Daily Archives: October 25, 2017

သတင်း

မန်းမဘသ ရခိုင်ခရီးစဉ်(၆)

အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှာ မောင်တောမြို့နယ် ရွှေဗဟိုရွာသို့ ရောက်ရှိကြပါတယ်။ ရွှေဗဟိုရွာဦးကျောင်းမှာ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ခေတ္တနားနေခိုက်မှာ စပါးခြွေလှေစက်ကြီး နှစ်လုံးကို ကားပေါ်မှ ချကြပါတယ်။ စစ်တွေကုမ္ပဏီမှာ တင်တုန်းက စက်ယန္တရားအကူအညီနှင့် တင်ရတာဖြစ်လို့ လွယ်ကူချောမောသော်လည်း မောင်တောရောက်တဲ့အခါ လူအင်အားနှင့် ပြန်ချရတာဖြစ်လို့ အတော်မလွယ်ပါဘူး။ စစ်တွေမှ လိုက်ပါလာသော နှုတ်ခမ်းမွှေး ဦးမောင်မောင်နှင့်အဖွဲ့ဦးဆောင်ပြီး ရဟန်းပျိုလေးများ လူငယ် လူကြီးများပါမကျန် ညာသံပေးပြီး ဝိုင်းဝန်းချကြ၊ ဂိုဒေါင်ထဲသွင်းကြပါတယ်။ စပါးခြွေလှေ့စက်ကြီး တစ်လုံးလျှင် ၂၇ သိန်းကျပ်ပါ။ စပါးရိတ်စက်တစ်လုံးလျှင် ၁၈သိန်းခွဲပါ။ မန်း မဘသက စပါးခြွေစက်ကြီးတစ်လုံး၊ ရွှေဆံနွယ်ဆရာတော်က စပါးခြွေစက်ကြီးတစ်လုံး၊ ကန့်ဘလူ ...
သတင်း

ရန်ကုန်တိုင်းရဲ့ တရားစီရင်ရေးမဏ္ဍိုင်

တရားဥပဒေစိုးမိုးရေးလို့ ကြွေးကြော်ပြီးတက်လာတဲ့အစိုးရရဲ့လက်ထက်မှာ တရားသူကြီးတွေလည်း ဖိအားအမျိုးမျိုးနဲ့ကြုံနေရပြီ။ သံဃာရောပြည်သူပါ အစိုးရရဲ့အနိုင်ကျင့်မှုကို ခံနေရတာပါ။ ဟိုတလောက တရားသူကြီးကတော်တစ်ယောက် စာရေးသူထံ လာရောက်ရင်ဖွင့်ပါတယ်။ တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးတဲ့ လူစိမ်းတစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူ တရားသူကြီး စိတ်ပျက်နေကြောင်း၊ အလုပ်ထွက်ချင်ကြောင်း၊ ဆိုက္ကားနင်းရနင်းရ၊ ကူလီထမ်းရထမ်းရ ထွက်တော့မှာဖြစ်ကြောင်း လျှောက်ထားသွားတာပါ။ အလားတူ အခြားတရားသူကြီးတွေလည်း သူ့ခင်ပွန်းလိုခံစားနေရကြောင်း၊ အာဏာရှင်အစိုးရထက်ကို ဆိုးနေကြောင်း ရင်ဖွင့်သွားတာပါ။ သူတို့ကြည့်မရလို့ တစ်ယောက်ယောက်ကို စမကနဲ့ စွဲတော့မယ်ဆိုရင် ဥပဒေစကားတွင်တွင်တွေပြောလာတတ်ပြီး သူတို့က တာဝန်ယူရမည့်အရာတွေ တာဝန်ခံရမည့်အရာတွေမှာဆိုရင်တော့ ဥပဒေပြဋ္ဌာန်းချက်တွေဟာ သူတို့အတွက်မဟုတ်တော့သလို သူတို့ကပဲ ဥပဒေကင်းလွတ်ခွင့်ရတဲ့ သီးခြားလူတန်းစားတစ်ရပ်လို ချိုးနေတာမျိုးတွေ ...
သတင်း

