရသော်၎င်း လက်ရှိ အစိုးရ၏ ကိုယ်စားလှယ် အဖွဲ့သော်၎င်း အောက်ခြေအထိ ဆင်း၍ စစ်ဆေးစေချင်ပါသည်
ယခု ဒီမိုကရေစီ အစိုးရ စစ်စစ်ဟု ကြေငြာ ထားသော NLD အစိုးရ လက်ထက်တွင် ပြည်သူနှင့် တစ်သားတည်းဖြစ်စေရမည် နိုင်ငံတော် အတိုင်ပင်ခံ၏ စကားများသည် လေထဲတွင် ပျံ့လွှင့်ကုန်ပြီလားဟုပင် ထင်မှတ်ရတော့မလို ဖြစ်နေပါတော့သည်

ယခု အခါ ကျွန်တော်အား လှိုင်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ ဦးအောင်ကျော်ကျော်ဦးက မဟုတ်မမှန် တိုင်ကြားမှု အပေါ် ရန်ကုန်အနောက်ပိုင်းခရိုင်ဥပဒေရုံးတွင် အစစ်ဆေးခံခဲ့ရပါသည် ထိုသို့ တိုင်ကြားသူနှင့် တိုင်ကြားခံရသူနှစ်ဦးစလုံး စစ်ဆေးချက်များကို တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ အစီရင်ခံတင်ပြသည့်အခါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ—–ဦးအောင်ကျော်ကျော်ဦး၏ ၎င်း၏ တိုင်စာအပေါ် ထွက်ဆိုချက်သည် အမှန်ဖြစ်ပြီး ကျွန်တော် လှိုင်မြို့နယ် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှုး၏ ထွက် ဆိုချက်သည် ချက်ချင်းဆိုသလို အမှားဖြစ်ပြီး ခရိုင်စစ်ဆေးရေးအဖွဲ့မှ ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေ အခန်း(၈) ပုဒ်မ (၁၅) အရ အရေးယူသင့် ပါသည်ဟု ကျွန်တော်အား အရေးယူရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့အပေါ် အစီရင်ခံခဲ့ပါသည်

အခန်း(၈) ပုဒ်မ(၁၅) ဆိုသည်မှာ ရပ်/ကျေး အုပ်ချုပ်ရေးမှုးများအပေါ် အမြင့်ဆုံး စီရင်ချက်ဖြစ် သည် ထိုစီရင်ချက်မှာ
(၁) ပြစ်မှုထင်ရှားလျှင် မိမိအလိုအလျှောက်
နှုတ်ထွက်စာ တင်ခိုင်းခြင်း
(၂) ဆိုင်းငံ့ပြစ်ဒဏ်ပေးခြင်း
‘(၃) ဒါမှမဟုတ် တာဝန်မှ ရပ်စဲ ထုတ်ပစ်ခြင်း
ဟူ၍ သုံးမျိုး ပါရှိပါသည်
ထိုသုံးမျိုးနှင့် အပြစ်ဒဏ်ပေးနိုင်သော ရပ်
/ကျေး အုပ်ချုပ်ရေးမှုးများ၏ လုပ်ရပ်များမှာ
(၁) လဘ်စားခြင်း
(၂)မိန်းမကိစ္စ အရှုပ်အထွေးရှိခြင်း (သို့)
လူမှုရေးဖောက်ပြန်ခြင်း
(၃)နိုင်ငံတော်ပိုင်နှင့် နိုင်ငံခြားသားပိုင်
မြေလွတ်မြေရိုင်းများအား ကိုယ်ကျိုး
စီးပွားအတွက် အသုံးပြုခြင်း
(၄)မတရားအသင်းဟုကြေငြာထားသော
တရားမဝင်အဖွဲ့များနှင့် ဆက်သွယ်ခြင်း
(၅)မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား
ခြင်း ဖြန့်ဖြူးခြင်း သုံးစွဲခြင်း
(၆) တည်ဆဲအစိုးရကိုဆန့်ကျင်ခြင်းဆိုတဲ့

ဥပဒေနဲ့မညီတဲ့ ခြောက်ရပ်နဲ့မှဖြုတ်လို့ အရေးယူလို့ ရမှာဖြစ်ပါတယ် ယခုအခါ ကျွန်တော်မှာ ထိုခြောက်ရပ်နှင့် ငြိစွန်းမှု မရှိပဲ အရေးယူ အဖြုတ် ခံရတော့မည် ဖြစ်ပါသည် ထို့အတွက်ကြောင့် မဟုတ်မမှန်လုပ်ကြံတိုင်ကြားသူ လှိုင်မြို့နယ် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် *********************ဦးအောင်ကျော်ကျော်ဦးအား အရေးယူမှု တစ်စုံတစ်ရာ မပြုလုပ်ပဲ ကျွန်တော်အား အရေးယူမည်ဆို သည်မှ သဘာဝ လုံးဝမကျပါ ဟု ပြောချင်ပါသည်

ထိုကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်က မဟုတ်မမှန် တိုင်ကြားတိုင်သာ အရေးယူမည်ဆိုလျှင် ကျွန်တော် ၏ ဂုဏ်သိက္ခာ ပိုင်းကို အများကြီးထိခိုက်မည်ဖြစ်ပါ သည် ကျွန်တော်သည် Phwe Phwe & Family co; Ltd ‘ ၏ လုပ်ငန်းရှင်တစ်ဦးဖြစ်ပါသည် ယခုတိုင်သောလွှတ်တော်ကိုယ်စားလှယ်သည် အရက်ရောင်းချသောစတိုးဆိုင်လိုင်စင်ယူပြီး အရက်မျိုးစုံ ရောင်းချ
နေသော သူ တစ်ဦးဖြစ်ပါသည် အနေအထားခြင်းမတူသလို ပရဟိတစိတ်ခြင်းလဲ မတူပါ သို့သော်လည်း ပြည်သူလွှတ်တော်ဆိုသော ခေါင်းစည်းစာတမ်းကို အသုံးပြု၍ မဟုတ်မမှန်တိုင်ကြားခြင်းကို
နိုင်ငံတော် သမ္မတ
နိုင်ငံတော် အတိုင်ပင်ခံ
ပြည်သူလွှတ်တော် ဥက္ကဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ပြည်ထဲရေးဝန်ကြီး
ရန်ကုန်တိုင်း ဝန်ကြီးချုပ် တို့က

အဖြစ်မှန်ကို လေ့လာစုံစမ်း ဖော်ထုတ်စေချင်ပါသည် ကျွန်တော်ကတော့ သူ၏ တိုင်ကြားချက်ကြောင့် အဖြုတ်မခံပဲ ကိုယ်သိက္ခာ အရ နှုတ်ထွက်ပေးခြင်းဖြစ်ပါသည် နောက်ဆုံးပြောချင်ပါသည် အောက်ခြေအထိ ဆင်းစစ်ဆေးပြီး အဖြစ်မှန်ကို အထက်လူကြီးများ သိစေချင်ပါသည် နောက်ပြီး အုပ်ချုပ်ရေးကို လွှတ်တော် ကိုယ်စားလှယ် အနိုင်ရပါတီမှ ပါတီဝင်များ ဝင်ရောက်
မစွက်ဖက်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း ပြည်သူ ပြည်သားများ သိစေနိုင်ရန် တင်ပြအပ်ပါသည်

လှိုင်(၁)ရပ်ကွက်သူ ရပ်ကွက်သားများအားလုံး
အေးချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ

လေးစားလျှက်
ဦးအောင်မြတ်စိုး
အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှုး
လှိုင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး