သတင်း

ရန်ကုန်တိုင်းရဲ့ တရားစီရင်ရေးမဏ္ဍိုင်

တရားဥပဒေစိုးမိုးရေးလို့ ကြွေးကြော်ပြီးတက်လာတဲ့အစိုးရရဲ့လက်ထက်မှာ တရားသူကြီးတွေလည်း ဖိအားအမျိုးမျိုးနဲ့ကြုံနေရပြီ။ သံဃာရောပြည်သူပါ အစိုးရရဲ့အနိုင်ကျင့်မှုကို ခံနေရတာပါ။

ဟိုတလောက တရားသူကြီးကတော်တစ်ယောက် စာရေးသူထံ လာရောက်ရင်ဖွင့်ပါတယ်။ တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးတဲ့ လူစိမ်းတစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူ တရားသူကြီး စိတ်ပျက်နေကြောင်း၊ အလုပ်ထွက်ချင်ကြောင်း၊ ဆိုက္ကားနင်းရနင်းရ၊ ကူလီထမ်းရထမ်းရ ထွက်တော့မှာဖြစ်ကြောင်း လျှောက်ထားသွားတာပါ။ အလားတူ အခြားတရားသူကြီးတွေလည်း သူ့ခင်ပွန်းလိုခံစားနေရကြောင်း၊ အာဏာရှင်အစိုးရထက်ကို ဆိုးနေကြောင်း ရင်ဖွင့်သွားတာပါ။

သူတို့ကြည့်မရလို့ တစ်ယောက်ယောက်ကို စမကနဲ့ စွဲတော့မယ်ဆိုရင် ဥပဒေစကားတွင်တွင်တွေပြောလာတတ်ပြီး သူတို့က တာဝန်ယူရမည့်အရာတွေ တာဝန်ခံရမည့်အရာတွေမှာဆိုရင်တော့ ဥပဒေပြဋ္ဌာန်းချက်တွေဟာ သူတို့အတွက်မဟုတ်တော့သလို သူတို့ကပဲ ဥပဒေကင်းလွတ်ခွင့်ရတဲ့ သီးခြားလူတန်းစားတစ်ရပ်လို ချိုးနေတာမျိုးတွေ တွေ့ရတော့တာပါ။

မင်္ဂလာတောင်ညွန့်ကိစ္စမှာ ၅၀၅(ဂ)အရောင်ပြပြီး စမကပုဒ်မတပ်လိုက်ပါတယ်။ ၄င်းတို့ရဲ့ဖိအားကြောင့် ရဲတွေနှင့် ရပ်ကွက်လူကြီးတွေ မတရားသက်သေထွက်ဆိုရပါတော့တယ်။

လာမည့် 27.10.2017 ရက်နေ့မှာ မင်္ဂလာတောင်ညွန့် အမှုတွဲအားလုံး စွဲချက်တင်သင့် မတင်သင့် အမိန့်ချမှတ်တော့မှာပါ။

မြို့နယ်အုပ်ချုပ်ရေးမှူး နယ်ပြောင်းသွားလို့ စာရောက်မလာလို့ဆိုကာ အချုပ်သားတွေကို အပြင်ခေါ်ထုတ်လိုက် အတွင်းပြန်သွင်းလိုက်နှင့် လုံးဝမစစ်ဆေးဘဲ လေးငါးချိန်းမက အချိန်ဆွဲ ထားခဲ့ရာမှ အခုဆိုရင် 20.10.2017 ရက်နေ့က ၄င်းအုပ်ချုပ်ရေးမှူးရဲ့ စာနှင့်သက်သေထွက်ဆိုမှုကြောင့် အချုပ်သားတို့ရဲ့ ရှေ့နေများက လျှောက်လွှဲချက်တင်နိုင်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ လုံးဝမပါ အခင်းဖြစ်ရာ တောင်ညွန့် မြယာကုန်းမှာလည်း လုံးဝမရှိ ရဲတွေနှင့်အတူ တိုက်ပေါ်တက် ရှာဖွေစစ်ဆေးတဲ့အထဲမှာလည်း လုံးဝမပါတဲ့ တင်လင်းထိုက်နှင့် တင်ဌေးအောင်တို့ကို မီဒီယာဖိအားနှင့် အနီအနက်ဖိအားတွေကြောင့် အချုပ်ထဲထည့်ထားတာ ငါးလကျော်ပါပြီ။

ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးတို့ကလည်း အမှန်အတိုင်းထွက်ဆိုပေးထားပါတယ်။ တင်လင်းထိုက်နှင့် တင်ဌေးအောင်တို့ကို သူတို့မသိကြောင်း အခင်းဖြစ်တဲ့နေရာမှာလည်း မတွေ့မမြင်ကြောင်း တိုက်ပေါ်တက်ရှာဖွေတဲ့အထဲမှာလည်း မပါဝင်ကြောင်း ထွက်ဆိုသွားတာပါ။

အာဏာရပါတီဖြစ်စေ အာဏာရပါတီရဲ့ မိတ်ဆွေကြီးများဖြစ်တဲ့ မွတ်ဆလင်အင်အားစုကြီးကဖြစ်စေ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကြီးကဖြစ်စေ တရားသူကြီးအပေါ် တစ်စုံတစ်ရာ ဖိအားပေးမှု မရှိခဲ့ဖူးဆိုရင် သို့မဟုတ် တရားသူကြီးကိုယ်တိုင်က ဘယာဂတိမလိုက်စားဘဲ ရဲရဲဝံ့ဝံ့ ဥပဒေအတိုင်း တရားသူကြီးရဲ့ လုပ်ပိုင်ခွင့်နှင့် ဆင်ခြင်တုံးတရားအရ စီရင်မယ်ဆိုရင် အပြစ်မဲ့ပြည်သူနှစ်ဦး အရှင်းလွတ်မြောက်လာမှာပါ။

သို့သော် တရားဥပဒေစိုးမိုးရေးဆိုတဲ့စကားက မဲဆန္ဒရဖို့အတွက်သက်သက်သာ ရည်ရွယ်ခဲ့တာဖြစ်လေတော့ အပြစ်မဲ့ပြည်သူနှစ်ဦး ပြည်သူ့အစိုးရကြီးရဲ့ အနိုင်ကျင့်မှုကို ခံရဦးမှာပေါ့ဗျာ။

တကယ်လို့သာ ဒီလူငယ်လေးတွေနေရာမှာ အနီတစ်ကောင်စ နှစ်ကောင်စ ဖြစ်နေခဲ့သော် ဒီအမှုဟာ အိမ်ဖြူတော်ထိ ရောက်ပြီပေါ့ဗျာ။ ကုလသမဂ္ဂထိ ရောက်ပြီပေါ့ဗျာ။ အခုတော့လည်း ဒီအမှုကို Wira Thu ဖေးဘုတ်ကနေပဲ နားပါသူများ ကြားကြပါစေသား၊ မျက်စိပါသူများ မြင်ကြပါစေသား ဆန္ဒတစ်ခုတည်းနှင့်သာ နှစ်သိမ့်နေရပါတော့တယ်ဗျာ။

ပို့စ်အဟောင်းလေးကို ပူးတွဲတင်ပြလိုက်ပါတယ်။
စုံစမ်းမေးမြန်းနိုင်ပါတယ်။

မပွင့်ဝါစိုး(တင်လင်းထိုက်၏ဇနီး)-09.257777547

========================================================

တရားဥပဒေစိုးမိုးရေးမယ်မယ်ကြီးသိစေရန်
*****************************************

နာမည်ကြီးမင်္ဂလာတောင်ညွန့်ဖြစ်ရပ်မှာ အဖမ်းခံထားရတဲ့ အမျိုးသားရေးသမားတွေကို ရုံးထုတ်ပြီး လုံးဝမစစ်ဆေးဘဲ ပြန်လွှတ်နေတာ လေးချိန်းရှိပါပြီ။ လိုပြသက်သေငါးဦးထဲက နောက်ဆုံးတစ်ဦးဖြစ်သူ တောင်ညွန့်အုပ်ချုပ်ရေးမှူး မလာနိုင်တာကြောင့်ပါ။ ကချင်ပြည်နယ်ပြောင်းသွားလို့ မလာနိုင်တာလို့ တရားသူကြီးက ဆိုပါတယ်။