ဘုရားကအောက် မျောက်ကအထက် ဖြစ်ကုန်ပြီ ပြည်သူ့အစိုးရ ဒီမိုကရေစီ။

ဘုရားကအောက် မျောက်ကအထက် ဖြစ်ကုန်ပြီ ပြည်သူ့အစိုးရ ဒီမိုကရေစီ။ ဝီရသူ ( မစိုးရိမ်) 25.10.2017 am 8:50 —– ဒီမိုကရေစီလား?…ဗုဒ္ဓဘာသာလား? ဦးနုတောခိုမယ်..လုပ်တော့ အဦးဆုံး…ဦးကျော်ငြိမ်း…စီလာတာပါ အဲဒီအချိန်က… ဗကပ တွေ..မြောက်ပိုင်းမှာ (စ) သောင်းကျန်းနေတဲ့…အချိန် ဦးကျော်ငြိမ်းပြေလိုက်တာက…. ကိုကြီးနု….ကျနော်တို့..ဗမာအချင်ချင်း နေ၀င်းကိုပြန်တိုက်လို့ရတယ်… တရုတ်ကျွန်..ဖြစ်သွားပြီးရင် ပြန်တိုက်ဖို့…ဆိုတာ…(ခက်) သွားပြီ ဒါကြောင့်…. ကျနော်….မလိုက်တော့ဖူးလို့… ပြောခဲ့ဖူးတယ် အခုလည်း….. ဒီမိုကရေစီ…ဆိုတာ… အချိန်မရွေး ပြန်ထူထောင်လို့ရတယ်….. ဗုဒ္ဓဘာသာပျောက်သွားပြီးရင် ပြန်မရနိုင်တော့ဖူး နိုင်ငံခြားမှာ… ကထိန်သင်္ကန်းကပ်နေလိုက်ကြတာ တချို့ကလည်း…. အဆင်းရဲခံပြီး တိုင်းပြည်ကိုထူထောင်ဖို့တော့…. ...
သတင်း

ဂုဏ်ပိလို့သေရင် တာဝန်ယူ တာဝန်ခံရမှာနော်

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ကြည်ညိုမှုလွန်ကဲပြီး ရဟန်းသံဃာတော်တွေအပေါ် သုံးနှုံးတဲ့ ဂုဏ်ပုဒ်တွေကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ်မှာ တပ်ပေးလိုက်တော့ အတပ်ခံရတဲ့သူမှာ ဂုဏ်ပိသွားတတ်ပါတယ်။ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ဆိုတာတွေဟာ ရဟန်းသံဃာတွေပေါ်မှာသာ သုံးနှုံးတဲ့ သာသနဝေါဟာရတွေပါ။ နိုင်ငံတော်ရဲ့ ရတနာတစ်ပါးဖြစ်တယ်ဆိုတာမျိုးက ဖြစ်သင့်ပေမဲ့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်က အင်မတန်မြင့်မားပါတယ် သာမန်ပုထုဇဉ် ခင်ဗျားတို့ကျနော်တို့ထက် အများကြီးမြင့်ပါတယ်ဆိုတဲ့ စကားကတော့ အလွန်အကျွံဖြစ်သွားပါပြီ။ ဒါကြောင့် ပုဂ္ဂိုလ်ရေးကိုးကွယ်လွန်းသူကြီးကို အကြံပြုလိုတာက သာသနာရေးဝန်ကြီးပီပီ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဆိုတဲ့ဝေါဟာရတွေရဲ့ အနက်အဓိပ္ပါယ်ကို ပြန်လည်လေ့လာဖို့နှင့် သာမန်ပုထုဇဉ်ထက် မြင့်မားတယ်ဆိုတဲ့ စကားလုံးက ဘယ်အထိရောက်သွားသလဲဆိုတာရယ် ...
သတင်း

မန်း မဟော်သဓာ ကလေးငယ်များနှင့်အတူ”

တန်ဆောင်မုန်းလဆန်း(၃)ရက် 22.10.2017 ရက်နေ့ ညနေ ၃း၀၀ နာရီ မန္တလေး ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာရှိ မန်း မဟော်သဓာ ကျောင်းမြေနေရာမှာ ကျင်းပပါတယ်။ ကျောက်ချောကျေးရွာနေ ကလေးငယ်များအား နေ့စဉ် ညတိုင်း ဘုရားရှိခိုးဖို့ နမောတဿ အမြဲရွတ်ဆိုဖို့ သရဏဂုံမြဲဖို့ တိုက်တွန်းပြီး ငါးပါးသီလဆောက်တည်ခိုင်းပါတယ်။ ၄င်းနောက် ကလေးငယ်များအား လွယ်အိတ်၊ ဗလာစာအုပ်၊ ကွန်ပါဗူး၊ ဘော့ပင်၊ ထီး စတာတွေကို မဲနှိုက် လှူဒါန်းပြီး ရေခဲမုန့်ကျွေးပါတယ်။ ကလေးငယ်လေးများနှင့်အတူ မိဘပြည်သူများကိုလည်း ကံစမ်းမဲဖြင့် လှူဒါန်းခြင်း ရေခဲမုန့်ကျွေးခြင်းများ ...
သတင်း

