သတင်း
“ဒေါင်းလန်းကြီးမှာ ထိုင်းဆရာတော်ကြီးနှင့်အတူ”
တပိုတွဲလဆန်း ၈ရက် (8.2.2018) မနက် ၁၀း၃၀ နာရီ မန္တလေး ချမ်းအေးသာစံမြို့နယ်၊ ၃၅လမ်း၊ ၅၇×၅၈လမ်းကြားရှိ ဒေါင်းလန်းကြီး မြန်မာထမင်းဆိုင်မှာ နေ့ဆွမ်းစားကြပါတယ်။
အဝေးကြီးကလာရတဲ့ အာဂန္တုလည်းဖြစ် ကျေးဇူးတရားလည်းကြီးမားသူဖြစ်လို့ စာရေးသူက ဆက်ကပ်ခွင့်တောင်းတာပါ။ ဆရာတော်ကြီးနှင့် တပည့်တွေက သူတို့ပဲ ကပ်လှူပါမယ်ပြောပြီး ဒေါင်းလန်းကြီးမှာ ကြိုတင်ဘွတ်ကင်လုပ်ထားပေးတာပါ။ စာရေးသူ မွဲမှန်းသိလို့ မစားရက်တာနဲ့ တူပါတယ်။
ဆွမ်းမစားခင် သာသနာရေးများ ဆွေးနွေးကြပြီး ဆွမ်းစားည့ီးတဲ့အခါ အလှူငွေများ လှူဒါန်းသွားပါတယ်။ စာရေးသူအတွက် နဝကမ္မ USဒေါ်လာ ၁၂၀၀ နှင့် ဒုက္ခသည်တွေအတွက် US ဒေါ်လာ ၂၀၀ လှူသွားတာပါ။
ဒေါင်းလန်းကြီးကလည်း စားလို့ကောင်းပါတယ်။ ဆရာတော်ကြီးနှင့်လည်း စကားပြောလို့ ကောင်းပါတယ်။ ထိုင်းပြည်သူတွေကလည်း သဘောကောင်းကြပါတယ်။ မင်္ဂလာရှိသော ဥပုသ်နေ့လေးပါ။