မစစ်ဘဲပြန်လွှတ်တဲ့ နှစ်ပတ်မြောက်မှာ လူမလာနိုင်လည်း စာနဲ့သက်သေထွက်ဖို့ စီစဉ်ပေးမယ်လို့ တရားသူကြီးက ဆိုပေမယ့် ခုဆိုရင် စာလည်းမလာ လူလည်းမရောက်တာ လေးပတ်ရှိပါပြီ။ လိုပြသက်သေကို ပယ်ပေးဖို့ တင်ပြပေမယ့် တရားလိုဘက်ကသက်သေဖြစ်တာကြောင့် ပယ်လို့မရဘူးလို့ဆိုပါတယ်။ ငါးဦးလုံးကို ၅၀၅ (ဂ)နဲ့ စွဲဆိုထားပြီး အချုပ်ခံထားရတာ မေလ ၁၅ ရက်နေ့ကတည်းက ဖြစ်တာကြောင့် အခုဆိုရင် ငါးလပြည့်ဖို့ လေးရက်ပဲ လိုပါတော့တယ်။

တရားသူကြီးဟာ အမျိုးသားရေးသမားတွေကို ထောင်ထဲမှာရေရှည်နေစေချင်လို့ တမင်ဆွဲထားတာလား သူ့စိတ်ဆန္ဒနဲ့ လုပ်ခွင့်မရလို့ အခုလို ညှဉ်းထားတာလားဆိုတာ မသိနိုင်ပေမယ့် ဝင်းကိုလတ်တို့အမှုမှာတော့ ဥပဒေအထက်မှာ ထောင်ထွက်ကျေးဇူးရှင်ကြီး အမိန့်ရှိနေတာကြောင့် ခြောက်လချလိုက်ရတာလို့ သိရပါတယ်။ ငါးဦးထဲမှာ အကြီးကောင်၊ တင်လင်းထိုက်၊ မြတ်ဘုန်းမိုရ်တို့ဟာ တောင်ညွန့်အခင်းဖြစ်စဉ်မှာ မပါဝင်ခဲ့သလို တိုက်ပေါ်တက်ရှာတာနဲ့ လူစုလူဝေးထဲမှာလည်း လုံးဝမရှိခဲ့ပါဘူး။

ဒါပေမဲ့ သာကေတကိစ္စ အငြှိုးအတေးကြောင့် အခုလို စမကပုဒ်မတပ်ပြီး အနီနဲ့အနက်တွေက ထောင်ထွက်ကျေးဇူးရှင်ကြီး အားကိုးနဲ့ လက်တုန့်ပြန်လိုက်တာပဲဖြစ်ပါတယ်။ အခုဆိုရင် ၁၆ ရက်နေ့နဲ့ ၂၀ရက်နေ့တွေမှာ ရုံးချိန်းခေါ်ထားပြန်ပါပြီ။
မြို့နယ်တရားသူကြီး( ၁) ဦးခင်ကျော်ဟာ ဥပဒေလမ်းကြောင်းအတိုင်းပဲ သွားမလား ထောင်ထွက်ကျေးဇူးရှင်ကြီးအမိန့်အတိုင်း စီရင်မလားဆိုတာ မြန်မာ့နိုင်ငံရေးရဲ့ ငွေရောင်ပိတ်ကားပေါ်က စီရင်ထုံးကို စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ အာဏာရှင်တွေ ဥပဒေမလေးစားတာကတော့ ပြောစရာလိုမယ်မထင်ပါဘူး။

အာဏာရှင်ဖြစ်နေလို့ပါ။ ကျေးဇူးရှင်ကြီး ဥပဒေမလေးစားတာကတော့ အတော်ဆန်းတယ်ဗျာ။ ဘာကြောင့်လဲဆိုတော့ တရားဥပဒေစိုးမိုးရေးမယ်တော်ကြီးရဲ့သားတစ်ဦး ဖြစ်နေပြီး ပြည်သူနဲ့အတူလို့ကြွေးကြော်ထားတာကြောင့်ပါ။ အာဏာရှင်ပဲဖြစ်ဖြစ် မာယာရှင်ပဲဖြစ်ဖြစ် အတ္တကိုရှေ့တန်းတင်နေသရွေ့ သူတို့အားလုံးဟာ အာဏာယစ်မူးတတ်တဲ့ ပုထုဇဉ်သဘာဝကိုဖော်ကြူးနေဦးမည်ဆိုတာ၊ ဘာမှမကွာဘူးဆိုတာ ပြည်သူတွေ သိထားဖို့လိုပါတယ်ဗျာ။၊

ဝီရသူ( မစိုးရိမ် )
11.10.2017.
am 9:31