လုပ်သင့်တာကြာပါပြီ

လုပ်သင့်တာကြာပါပြီ။ ကျောင်းဆရာ ဆရာမတွေ ရဲသား စစ်သားတွေ အားလုံးသော ဝန်ထမ်းကောင်းတွေကို ကာယကံမေတ္တာ ဝစီကံမေတ္တာတွေနဲ့ ကျေးဇူးဆပ်နိုင်ကြပါစေ ************************************************* ၂၉.၁၀.၂၀၁၇ ရက် နေ့တွင် ရန် ကုန် မြို့၌ ကျင်းပ ပြုလုပ် မည့်  မြန် မာ့တပ် မ တော် ထောက် ခံပွဲနှင့်  နိုင် ငံ့ဝန် ထမ်း ကောင်းများအား ထောက် ခံပွဲအား ကျင်းပနိုင် ရန် ဗဟန် ...
သတင်း

“ဒီမိုကရေစီ(၁)” သခင်ဘသောင်း

အမှာစကား ဒီမိုကရေစီဆိုတဲ့စာအုပ်လေးကို အရင်က သခင်ဘသောင်းကရေးပြီး ဒီမိုကရေစီစာအုပ်တိုက်က ၁၉၅၄ ခုနှစ်မှာ ထုတ်ခဲ့တာပါ။ သာမာမန်ပြည်သူလူထု အတွင်း ဒီမိုကရေစီရဲ့ အနက်အဓိပ္ပါယ်၊ သဘောတရားတွေကို ကောင်းကောင်းနားမလည်တဲ့သူတွေများနေသေးလို့ ထုတ်ဝေခဲ့တာပါ။ ဒီမိုကရေစီဆိုတာ မြန်မာနိုင်ငံက လူတွေအတွက်တင်မကဘဲ လူတွေအားလုံးအတွက် အရေးကြီးပါတယ်တဲ့။ ဒီမိုကရေစီယဉ်ကျေးမှု ဒီမိုကရေစီသဘောတရားတွေကို နိုင်ငံရေးသမားတွေ ခေါင်းဆောင်တွေတင် သိဖို့နားလည်ဖို့လိုတာ မုဟတ်ပါဘူး သာမာန် သူလိုကိုယ်လို ရပ်သူရွာသားတွေလည်း သိဖို့လိုပါတယ်တဲ့။ ဒီမိုကရေစီစနစ်ကို ထူထောင်မယ်ဆိုရင် ပြည်သူလူထုရဲ့ အသိအမြင် အတွေးအခေါ်တွေဟာ မြင့်မားနေဖို့ လိုတယ်ဆိုတာ ပြောဖို့တောင် မလိုပါဘူး။ ဒီလိုမြင့်မားနေဖို့ဆိုရင် ...
သတင်း

မတရားသူက တရားသူကို မတရားစွဲ မတရားအဖွဲ့က တရားသူကို မတရားလုပ်

လှိုင်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှုး အဖြစ်မှ သိက္ခာရှိစွာ နှုတ်ထွက်လိုက်ပါပြီ တာဝန်ထမ်းဆောင်တဲ့အချိန် တစ်နှစ်ခွဲကျော် ကာလအတွင်းမှာ တစ်ပြားတစ်ချပ်မှ မယူခဲ့ပဲ မိမိပိုင် ပိုက်ဆံများစွာဖြင့် ရပ်ကွက်အပေါ် များစွာ အကျိုးပြုခဲ့သည်ကို ရပ်ကွက်နေ ပြည်သူလူထူ အတွင်းသို့ စုံစမ်းမေးမြန်းနိုင်ပါသည် ကျွန်တော်သည် မည့်သည့် ပါတီဝင်မှ မဟုတ်သလို အုပ်ချုပ်ရေးမှုးလဲ တစ်ခါမှ လုပ်ခဲ့ဖူးခြင်း မရှိပါ နိုင်ငံရေးသမားလဲ မဟုတ်ပါ ဒါပေမယ့် ကျွန်တော်သည် လှိုင်(၁)ရပ်ကွက်ရဲ့ ငယ်မွေးခြံပေါက်ဖြစ်ပါသည် ရပ်ကွက်အကြောင်းကို အစ အဆုံးသိပါသည် လှိုင် (၁)ရပ်ကွက်ကို မည်သူ အုပ်ချုပ်ရေးမှုး လုပ်သည့် အချိန်မှာ ပြောင်းလဲ မှုရှိသလဲ ဆိုတာကို လက်ရှိ အုပ်ချုပ်နေသည့် တည်ဆဲ အစိုးရသော်၎င်း လက်ရှိ ...
မုဒိတာရပ်ဝန်းသတင်း

“မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၆၈)”

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် မိုးကုတ်ရိပ်သာ ဦးကောသလ္လမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (24.10.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၈,၁၂၅,၅၀၀ိ ကျပ်။ ...